• Follow Us on

Home ကို႐ိုနာဗိုင္းရပ္စ္ကမာၻ႔ဒုတိယအမ်ားဆံုးကူးစက္ခံထားရသည့္ အိႏၵိယတြင္ ေက်ာင္းမ်ားႏွင့္ ႐ုပ္႐ွင္႐ံုမ်ားျပန္ဖြင့္

ကို႐ိုနာဗိုင္းရပ္စ္ကမာၻ႔ဒုတိယအမ်ားဆံုးကူးစက္ခံထားရသည့္ အိႏၵိယတြင္ ေက်ာင္းမ်ားႏွင့္ ႐ုပ္႐ွင္႐ံုမ်ားျပန္ဖြင့္

Share this post

နယူးေဒလီ၊ ေအာက္တိုဘာ ၁

လေပါင္းမ်ားစြာကို႐ိုနာဗိုင္းရပ္စ္အလံုပိတ္ကန္႔သတ္မႈမ်ားျပဳလုပ္ၿပီးေနာက္ အိႏၵိယမွေက်ာင္းမ်ား၊ ႐ုပ္႐ွင္႐ံု မ်ားႏွင့္ ေရကူးကန္မ်ားကို ျပန္လည္ဖြင့္လွစ္ခြင့္ျပဳသည္ဟု အိႏၵိယျပည္ထဲေရး၀န္ႀကီးဌာနက ဗုဒၶဟူးေန႔တြင္ ေၾကညာသည္။

ကမာၻ႔ကူးစက္မႈအမ်ားဆံုးႏုိင္ငံျဖစ္လာႏိုင္သည္ဟု ကၽြမ္းက်င္သူမ်ားက သတိေပးေနခ်ိန္တြင္ ခြင့္ျပဳလိုက္ျခင္း ျဖစ္သည္။

ၿပီးခဲ့သည့္သီတင္းပတ္တြင္ အသက္ ၁၄ မွ ၁၇ ႏွစ္အတြင္းေက်ာင္းသားမ်ားအတြက္ ေက်ာင္းျပန္ဖြင့္ခဲ့ေသာ္ လည္း ယခုခြင့္ျပဳခ်က္သည္ အသက္အ႐ြယ္အားလံုးအတြက္ သက္ေရာက္မႈ႐ွိသည္။

အိႏိၵယအစိုးရက အလံုပိတ္ကန္႔သတ္မႈမ်ားတျဖည္းျဖည္းျပန္လည္ေျဖေလွ်ာ့ေနၿပီး ထိခိုက္ေနသည့္စီးပြားေရးကို ျပန္လည္ကုစားရန္ျပင္ဆင္ေနသည္။

လူသန္း ၁၃၀၀ ေနထိုင္သည့္အိႏၵိယႏိုင္ငံတြင္ ကူးစက္အတည္ျပဳလူနာ ၆.၂ သန္း႐ွိေနၿပီး အေမရိကန္ျပည္ ေထာင္စုေနာက္ဒုတိယကူးစက္မႈအမ်ားဆံုးႏိုင္ငံျဖစ္ေနသည့္အျပင္ ေသဆံုးသူ ၉၇၀၀၀ ေက်ာ္႐ွိေနသည္။

Ref : Schools, cinemas to reopen in India despite spike in COVID-19 cases

#Peoplemedia

(Unicode)
ကိုရိုနာဗိုင်းရပ်စ်ကမ္ဘာ့ဒုတိယအများဆုံးကူးစက်ခံထားရသည့်အိန္ဒိယတွင် ကျောင်းများနှင့်ရုပ်ရှင်ရုံများပြန်ဖွင့်
………………………………………………

နယူးဒေလီ၊ အောက်တိုဘာ ၁

လပေါင်းများစွာကိုရိုနာဗိုင်းရပ်စ်အလုံပိတ်ကန့်သတ်မှုများပြုလုပ်ပြီးနောက် အိန္ဒိယမှကျောင်းများ၊ ရုပ်ရှင်ရုံ များနှင့် ရေကူးကန်များကို ပြန်လည်ဖွင့်လှစ်ခွင့်ပြုသည်ဟု အိန္ဒိယပြည်ထဲရေးဝန်ကြီးဌာနက ဗုဒ္ဓဟူးနေ့တွင် ကြေညာသည်။

ကမ္ဘာ့ကူးစက်မှုအများဆုံးနိုင်ငံဖြစ်လာနိုင်သည်ဟု ကျွမ်းကျင်သူများက သတိပေးနေချိန်တွင် ခွင့်ပြုလိုက်ခြင်း ဖြစ်သည်။

ပြီးခဲ့သည့်သီတင်းပတ်တွင် အသက် ၁၄ မှ ၁၇ နှစ်အတွင်းကျောင်းသားများအတွက် ကျောင်းပြန်ဖွင့်ခဲ့သော် လည်း ယခုခွင့်ပြုချက်သည် အသက်အရွယ်အားလုံးအတွက် သက်ရောက်မှုရှိသည်။

အိန္ဒိယအစိုးရက အလုံပိတ်ကန့်သတ်မှုများတဖြည်းဖြည်းပြန်လည်ဖြေလျှော့နေပြီး ထိခိုက်နေသည့်စီးပွားရေးကို ပြန်လည်ကုစားရန်ပြင်ဆင်နေသည်။

လူသန်း ၁၃၀၀ နေထိုင်သည့်အိန္ဒိယနိုင်ငံတွင် ကူးစက်အတည်ပြုလူနာ ၆.၂ သန်းရှိနေပြီး အမေရိကန်ပြည် ထောင်စုနောက်ဒုတိယကူးစက်မှုအများဆုံးနိုင်ငံဖြစ်နေသည့်အပြင် သေဆုံးသူ ၉၇၀၀၀ ကျော်ရှိနေသည်။

Ref : Schools, cinemas to reopen in India despite spike in COVID-19 cases

#Peoplemedia


Share this post