• Follow Us on

Home ကိုဗစ်ကြောင့် ထိခိုက်မှုရှိနေသော စီးပွားရေးလုပ်ငန်းများ၏ ချေးငွေပြန်ဆပ်ရန်ကာလ နောက်ထပ် (၆) လ တိုးမြှင့်

ကိုဗစ်ကြောင့် ထိခိုက်မှုရှိနေသော စီးပွားရေးလုပ်ငန်းများ၏ ချေးငွေပြန်ဆပ်ရန်ကာလ နောက်ထပ် (၆) လ တိုးမြှင့်

Share this post

နေပြည်တော်၊ စက်တင်ဘာ ၁၃ (People Media)

 

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိခိုက်မှုရှိနေသော စီးပွားရေးလုပ်ငန်းများအား ချေးငွေပြန်လည်ဆပ်ရန်ကာလ ကို နောက်ထပ် ၆ လအကြာမှ ပြန်လည်ပေးဆပ်ရန် သက်တမ်းထပ်မံတိုးမြှင့်လိုက်ကြောင်း ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီက ထုတ်ပြန်လိုက်သည်။

 

အဆိုပါ ကိုဗစ်-၁၉ ရန်ပုံငွေမှ ပထမအသုတ် ချေးငွေရရှိသူများသည် မူလချေးငွေသက်တမ်း တစ်နှစ်နှင့် ထပ်မံခွင့်ပြုထားသည့် (၆) လ ကာလမှာ အောက်တိုဘာလတွင် စတင်၍ ချေးငွေသက်တမ်းကာလ ထပ်မံ ပြည့်မြောက်တော့မည်ဖြစ်သော်လည်း ကိုဗစ်-၁၉ တတိယလှိုင်းကြောင့် စီးပွားရေးလုပ်ငန်းများ အခက်အခဲ ရှိနေသဖြင့် ချေးငွေပြန်လည်ပေးဆပ်ရမည့်ကာလကို ချေးငွေပြန်လည်ပေးဆပ်ရန် ကာလစေ့ရောက်သည့် နေ့မှစ၍ နောက်ထပ် (၆) လ ထပ်မံ သက်တမ်းတိုးမြှင့်ရန် နစကကောင်စီမှ လမ်းညွန်ခဲ့ကြောင်း ယင်းကော်မ တီမှ ထုတ်ပြန်ထားသည်။

 

ကိုဗစ်-၁၉ ရောဂါကြောင့် သက်ရောက်မှုရှိသည့် စီးပွားရေးလုပ်ငန်းများအား ငွေထုတ်ချေးခြင်းကို ၂၀၂၀ ခုနှစ်၊ ဧပြီလ ၉ ရက်နေ့မှ ကိုဗစ်-၁၉ ရန်ပုံငွေမှ တစ်နှစ် (အတိုးနှုန်း ၁ %) ဖြင့် စတင်ထုတ်ချေးပေးခဲ့ပြီး၊ တစ်နှစ်အ ကြာတွင် ပြန်လည်ပေးဆပ်ရမည်ဖြစ်သော်လည်း လုပ်ငန်းများ အခက်အခဲရှိနေသဖြင့် ပထမအကြိမ် (၆) လ သက်တမ်း ထပ်မံတိုးမြှင့်ခဲ့ပြီး၊ ယခုအခါ ဒုတိယအကြိမ် (၆) လ ထပ်မံတိုးမြှင့်ပေးလိုက်ခြင်းဖြစ်သည်။

 

#PeopleMedia #ချေးငွေ

 

(unicode)


………………………………………………………………………

 


 


 


 


 



Share this post