• Follow Us on

Home ဆူဒန်စစ်အာဏာသိမ်းမှုကို အမေရိကန်ပြစ်တင်ရှုတ်ချလိုက်ပြီး ဆူဒန်နိုင်ငံအတွက်ကူညီရန် စီစဉ်ထားသည့် ဒေါ်လာသန်း ၇၀၀ အား ဆိုင်းငံ့ထား

ဆူဒန်စစ်အာဏာသိမ်းမှုကို အမေရိကန်ပြစ်တင်ရှုတ်ချလိုက်ပြီး ဆူဒန်နိုင်ငံအတွက်ကူညီရန် စီစဉ်ထားသည့် ဒေါ်လာသန်း ၇၀၀ အား ဆိုင်းငံ့ထား

Share this post

နိုင်ငံတကာ၊ အောက်တိုဘာ ၂၆ (People Media)

 

ဆူဒန်နိုင်ငံတွင် အရပ်သားအစိုးရကို စစ်အာဏာသိမ်းလိုက်သဖြင့် ဆူဒန်စစ်အာဏာသိမ်းအုပ်စုကို အမေရိကန် အစိုးရက ပြစ်တင်ရှုတ်ချလိုက်ပြီးနောက် ဆူဒန်နိုင်ငံအတွက်အကူအညီပေးရန် ပြင်ဆင်ထားသည့် ဒေါ်လာ သန်း ၇၀၀ ကို ဆိုင်းငံ့ထားလိုက်ကြောင်းသိရသည်။

 

ဆူဒန်စစ်တပ်က ဝန်ကြီးချုပ်အဗ္ဗဒူလာဟမ်းဒတ်နှင့် ထိပ်တန်းခေါင်းဆောင်များကို ဖမ်းဆီးထိန်းသိမ်းလိုက်ပြီး နောက် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သောဆန္ဒပြပွဲများဖြစ်ပွားခဲ့သည်။ ဆန္ဒပြသူများကို ဆူဒန်စစ်တပ်က ပစ် ခတ်နှိမ်နှင်းခဲ့ရာ အနည်းဆုံး သုံးဦးသေဆုံးခဲ့ပြီး တစ်ဒါဇင်ကျော်ဒဏ်ရာရရှိခဲ့ကြောင်း ဆူဒန်ဆရာဝန်များကော်မ တီကပြောသည်။

 

ဆူဒန်နိုင်ငံ၏ အကူးအပြောင်းကာလ ဒီမိုကရေစီအစိုးရအတွက် ကူညီထောက်ပံ့ရန် စီစဉ်ထားသည့် အရေးပေါ် ရန်ပုံငွေများကို ရပ်တန့်လိုက်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကပြောသည်။ အာဏာသိမ်းစစ်တပ် က အရပ်သားအစိုးရထံအာဏာပြန်လည်လွှဲပြောင်းခြင်းမပြုလုပ်ဘဲ နောက်ထပ်အကူအညီများထပ်မံထောက်ပံ့ ပေးမည်ဆိုပါက အန္တရာယ်ရှိကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရပုဂ္ဂိုလ်နက်ဒ်ပရိုက်စ်ကပြောသည်။

 

“အရပ်သားဦးဆောင်တဲ့ အကူးအပြောင်းကာလဒီမိုကရေစီအစိုးရကိုဖြုတ်ချပစ်လိုက်တာကို ကျွန်တော်တို့ ပြင်း ပြင်းထန်ထန် ကန့်ကွက်ရှုတ်ချပါတယ်။ အရပ်သားအစိုးရထံကို အာဏာပြန်လည်လွှဲပြောင်းပေးဖို့ ကျွန်တော်တို့ တောင်းဆိုပါတယ်။ ဝန်ကြီးချုပ်အဗ္ဗဒူလာဟမ်းဒတ်နဲ့ ထိပ်တန်းခေါင်းဆောင်တွေကို ဖမ်းဆီးထိန်းသိမ်းတာကို ကျွန်တော်တို့ လက်မခံနိုင်ပါဘူး။” ဟု နိုင်ငံခြားရေးဝန်ကြီးအန်တိုနီဘလင်ကန်က ကြေညာချက်တစ်စောင်တွင် ပြောဆိုခဲ့သည်။

 

“အာဏာသိမ်းစစ်အုပ်စုဟာ အဖမ်းခံရတဲ့သူတွေလုံခြုံရေးအတွက် အာမခံရမှာဖြစ်ပြီး ဖမ်းထားတဲ့သူတွေကို ချက်ချင်းပြန်လွှတ်ဖို့တောင်းဆိုပါတယ်။ စစ်အာဏာသိမ်းမှုဟာ နိုင်ငံရဲ့ ဒီမိုကရေစီအကူးအပြောင်းကို လမ်း ချော်သွားစေပြီး ဆူဒန်နိုင်ငံရဲ့ ငြိမ်းချမ်းတဲ့တော်လှန်ရေးကို သစ္စာဖောက်တာလည်းဖြစ်ပါတယ်။” ဟု ၎င်းက ပြောသည်။

 

ဆူဒန်နိုင်ငံစစ်အာဏာသိမ်းမှုကို ကုလသမဂ္ဂနှင့် ဥရောပသမဂ္ဂအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းက ပြစ်တင် ရှုတ်ချခဲ့ကြသည်။ ကုသမဂ္ဂအဖွဲ့က ဆူဒန်နိုင်ငံစစ်အာဏာသိမ်းမှုနှင့်ပတ်သက်၍ အောက်တိုဘာလ ၂၆ ရက်နေ့ တွင် အရေးပေါ်အစည်းအဝေးကျင်းပရန် စီစဉ်လိုက်သည်။

 

ဆန္ဒပြပြည်သူများကို အကြမ်းဖက်နှိမ်နှင်းမှုနှင့်ပတ်သက်၍ အမေရိကန်အစိုးရက အလွန်အမင်း စိုးရိမ်မိကြောင်း နိုင်ငံခြားရေးဝန်ကြီးအန်တိုနီဘလင်ကန်ကပြောသည်။

 

“ငြိမ်းချမ်းစွာဆန္ဒပြနေတဲ့သူတွေကို ဆူဒန်လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ကျည်စစ်ကျည်မှန်တွေနဲ့ ပစ်ခတ်နေတဲ့ သ တင်းတွေကြားရတာ ကျွန်တော်တို့ အလွန်အမင်းစိုးရိမ်မိပါတယ်။ လုံခြုံရေးတာဝန်ယူထားတဲ့အရာရှိတွေအနေနဲ့ ငြိမ်းချမ်းစွာဆန္ဒပြနေတဲ့သူတွေကို ပစ်ခတ်နေတာတွေကို ရပ်တန်းက ရပ်သင့်ပါတယ်။ အင်တာနက်လိုင်းတွေ ပြန်ဖွင့်ပေးဖို့ကိုလည်း ကျွန်တော်တို့ တိုက်တွန်းပါတယ်” ဟု ၎င်းကပြောသည်။

 

Ref: US condemns Sudan military coup, pauses $700M in aid

 

#PeopleMedia

 

(unicode)


…………………………………………………………………………

 


 


 


 


 


 


 


 


 


 

Ref: US condemns Sudan military coup, pauses $700M in aid

 

#PeopleMedia


Share this post