• Follow Us on

Home ကိုဗစ္ပိုးေတြ႕ လူနာအမွတ္ ၇၈၈ နဲ႔ ေလယာဥ္အတူစီးခဲ့သူ ရွစ္ဦးအနက္ ေလးဦးကို ပူတာအို၌ Quarantine ထားရွိ

ကိုဗစ္ပိုးေတြ႕ လူနာအမွတ္ ၇၈၈ နဲ႔ ေလယာဥ္အတူစီးခဲ့သူ ရွစ္ဦးအနက္ ေလးဦးကို ပူတာအို၌ Quarantine ထားရွိ

Share this post

ပူတာအို၊ စက္တင္ဘာ ၃

ကိုဗစ္-၁၉ ပိုးေတြ႕ လူနာအမွတ္ ၇၈၈ ႏွင့္ ေလယာဥ္အတူစီးခဲ့သည့္ ကခ်င္ျပည္နယ္က လူ(၈)ဦး အနက္ (၄)ဦး ကို ပူတာအို၌ Facilitiy Quatantine အျဖစ္ ယမန္ေန႔ (စက္တင္ဘာ ၂)ေန႔က ထားရွိၿပီျဖစ္ေၾကာင္း ပူတာအို ခ႐ိုင္က်န္းမာေရးၿမိဳ႕နယ္ က်န္းမာေရးဦးစီးဌာန႐ုံးမွ သိရသည္။

အဆိုပါ (၈)ဦးမွာ လူနာအမွတ္ (၇၈၈) ႏွင့္ အတူ ရန္ကုန္ – မႏၲေလး – ပူတာအို ခရီးစဥ္ျမန္မာ့ေလ ေၾကာင္း လႈိင္းျဖင့္ အတူစီးနင္းခဲ့ဖူးသူမ်ား ျဖစ္ၾကၿပီး ေနျပည္ေတာ္မွ သတင္းေပးပို႔ခ်က္အရ လိုက္လံစုံစမ္းခဲ့ရာ ၎တို႔မွာ ပူတာအိုခရိိုင္အတြင္းမွ ျဖစ္ၾကၿပီး ယင္းအနက္ ႏွစ္ဦးမွာ ရန္ကုန္၌ Quarantine ဝင္ေနၿပီျဖစ္ၿပီး ၄ ဦးကို ပူတာအိုၿမိဳ႕တြင္း၌ Facilitiy Quarantine အေဆာင္၌ ထားရွိၿပီျဖစိေၾကာင္း ပူတာအိုၿမိဳ႕နယ္ က်န္းမာေရး ဦးစီးဌာန႐ုံးမွ လက္ေထာက္ၫြန္ၾကားေရးမွဴး ေဒၚရြယ္ဂေရာင္ကဆိုသည္။

”ႏွစ္ေယာက္ကေတာ့ ရန္ကုန္မွာ ေရာက္ေနပါတယ္။ မေန႔ကပဲဖုန္ဆက္ၿပီး ကြာရန္တင္းဝင္ဖို႔ ေျပာထားၿပီ။ က်န္တဲ့ေလးေယာက္ကိုလည္းပို႔ထားၿပီ ေနာက္ထပ္ ႏွစ္ေယာက္ကေတာ့ ေခါင္လန္ဖူးဘက္ကို တက္သြား တယ္။ ဒီေန႔ဆင္းခဲ့ဖို႔ေျပာလိုက္ၿပီ ဒီေန႔ ေရာက္မလားေနာက္ေန႔ေရာက္လာမလားမသိေသးဘူး”ဟု ၎ကေျပာသည္။

ယင္းရွစ္ဦးတြင္ ရန္ကုန္ေရာက္ေနသည့္ႏွစ္ဦးမွာ လုံးစြပ္ဘိုးဘြားရိပ္သာတြင္ ထမင္းခ်က္သူျဖစ္ၾကၿပီး၊ နန္ပါေက်းရြာမွ တစ္ဦး၊ မူလာရွီးဒီမွ တစ္ဦး၊ ေလယာဥ္ကြင္း ရပ္ကြက္မွ တစ္ဦး၊ လုံးစြပ္ရပ္ကြက္မွ တစ္ဦးႏွင့္က်န္ႏွစ္ဦးမွာ မလိခဟိုတယ္တြင္တည္းခိုခဲ့သူမ်ား ျဖစ္ေၾကာင္း သိရသည္။

ေခါင္လန္ဖူးဘက္ သြားလိုက္သည့္ ႏွစ္ဦးကို Quarantine ထားရွိႏိုင္ၿပီဆိုပါက ပူတာအိုရွိ စုစုေပါင္း(၆)ဦး၏ နာေခါင္းတို႔ဖတ္ အာေခါင္တို႔ဖတ္ တို႔ကို အမ်ိဳးသားဓာတ္ခြဲခန္းဌာနသို႔ေပးပို႔သြားမည္ ျဖစ္ေၾကာင္း ပူတာအိုၿမိဳ႕နယ္ က်န္းမာေရးဦးစီးဌာနမွသိရသည္။

လူနာအမွတ္ ၇၈၈ သည္ လက္ရွိမႏၲေလးကန္ေတာ္နီ ေဆး႐ုံႀကီးတြင္ ေဆးကုသမႈခံယူေနသည့္ မင္းၿခံၿမိဳ႕ေ နသူျဖစ္ၿပီး ကိုဗစ္ပိုး႐ိုေၾကာင္း က်န္းမာေရးဝန္ႀကီးဌာနကစက္တင္ဘာ တစ္ရက္ေန႔တြင္ ထုတ္ျပန္ခဲ့သည္။

လြမ္းေအာင္

#PeopleMedia #ပူတာအို

(unicode)
ကိုဗစ်ပိုးတွေ့ လူနာအမှတ် ၇၈၈ နဲ့ လေယာဉ်အတူစီးခဲ့သူ ရှစ်ဦးအနက် လေးဦးကို ပူတာအို၌ Quarantine ထားရှိ
…………………………………………

ပူတာအို၊ စက်တင်ဘာ ၃

ကိုဗစ်-၁၉ ပိုးတွေ့ လူနာအမှတ် ၇၈၈ နှင့် လေယာဉ်အတူစီးခဲ့သည့် ကချင်ပြည်နယ်က လူ(၈)ဦး အနက် (၄)ဦး ကို ပူတာအို၌ Facilitiy Quatantine အဖြစ် ယမန်နေ့ (စက်တင်ဘာ ၂)နေ့က ထားရှိပြီဖြစ်ကြောင်း ပူတာအို ခရိုင်ကျန်းမာရေးမြို့နယ် ကျန်းမာရေးဦးစီးဌာနရုံးမှ သိရသည်။

အဆိုပါ (၈)ဦးမှာ လူနာအမှတ် (၇၈၈) နှင့် အတူ ရန်ကုန် – မန္တလေး – ပူတာအို ခရီးစဉ်မြန်မာ့လေ ကြောင်း လှိုင်းဖြင့် အတူစီးနင်းခဲ့ဖူးသူများ ဖြစ်ကြပြီး နေပြည်တော်မှ သတင်းပေးပို့ချက်အရ လိုက်လံစုံစမ်းခဲ့ရာ ၎င်းတို့မှာ ပူတာအိုခရိုင်အတွင်းမှ ဖြစ်ကြပြီး ယင်းအနက် နှစ်ဦးမှာ ရန်ကုန်၌ Quarantine ဝင်နေပြီဖြစ်ပြီး ၄ ဦးကို ပူတာအိုမြို့တွင်း၌ Facilitiy Quarantine အဆောင်၌ ထားရှိပြီဖြစိကြောင်း ပူတာအိုမြို့နယ် ကျန်းမာရေး ဦးစီးဌာနရုံးမှ လက်ထောက်ညွန်ကြားရေးမှူး ဒေါ်ရွယ်ဂရောင်ကဆိုသည်။

”နှစ်ယောက်ကတော့ ရန်ကုန်မှာ ရောက်နေပါတယ်။ မနေ့ကပဲဖုန်ဆက်ပြီး ကွာရန်တင်းဝင်ဖို့ ပြောထားပြီ။ ကျန်တဲ့လေးယောက်ကိုလည်းပို့ထားပြီ နောက်ထပ် နှစ်ယောက်ကတော့ ခေါင်လန်ဖူးဘက်ကို တက်သွား တယ်။ ဒီနေ့ဆင်းခဲ့ဖို့ပြောလိုက်ပြီ ဒီနေ့ ရောက်မလားနောက်နေ့ရောက်လာမလားမသိသေးဘူး”ဟု ၎င်းကပြောသည်။

ယင်းရှစ်ဦးတွင် ရန်ကုန်ရောက်နေသည့်နှစ်ဦးမှာ လုံးစွပ်ဘိုးဘွားရိပ်သာတွင် ထမင်းချက်သူဖြစ်ကြပြီး၊ နန်ပါကျေးရွာမှ တစ်ဦး၊ မူလာရှီးဒီမှ တစ်ဦး၊ လေယာဉ်ကွင်း ရပ်ကွက်မှ တစ်ဦး၊ လုံးစွပ်ရပ်ကွက်မှ တစ်ဦးနှင့်ကျန်နှစ်ဦးမှာ မလိခဟိုတယ်တွင်တည်းခိုခဲ့သူများ ဖြစ်ကြောင်း သိရသည်။

ခေါင်လန်ဖူးဘက် သွားလိုက်သည့် နှစ်ဦးကို Quarantine ထားရှိနိုင်ပြီဆိုပါက ပူတာအိုရှိ စုစုပေါင်း(၆)ဦး၏ နာခေါင်းတို့ဖတ် အာခေါင်တို့ဖတ် တို့ကို အမျိုးသားဓာတ်ခွဲခန်းဌာနသို့ပေးပို့သွားမည် ဖြစ်ကြောင်း ပူတာအိုမြို့နယ် ကျန်းမာရေးဦးစီးဌာနမှသိရသည်။

လူနာအမှတ် ၇၈၈ သည် လက်ရှိမန္တလေးကန်တော်နီ ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေသည့် မင်းခြံမြို့ ေနသူဖြစ်ပြီး ကိုဗစ်ပိုးရိုကြောင်း ကျန်းမာရေးဝန်ကြီးဌာနကစက်တင်ဘာ တစ်ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

လွမ်းအောင်

#PeopleMedia #ပူတာအို


Share this post