• Follow Us on

Home မိုးေကာင္းၿမိဳ႕၌ ျပည္ေထာင္စု ေရြးေကာက္ပြဲ ေကာ္မရွင္ကို အလိုမရွိေၾကာင္း စီတန္းလွည့္လည္ ဆႏၵထုတ္ေဖၚ

မိုးေကာင္းၿမိဳ႕၌ ျပည္ေထာင္စု ေရြးေကာက္ပြဲ ေကာ္မရွင္ကို အလိုမရွိေၾကာင္း စီတန္းလွည့္လည္ ဆႏၵထုတ္ေဖၚ

Share this post

မိုးေကာင္း၊ ဒီဇင္ဘာ ၂၂ (People Media)
မိုးေကာင္းၿမိဳ႕တြင္ ျပည္ေထာင္စု ေရြးေကာက္ပြဲေကာ္မရွင္အား အလိုမရွိေၾကာင္း ၿငိမ္းခ်မ္းစြာ စီတန္းလွည့္လည္၍ ဆႏၵထုတ္ေဖၚျခင္းကို ယေန႔ နံနက္ပိုင္းက ျပဳလုပ္ခဲ့ၾကသည္။
ကခ်င္ျပည္နယ္ မိုးေကာင္းၿမိဳ႕ ေနာင္ကိုင္ေတာ္ရပ္ သာယာေရးအုပ္စုမွ ဦးတင္ေငြႏွင့္ မေဟာင္အုပ္စုမွ ဦးစိန္လွိုင္ တို႔ႏွစ္ဦးမွ ဦးေဆာင္၍ ၂၀၂၀ခုႏွစ္ ေရြးေကာက္ပြဲဆိုင္ရာ ျပည္ေထာင္စု ေရြးေကာက္ပြဲ ေကာ္မရွင္၏ ျပဳမူ ေဆာင္ရြက္ခ်က္မ်ားတြင္ အားနည္းခ်က္မ်ားရွိေၾကာင္း အမ်ားျပည္သူ သိရွိနိုင္ရန္ တည္ဆဲ ၿငိမ္းစုစီ ဥပေဒ အခန္း(၅)၊ပုဒ္မ (၈၊ ၉၊ ၁၀၊ ၁၁၊ ၁၂)ပါစည္းကမ္းမ်ားႏွင့္ ကိုဗစ္-၁၉ စည္းကမ္းမ်ားႏွင့္ အညီ ဒီဇင္ဘာ (၂၂) ရက္ နံနက္(၈)နာရီတြင္ လူဦးေရ (၃၀)ဦး ျဖင့္ ျပည္ေထာင္စု ေရြးေကာက္ပြဲ ေကာ္မရွင္အား အလိုမရွိေၾကာင္း ၿငိမ္းခ်မ္းစြာ စီတန္းလွည့္လည္၍ ဆႏၵထုတ္ေဖၚၾကသည္။
“ျပည္ေထာင္စု ေရြးေကာက္ပြဲ ေကာ္မရွင္ အေနနဲ႔ ၂၀၂၀ ေရြးေကာက္ပြဲ ကို က်င္းပရာမွာ မမွန္ကန္ဘူး ထင္လို႔ ဆႏၵေဖၚထုတ္တာျဖစ္ပါတယ္”လို႔ ဆႏၵျပေခါင္းေဆာင္တစ္ဦးျဖစ္သူ ဦးစိန္လွိုင္မွ ဆိုသည္။
အဆိုပါ လွည့္လည္ရာတြင္
၁။ မသမာေသာနည္းျဖင့္ အာဏာယူရန္ႀကိဳးပမ္းမႈအား ဆန႔္က်င္ၾက ဆန႔္က်င္ၾက။
၂။ ႀကိဳတင္မဲမ်ား စစ္ေဆးေပးေရး ဒို႔အေရး ဒို႔အေရး။
၃။ တရားမၽွတေသာ ေရြးေကာက္ပြဲျဖစ္ေရး ဒို႔အေရး ဒို႔အေရး ။
၄။ မဲဆႏၵရွင္စာရင္း စစ္ေဆးေပးေရး ဒို႔အေရး ဒို႔အေရး ။
၅။ ေရြးေကာက္ပြဲဆိုင္ရာ တရားမဲ့ျပဳက်င့္မႈမ်ား ဆန႔္က်င္ၾက ဆန႔္က်င္ၾက။
၆။ မွန္ကန္မၽွတမႈမရွိသည့္ ေရြးေကာက္ပြဲ ေကာ္မရွင္ အလိုမရွိ အလိုမရွိ။
၇။ ဥပေဒႏွင့္မညီေသာ ေရြးေကာက္ပြဲရလဒ္ အလိုမရွိ အလိုမရွိ။
၈။ ကိုဗစ္ေငြေၾကး မဲဆြယ္ေပး အလိုမရွိ အလိုမရွိ။
၉။ မဲခိုးမႈမ်ားစစ္ေဆးေပးေရး ဒို႔အေရး ဒို႔အေရး ။
၁၀။ မဲလိမ္ မဲခိုးမႈမ်ား အလိုမရွိ အလိုမရွိ။
၁၁။၂၀၂၀ ေရြးေကာက္ပြဲ ေကာ္မရွင္ အလိုမရွိ အလိုမရွိ။
၁၂။ လြပ္လပ္ေသာစုံစမ္းစစ္ေဆးေရး ေကာ္မရွင္ ဖြဲ႕စည္းေပးေရး ဒို႔အေရး ဒို႔အေရး ဟူေသာ လက္ကိုင္ ဆိုင္းဘုတ္ႏွင့္ ဗြီနိုင္းပိုစတာမ်ားကိုကိုင္ေဆာင္ကာ ျပည္ေထာင္စု ႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီ႐ုံးေရွ႕ေျမကြက္လပ္တြင္ စတင္စု႐ုံးၿပီး ထိုမွတဆင့္ ျပည္ေထာင္စုလမ္းမႀကီးတစ္ေလၽွာက္ မီးပြိဳင့္လမ္းေထာင့္၊ေဆး႐ုံလမ္းေထာင့္ ထိုမွ ဆမားဒူဝါခြန္ဆိုင္းလီလမ္းတစ္ေလၽွာက္လွည့္လည္ကာ အရန္မီးသတ္တပ္ဖြဲ႕႐ုံးလမ္းေထာင့္ျပန္ခ်ိဳးၿပီး ထိုမွ ဦးဖိုးေစာ လမ္းအတိုင္း ၿမိဳ႕တစ္ပတ္ လွည့္လည္ၾကကာ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ ဖြံ့ၿဖိဳးေရးပါတီ႐ုံးသို႔ျပန္လည္ ဝင္ေရာက္ၾကသည္။
ထို႔ေနာက္ အဆိုပါအဖြဲ႕သည္ ကိုဗစ္စည္းကမ္းမ်ားႏွင့္ အညီ ျပည္ ေထာင္စုႀကံ့ခိုင္ေရးႏွင့္ ဖြံ့ၿဖိဳးေရးပါတီ႐ုံးေရွ႕ ေျမကြက္လပ္တြင္ နံနက္ (၁၀)နာရီအထိ ထိုင္လၽွက္ ဆႏၵ ေဖၚထုတ္ခဲ့ၾကသည္။
ခ်ိဳေမာင္
#PeopleMedia #UEC #မိုးေကာင္းၿမိဳ႕
(unicode)
မိုးကောင်းမြို့၌ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကို အလိုမရှိကြောင်း စီတန်းလှည့်လည် ဆန္ဒထုတ်ဖေါ်
……………………………………….
မိုးကောင်း၊ ဒီဇင်ဘာ ၂၂ (People Media)
မိုးကောင်းမြို့တွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အား အလိုမရှိကြောင်း ငြိမ်းချမ်းစွာ စီတန်းလှည့်လည်၍ ဆန္ဒထုတ်ဖေါ်ခြင်းကို ယနေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့ကြသည်။
ကချင်ပြည်နယ် မိုးကောင်းမြို့ နောင်ကိုင်တော်ရပ် သာယာရေးအုပ်စုမှ ဦးတင်ငွေနှင့် မဟောင်အုပ်စုမှ ဦးစိန်လှိုင် တို့နှစ်ဦးမှ ဦးဆောင်၍ ၂၀၂၀ခုနှစ် ရွေးကောက်ပွဲဆိုင်ရာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ ပြုမူ ဆောင်ရွက်ချက်များတွင် အားနည်းချက်များရှိကြောင်း အများပြည်သူ သိရှိနိုင်ရန် တည်ဆဲ ငြိမ်းစုစီ ဥပဒေ အခန်း(၅)၊ပုဒ်မ (၈၊ ၉၊ ၁၀၊ ၁၁၊ ၁၂)ပါစည်းကမ်းများနှင့် ကိုဗစ်-၁၉ စည်းကမ်းများနှင့် အညီ ဒီဇင်ဘာ (၂၂) ရက် နံနက်(၈)နာရီတွင် လူဦးရေ (၃၀)ဦး ဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အား အလိုမရှိကြောင်း ငြိမ်းချမ်းစွာ စီတန်းလှည့်လည်၍ ဆန္ဒထုတ်ဖေါ်ကြသည်။
“ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အနေနဲ့ ၂၀၂၀ ရွေးကောက်ပွဲ ကို ကျင်းပရာမှာ မမှန်ကန်ဘူး ထင်လို့ ဆန္ဒဖေါ်ထုတ်တာဖြစ်ပါတယ်”လို့ ဆန္ဒပြခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးစိန်လှိုင်မှ ဆိုသည်။
အဆိုပါ လှည့်လည်ရာတွင်
၁။ မသမာသောနည်းဖြင့် အာဏာယူရန်ကြိုးပမ်းမှုအား ဆန့်ကျင်ကြ ဆန့်ကျင်ကြ။
၂။ ကြိုတင်မဲများ စစ်ဆေးပေးရေး ဒို့အရေး ဒို့အရေး။
၃။ တရားမျှတသော ရွေးကောက်ပွဲဖြစ်ရေး ဒို့အရေး ဒို့အရေး ။
၄။ မဲဆန္ဒရှင်စာရင်း စစ်ဆေးပေးရေး ဒို့အရေး ဒို့အရေး ။
၅။ ရွေးကောက်ပွဲဆိုင်ရာ တရားမဲ့ပြုကျင့်မှုများ ဆန့်ကျင်ကြ ဆန့်ကျင်ကြ။
၆။ မှန်ကန်မျှတမှုမရှိသည့် ရွေးကောက်ပွဲ ကော်မရှင် အလိုမရှိ အလိုမရှိ။
၇။ ဥပဒေနှင့်မညီသော ရွေးကောက်ပွဲရလဒ် အလိုမရှိ အလိုမရှိ။
၈။ ကိုဗစ်ငွေကြေး မဲဆွယ်ပေး အလိုမရှိ အလိုမရှိ။
၉။ မဲခိုးမှုများစစ်ဆေးပေးရေး ဒို့အရေး ဒို့အရေး ။
၁၀။ မဲလိမ် မဲခိုးမှုများ အလိုမရှိ အလိုမရှိ။
၁၁။၂၀၂၀ ရွေးကောက်ပွဲ ကော်မရှင် အလိုမရှိ အလိုမရှိ။
၁၂။ လွပ်လပ်သောစုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းပေးရေး ဒို့အရေး ဒို့အရေး ဟူသော လက်ကိုင် ဆိုင်းဘုတ်နှင့် ဗွီနိုင်းပိုစတာများကိုကိုင်ဆောင်ကာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးရှေ့မြေကွက်လပ်တွင် စတင်စုရုံးပြီး ထိုမှတဆင့် ပြည်ထောင်စုလမ်းမကြီးတစ်လျှောက် မီးပွိုင့်လမ်းထောင့်၊ဆေးရုံလမ်းထောင့် ထိုမှ ဆမားဒူဝါခွန်ဆိုင်းလီလမ်းတစ်လျှောက်လှည့်လည်ကာ အရန်မီးသတ်တပ်ဖွဲ့ရုံးလမ်းထောင့်ပြန်ချိုးပြီး ထိုမှ ဦးဖိုးစော လမ်းအတိုင်း မြို့တစ်ပတ် လှည့်လည်ကြကာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးသို့ပြန်လည် ဝင်ရောက်ကြသည်။
ထို့နောက် အဆိုပါအဖွဲ့သည် ကိုဗစ်စည်းကမ်းများနှင့် အညီ ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးရှေ့ မြေကွက်လပ်တွင် နံနက် (၁၀)နာရီအထိ ထိုင်လျှက် ဆန္ဒ ဖေါ်ထုတ်ခဲ့ကြသည်။
ချိုမောင်
#PeopleMedia #UEC #မိုးကောင်းမြို့


Share this post