• Follow Us on

Home ကို႐ိုနာဗိုင္းရပ္စ္ကာကြယ္ေဆးအတည္ျပဳႏိုင္ရန္ W.H.O ႏွင့္ ႐ု႐ွားေ ဆြးေႏြးေန

ကို႐ိုနာဗိုင္းရပ္စ္ကာကြယ္ေဆးအတည္ျပဳႏိုင္ရန္ W.H.O ႏွင့္ ႐ု႐ွားေ ဆြးေႏြးေန

Share this post

ေမာ္စကို၊ ဂ်ီနီဗာ၊ ၾသဂုတ္ ၁၂

အဂၤါေန႔တြင္ ႐ု႐ွားႏိုင္ငံကအတည္ျပဳခဲ့သည့္ကို႐ိုနာဗိုင္းရပ္စ္ကာကြယ္ေဆး အရည္အေသြးမွီေၾကာင္း အတည္ျပဳေရးလုပ္ငန္းစဥ္မ်ားအတြက္ ကမာၻ႔က်န္းမာေရးအဖြဲ႔ (W.H.O) ႏွင့္ ႐ု႐ွားက်န္းမာေရးအာ ဏာပိုင္မ်ားေဆြးေႏြးေနေၾကာင္း WHO ေျပာခြင့္ရသူက အဂၤါေန႔တြင္ေျပာသည္။

“႐ု႐ွားက်န္းမာေရးအာဏာပိုင္ေတြနဲ႔ ကၽြန္ေတာ္တို႔ ဆက္သြယ္ေနၿပီး ကာကြယ္ေဆးကို WHO ကအသိ အမွတ္ျပဳဖို႔ဆိုတဲ့ကိစၥအတြက္ ေဆြးေႏြးေနၾကပါတယ္။ ဒါေပမဲ့ ထပ္ေျပာရရင္ ႀကိဳၿပီးအသိအမွတ္ျပဳ ထားဖို႔ဆိုရင္ အေသအခ်ာအျပန္ျပန္အလွန္လွန္သံုးသပ္ၿပီး လိုအပ္တဲ့ေဘးကင္းလံုျခံဳမႈ၊ ထိေရာက္မႈ႐ွိတဲ့အခ်က္အလက္ေတြလိုအပ္ပါတယ္” ဟု WHO ေျပာခြင့္ရသူ တာရစ္ ဂ်ာဆာရီဗစ္က ဂ်ီနီဗာၿမိဳ႕တြင္ျပဳလုပ္သည့္ သတင္းစာ႐ွင္းလင္းပြဲတြင္ လူသားတြင္စမ္းသပ္ကုသမႈမ်ားကိုရည္ၫႊန္းေျပာသည္။

လူသားတြင္ စမ္းသပ္ကုသၿပီး ၂ လ မျပည့္ခင္ COVID-19 ကာကြယ္ေဆးကို ခြင့္ျပဳလိုက္ၿပီး ႐ု႐ွားႏိုင္ငံသည္ ကာကြယ္ေဆးကိုခြင့္ျပဳသည့္ပထမဆံုးႏိုင္ငံျဖစ္လာၿပီဟု ႐ု႐ွားသမၼတ ဗလာဒီမ်ာ ပူတင္က အဂၤါေန႔တြင္ေျပာသည္။

ထိုကာကြယ္ေဆးကို Sputnik V ဟု႐ု႐ွားက အမည္ေပးထားၿပီး ထိုအမည္သည္ စစ္ေအးေခတ္တြင္ ဆိုဗီယက္ျပည္ေထာင္စုကလႊတ္တင္ႏိုင္ခဲ့သည့္ ကမာၻ႔ပထမဆံုးၿဂိဳဟ္တုအမည္ကို ဂုဏ္ျပဳေသာအားျဖင့္ အမည္ေပးထားသည္။

သို႔ေသာ္ ေဆးကို ေနာက္ဆံုးစမ္းသပ္ကုသမႈမ်ားမၿပီးဆံုးေသးေခ်။

ပူတင္ႏွင့္အျခား႐ု႐ွားအာဏာပိုင္မ်ားက ေဆးသည္ လံုး၀စိတ္ခ်ရေၾကာင္းေျပာေနၿပီး သူ႔သမီးတစ္ေယာက္တြင္ ထိုကာကြယ္ေဆးထိုးထားေၾကာင္း ပူတင္ကေျပာသည္။

႐ု႐ွားႏိုင္ငံ႐ွိ ဂါမာလီယာအင္စတီက်ဴ႕မွထုတ္လုပ္သည့္ေဆးကို ယခုႏွစ္ကုန္တြင္ အေျမာက္အျမားထုတ္လုပ္ ႏိုင္မည္ဟုခန္႔မွန္းထားေၾကာင္း ႐ု႐ွားစီးပြားေရးလုပ္ငန္းစုႀကီး ဆီစတီမာကေျပာသည္။

ယခုလကုန္သို႔မဟုတ္ စက္တင္ဘာလဆန္းတြင္ က်န္းမာေရး၀န္ထမ္းမ်ား၊ ဆရာမ်ားကို မိမိစိတ္သေဘာအရဦး စားေပးထိုးေပးသြားမည္ျဖစ္ၿပီး ေအာက္တိုဘာတြင္ ႐ု႐ွားႏိုင္ငံတ၀န္းကာကြယ္ေဆးအႀကီးအက်ယ္ထိုးေပး သည့္လုပ္ငန္းစမည္ျဖစ္သည္။

ကာကြယ္ေဆးအႀကိမ္သန္းတစ္ေထာင္စာ ႐ု႐ွားႏိုင္ငံထံ အမွာစာရထားၿပီး ဘရာဇီးႏိုင္ငံတြင္လည္း ထုတ္လုပ္ ႏိုင္မည္ဟု ေမွ်ာ္မွန္းေၾကာင္း ႐ု႐ွားႏိုင္ငံေတာ္ရန္ပံုေငြအႀကီးအကဲ ကီရီ ဒီမစ္ထရီဗ္ကေျပာသည္။

႐ု႐ွားႏိုင္ငံဘက္က အျပဳသေဘာေျပာဆိုေနခ်ိန္တြင္ စမ္းသပ္စစ္ေဆးမႈအခ်က္အလက္မ်ားအျပည့္အ၀မ႐ွိပါက ထိုေဆးကို ယံုၾကည္ရန္ ခက္ခဲသည္ဟု ကမာၻတ၀န္း႐ွိက်န္းမာေရးကၽြမ္းက်င္သူတခ်ိဳ႕ကေျပာသည္။

Ref : WHO says discussing new COVID-19 vaccine with Russia

#PeopleMedia

(unicode)
ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးအတည်ပြုနိုင်ရန် W.H.O နှင့် ရုရှား ေဆွးနွေးနေ
…………………………………………………

မော်စကို၊ ဂျီနီဗာ၊ ဩဂုတ် ၁၂

အင်္ဂါနေ့တွင် ရုရှားနိုင်ငံကအတည်ပြုခဲ့သည့်ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး အရည်အသွေးမှီကြောင်း အတည်ပြုရေးလုပ်ငန်းစဉ်များအတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (W.H.O) နှင့် ရုရှားကျန်းမာရေးအာ ဏာပိုင်များဆွေးနွေးနေကြောင်း WHO ပြောခွင့်ရသူက အင်္ဂါနေ့တွင်ပြောသည်။

“ရုရှားကျန်းမာရေးအာဏာပိုင်တွေနဲ့ ကျွန်တော်တို့ ဆက်သွယ်နေပြီး ကာကွယ်ဆေးကို WHO ကအသိ အမှတ်ပြုဖို့ဆိုတဲ့ကိစ္စအတွက် ဆွေးနွေးနေကြပါတယ်။ ဒါပေမဲ့ ထပ်ပြောရရင် ကြိုပြီးအသိအမှတ်ပြု ထားဖို့ဆိုရင် အသေအချာအပြန်ပြန်အလှန်လှန်သုံးသပ်ပြီး လိုအပ်တဲ့ဘေးကင်းလုံခြုံမှု၊ ထိရောက်မှုရှိတဲ့အချက်အလက်တွေလိုအပ်ပါတယ်” ဟု WHO ပြောခွင့်ရသူ တာရစ် ဂျာဆာရီဗစ်က ဂျီနီဗာမြို့တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် လူသားတွင်စမ်းသပ်ကုသမှုများကိုရည်ညွှန်းပြောသည်။

လူသားတွင် စမ်းသပ်ကုသပြီး ၂ လ မပြည့်ခင် COVID-19 ကာကွယ်ဆေးကို ခွင့်ပြုလိုက်ပြီး ရုရှားနိုင်ငံသည် ကာကွယ်ဆေးကိုခွင့်ပြုသည့်ပထမဆုံးနိုင်ငံဖြစ်လာပြီဟု ရုရှားသမ္မတ ဗလာဒီမျာ ပူတင်က အင်္ဂါနေ့တွင်ပြောသည်။

ထိုကာကွယ်ဆေးကို Sputnik V ဟုရုရှားက အမည်ပေးထားပြီး ထိုအမည်သည် စစ်အေးခေတ်တွင် ဆိုဗီယက်ပြည်ထောင်စုကလွှတ်တင်နိုင်ခဲ့သည့် ကမ္ဘာ့ပထမဆုံးဂြိုဟ်တုအမည်ကို ဂုဏ်ပြုသောအားဖြင့် အမည်ပေးထားသည်။

သို့သော် ဆေးကို နောက်ဆုံးစမ်းသပ်ကုသမှုများမပြီးဆုံးသေးချေ။

ပူတင်နှင့်အခြားရုရှားအာဏာပိုင်များက ဆေးသည် လုံးဝစိတ်ချရကြောင်းပြောနေပြီး သူ့သမီးတစ်ယောက်တွင် ထိုကာကွယ်ဆေးထိုးထားကြောင်း ပူတင်ကပြောသည်။

ရုရှားနိုင်ငံရှိ ဂါမာလီယာအင်စတီကျူ့မှထုတ်လုပ်သည့်ဆေးကို ယခုနှစ်ကုန်တွင် အမြောက်အမြားထုတ်လုပ် နိုင်မည်ဟုခန့်မှန်းထားကြောင်း ရုရှားစီးပွားရေးလုပ်ငန်းစုကြီး ဆီစတီမာကပြောသည်။

ယခုလကုန်သို့မဟုတ် စက်တင်ဘာလဆန်းတွင် ကျန်းမာရေးဝန်ထမ်းများ၊ ဆရာများကို မိမိစိတ်သဘောအရဦး စားပေးထိုးပေးသွားမည်ဖြစ်ပြီး အောက်တိုဘာတွင် ရုရှားနိုင်ငံတဝန်းကာကွယ်ဆေးအကြီးအကျယ်ထိုးပေး သည့်လုပ်ငန်းစမည်ဖြစ်သည်။

ကာကွယ်ဆေးအကြိမ်သန်းတစ်ထောင်စာ ရုရှားနိုင်ငံထံ အမှာစာရထားပြီး ဘရာဇီးနိုင်ငံတွင်လည်း ထုတ်လုပ် နိုင်မည်ဟု မျှော်မှန်းကြောင်း ရုရှားနိုင်ငံတော်ရန်ပုံငွေအကြီးအကဲ ကီရီ ဒီမစ်ထရီဗ်ကပြောသည်။

ရုရှားနိုင်ငံဘက်က အပြုသဘောပြောဆိုနေချိန်တွင် စမ်းသပ်စစ်ဆေးမှုအချက်အလက်များအပြည့်အဝမရှိပါက ထိုဆေးကို ယုံကြည်ရန် ခက်ခဲသည်ဟု ကမ္ဘာတဝန်းရှိကျန်းမာရေးကျွမ်းကျင်သူတချို့ကပြောသည်။

Ref : WHO says discussing new COVID-19 vaccine with Russia

#PeopleMedia


Share this post