• Follow Us on

Home အိႏၵိယ-တ႐ုတ္စစ္ျဖစ္ပါက ဆီယာခ်န္းႏွင့္ ကာဂီးလ္နယ္ေျမမ်ားကို ပါကစၥတန္ကသိမ္းယူသင့္ေၾကာင္း ပါကစၥတန္ကာကြယ္ေရးေလ့လာအကဲခတ္သူမ်ားေျပာ

အိႏၵိယ-တ႐ုတ္စစ္ျဖစ္ပါက ဆီယာခ်န္းႏွင့္ ကာဂီးလ္နယ္ေျမမ်ားကို ပါကစၥတန္ကသိမ္းယူသင့္ေၾကာင္း ပါကစၥတန္ကာကြယ္ေရးေလ့လာအကဲခတ္သူမ်ားေျပာ

Share this post

အစၥလာမာဘတ္၊ စက္တင္ဘာ ၃

အိႏၵိယ-တ႐ုတ္စစ္ပြဲျဖစ္ပြားၿပီး အိႏၵိယတပ္ဖြဲ႔မ်ားက ႏိုင္ငံအေ႐ွ႕ပိုင္းတြင္အာ႐ံုေရာက္ေနခ်ိန္ အိႏၵိယမွ ဆီယာခ်န္းႏွင့္ ကာဂီးလ္နယ္ေျမမ်ားကိုသိမ္းပိုက္ရန္ ပါကစၥတန္စစ္တပ္ကို ပါကစၥတန္ကာကြယ္ေရး ေလ့လာအကဲခတ္သူမ်ားက တိုက္တြန္းသည္။

ထိုျဖစ္ရပ္သည္ သူတို႔ပိုင္ဆိုင္သည္ယူဆရေသာနယ္ေျမမ်ားကို ပါကစၥတန္တပ္ဖြဲ႔မ်ားျပန္သိမ္းယူရန္ ေ႐ႊအခြင့္အေရးဟုလည္း အကဲခတ္မ်ားက႐ွဳျမင္သည္။

၁၉၈၄ ခုႏွစ္တြင္ ပါကစၥတန္က Ababeel စစ္ဆင္ေရးျဖင့္ ကီလိုမီတာ ၇၀ ႐ွည္သည့္ ဆီယာခ်န္းေဒသႏွင့္ ဆယ္တို႐ိုေဒသကိုသိမ္းယူရန္စီစဥ္ေသာ္လည္း အိႏၵိယစစ္တပ္က ၁၉၈၄ ခုႏွစ္၊ ဧၿပီတြင္ Meghdoot စစ္ဆင္ေရးျဖင့္ ထိုစစ္ဆင္ေရးကို တံု႔ျပန္ခဲ့သည္။

၁၉၉၉ ခုႏွစ္တြင္ ပါကစၥတန္စစ္တပ္က Koh Paima စစ္ဆင္ေရးျပဳလုပ္ၿပီး ကတ္႐ွ္မီးယားေဒသႏွင့္ လာဒါ့ေဒသၾကားခ်ိတ္ဆက္မႈကို ဖ်က္ႏိုင္ရန္စီစဥ္ၿပီး ဆီယာခ်န္ေဒသကိုျပန္သိမ္းပိုက္ႏိုင္ရန္စီစဥ္ခဲ့သည္။

ထိုေဒသမ်ားကိုျပန္လည္သိမ္းပိုက္ႏိုင္ပါက အိႏၵိယစစ္တပ္ကို စိတ္ပ်က္ေစၿပီး ကတ္႐ွ္မီးယားေဒသအေရးကို ႏိုင္ငံတကာအေရးျဖစ္ေစရန္ုျပဳလုပ္ၿပီးေနာက္ ပါကစၥတန္ကိုအသားေပးသည့္အေနျဖင့္ စားပြဲဝိုင္းေဆြး ေႏြးၫွိႏႈိင္းမ်ားျပန္လုပ္ႏိုင္ရန္ အိႏၵိယႏိုင္ငံကိုတြန္းအားေပးႏိုင္မည္ျဖစ္သည္။

Ref : Pakistan should take Siachen and Kargil if Indo-China War breaks out says Defence Panelists

#PeopleMedia

(unicode)
အိန္ဒိယ-တရုတ်စစ်ဖြစ်ပါက ဆီယာချန်းနှင့် ကာဂီးလ်နယ်မြေများကို ပါကစ္စတန်ကသိမ်းယူသင့်ကြောင်း ပါကစ္စတန်ကာကွယ်ရေးလေ့လာအကဲခတ်သူများပြော
…………………………………………………

အစ္စလာမာဘတ်၊ စက်တင်ဘာ ၃

အိန္ဒိယ-တရုတ်စစ်ပွဲဖြစ်ပွားပြီး အိန္ဒိယတပ်ဖွဲ့များက နိုင်ငံအရှေ့ပိုင်းတွင်အာရုံရောက်နေချိန် အိန္ဒိယမှ ဆီယာချန်းနှင့် ကာဂီးလ်နယ်မြေများကိုသိမ်းပိုက်ရန် ပါကစ္စတန်စစ်တပ်ကို ပါကစ္စတန်ကာကွယ်ရေး လေ့လာအကဲခတ်သူများက တိုက်တွန်းသည်။

ထိုဖြစ်ရပ်သည် သူတို့ပိုင်ဆိုင်သည်ယူဆရသောနယ်မြေများကို ပါကစ္စတန်တပ်ဖွဲ့များပြန်သိမ်းယူရန် ရွှေအခွင့်အရေးဟုလည်း အကဲခတ်များကရှုမြင်သည်။

၁၉၈၄ ခုနှစ်တွင် ပါကစ္စတန်က Ababeel စစ်ဆင်ရေးဖြင့် ကီလိုမီတာ ၇၀ ရှည်သည့် ဆီယာချန်းဒေသနှင့် ဆယ်တိုရိုဒေသကိုသိမ်းယူရန်စီစဉ်သော်လည်း အိန္ဒိယစစ်တပ်က ၁၉၈၄ ခုနှစ်၊ ဧပြီတွင် Meghdoot စစ်ဆင်ရေးဖြင့် ထိုစစ်ဆင်ရေးကို တုံ့ပြန်ခဲ့သည်။

၁၉၉၉ ခုနှစ်တွင် ပါကစ္စတန်စစ်တပ်က Koh Paima စစ်ဆင်ရေးပြုလုပ်ပြီး ကတ်ရှ်မီးယားဒေသနှင့် လာဒါ့ဒေသကြားချိတ်ဆက်မှုကို ဖျက်နိုင်ရန်စီစဉ်ပြီး ဆီယာချန်ဒေသကိုပြန်သိမ်းပိုက်နိုင်ရန်စီစဉ်ခဲ့သည်။

ထိုဒေသများကိုပြန်လည်သိမ်းပိုက်နိုင်ပါက အိန္ဒိယစစ်တပ်ကို စိတ်ပျက်စေပြီး ကတ်ရှ်မီးယားဒေသအရေးကို နိုင်ငံတကာအရေးဖြစ်စေရန်ုပြုလုပ်ပြီးနောက် ပါကစ္စတန်ကိုအသားပေးသည့်အနေဖြင့် စားပွဲဝိုင်းဆွေး နွေးညှိနှိုင်းများပြန်လုပ်နိုင်ရန် အိန္ဒိယနိုင်ငံကိုတွန်းအားပေးနိုင်မည်ဖြစ်သည်။

Ref : Pakistan should take Siachen and Kargil if Indo-China War breaks out says Defence Panelists

#PeopleMedia


Share this post