• Follow Us on

Home ကားမတော်ဆမှုဖြစ်ရာသို့ ကြည့်ရှုစစ်ဆေးခဲ့သည့် အုပ်ချုပ်ရေးမှူးကို ယာဉ်မောင်းမှ ကိုယ်ထိလက်ရောက် ကျူးလွန်

ကားမတော်ဆမှုဖြစ်ရာသို့ ကြည့်ရှုစစ်ဆေးခဲ့သည့် အုပ်ချုပ်ရေးမှူးကို ယာဉ်မောင်းမှ ကိုယ်ထိလက်ရောက် ကျူးလွန်

Share this post

EPN
မြစ်ကြီးနား၊ စက်တင်ဘာ ၂၈

မြစ်ကြီးနားမြို့၊ မြေမြင့်ရပ်ကွက်၊ မိုင်တဲ့ကွေ့အနီးတွင် ကားမတော်ဆမှုဖြစ်ရာသို့ ကြည့်ရှုစစ်ဆေးခဲ့သည့် မြေမြင့်ရပ်ကွက် အုပ်ချုပ်ရေးမှူးကို ယာဉ်မောင်းမှ ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့မှုဖြစ်ပွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ မြစ်ကြီးနားမြို့၊ မြေမြင့်ရပ်ကွက်၊ ပြည်ထောင်စုလမ်းမဘေး၊ မိုင်တဲကွေ့တွင် ယနေ့၊ စက်တင်ဘာလ ၂၇ ရက်နေ့၊ နံနက်၎နာရီခန့်က ယာဉ်မောင်း ကျော်မင်းကို မောင်းနှင်လာသည့်ကားမှာ အရှိန်မထိန်းနိုင်ဘဲ ပလက်ဖောင်း ကို ကျော်ပြီး အုတ်တံတိုင်းသို့ တိုက်မိခဲ့ရာ အဆိုပါနေရာသို့ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့မှ လာရောက် ကြည့်ရှုစစ်ဆေးခဲ့ရာတွင် ယာဉ်မောင်းဖြစ်သူမှ ၄င်းအား ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့ကြောင်း မြေမြင့်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမောင်မောင်ကြည်ထံ သိရသည်။

“ယာဉ်မောင်းက အရက်တော်တော်မူးနေတယ်၊ တွေ့သမျှလူကို ရန်လုပ်နေတယ်၊ ကျနော့်ကိုလဲ လက်သီးနဲ့ ထိုးပါတယ်၊ ပြီးတော့ မင်းတို့အကုန်လုံးကို တန်းစီပါးရိုက်ပစ်မယ်လို့လဲပြောပါတယ်” ဟု အုပ်ချုပ်ရေးမှူး ဦးမောင်ကြည်က ဆိုသည်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး မြေမြင့်အုပ်ချုပ်ရေးမှူး ဦးမောင်ကြည်မှ ယာဉ်မောင်းကျော်မင်းကို ၄င်းအား ကိုယ်ထိလက်ရောက် စော်ကားမှုဖြင့် အမှတ်(၂)ရဲစခန်း တွင် အမှုဖွင့်တိုင်ကြားထားကြောင်း သိရပြီး လက်ရှိတွင် အဆိုပါယာဉ်မောင်းအား ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးတွင် မေးမြန်းစစ်ဆေးနေကြောင်း သိရသည်။

မီးမီး


Share this post