• Follow Us on

Home ကိုဂျင်မီအပါအဝင် ဖမ်းဆီးထားသူများ ပြန်လွှတ်ပေးရန် UK နှင့် US သံရုံးများ တောင်းဆို

ကိုဂျင်မီအပါအဝင် ဖမ်းဆီးထားသူများ ပြန်လွှတ်ပေးရန် UK နှင့် US သံရုံးများ တောင်းဆို

Share this post

ရန်ကုန်၊ အောက်တိုဘာ ၂၆ (People Media)

 

၈၈ ကျောင်းသားခေါင်ဆောင်တစ်ဦးဖြစ်သူ ကိုဂျင်မီအပါအဝင် ဖမ်းဆီးထားသူများအားလုံး ပြန်လွှတ်ပေးရန် မြန်မာနိုင်ငံဆိုင်ရာ UK သံရုံးနှင့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးတို့မှ ထုတ်ပြန်လိုက်သည်။

 

ကိုဂျင်မီအပါအဝင် အခြားဖမ်းဆီးထိန်းသိမ်းခံရသူများသည် မြန်မာစစ်အာဏာရှင်၏ လုပ်ရပ်များကြောင့် ပြင်းထန်စွာထိခိုက်ဒဏ်ရာရသောသတင်းများနှင့် ပတ်သက်ပြီး ကျွန်တော်တို့ အလွန်အမင်းစိုးရိမ် ထိတ်လန့်မိပါသည်။ စစ်အာဏာရှင်အနေဖြင့် မြန်မာပြည်သူများ၏ ဆန္ဒကိုလေးစားပြီး မတရားဖမ်းဆီး ချုပ်နှောင်ခံထားရသူအားလုံးကို ပြန်လွှတ်ပေးရန် ကျွန်တော်တို့ ဆက်လက်တောင်းဆိုပါသည်ဟု မြန်မာ နိုင်ငံဆိုင်ရာ UK သံရုံးမှ ထုတ်ပြန်လိုက်သည်။

 

ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးမှလည်း လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ဆက်လက်ဖမ်းဆီးနေမှုများ၊ ကိုဂျင်မီအပါအဝင် ဒီမိုကရေစီလိုလားသူများနှင့် လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများအပေါ် မတရား ဖိနှိပ်နေမှုသတင်းများကြောင့် မိမိတို့ အလွန်အမင်းစိုးရိမ်မိကြောင်း၊ စစ်အာဏာသိမ်းပြီးချိန်ကစ၍ မတရား ဖမ်းဆီးထိန်းသိမ်းခံထားရသောသူများကို ပြန်လွှတ်ပေးရန်စစ်အာဏာရှင်ကို မိမိတို့ဆက်လက်တိုက်တွန်းပြီး လုံလောက်သောဆေးဝါးကုသခွင့် ချက်ချင်းပံ့ပိုးပေးရေးအပါအဝင် ဖမ်းဆီးထိန်းသိမ်းခံထားရသူတို့၏ ဂုဏ်သိ က္ခာနှင့် အခြေခံလူ့အခွင့်အရေးများကို လေးစားလိုက်နာရန်မိမိတို့တောင်းဆိုကြောင်း၊ မြန်မာပြည်သူတို့လိုလား တောင်းတနေသော ဒီမိုကရေစီစနစ်ကို နောက်ပြန်လှည့်စေ၍ ဖိနှိပ်နိုင်ရန်အလို့ငှာ အကြမ်းဖက်မှုကို ဆက် လက် အသုံးချနေခြင်းအတွက် စစ်အာဏာရှင်အနေဖြင့် တာဝန်ယူမှု၊ တာဝန်ခံမှုရှိလာစေရန် အမေရိကန်ပြည် ထောင်စုက ကတိကဝတ်ပြုထားဆဲဖြစ်ကြောင်း ထုတ်ပြန်လိုက်သည်။

 

Photo – U.S. Embassy Rangoon

 

#PeopleMedia #ကိုဂျင်မီ #Political

 

(unicode)


……………………………………………………………

 


 


 


 


 

Photo – U.S. Embassy Rangoon

 



Share this post