• Follow Us on

Home နာနတ္သီးေစ်း ယခင္ႏွစ္ကထက္က်ဆင္း နာနတ္စိုက္ေတာင္သူမ်ား အ႐ူံးေ ပၚ

နာနတ္သီးေစ်း ယခင္ႏွစ္ကထက္က်ဆင္း နာနတ္စိုက္ေတာင္သူမ်ား အ႐ူံးေ ပၚ

Share this post

ျမစ္ႀကီးနား၊ ၾသဂုတ္ ၁၂

Covid 19 ကာလအတြင္း တ႐ုတ္နယ္စပ္ဂိတ္ေတြ ပိတ္ထားတာေၾကာင့္ နာနတ္သီးစိုက္ေတာင္သူေတြအေနနဲ႔ ယခုႏွစ္တြင္ တ႐ုတ္ကိုတင္ပို႔ေရာင္းခ်မႈ မရွိေတာ့တာေၾကာင့္ နာနတ္သီးေရာင္း၀ယ္မႈ ယခင္ႏွစ္ေတြကထက္ က်ဆင္းေနရတယ္လို႔ ျမစ္ႀကီးနားၿမိဳ႕အတြင္းရွိ နာနတ္သီးစိုက္ပ်ိဳးေရာင္းခ်သူေတြက ေျပာပါတယ္။

မန္ခိန္ပိုးဇာၿခံမွ လာေရာက္ေရာင္းခ်တဲ့ ေဒၚအားမီးကေတာ့ တ႐ုတ္ဘက္ကို နာနတ္သီးေတြမပို႔ရေတာ့တာေၾကာင့္ ယခင္ႏွစ္ေတြက အေရာင္းအ၀ယ္ က်ဆင္းသြားၿပီး ရြာေတြပဲလွည့္ပတ္ေရာင္းခ်ေန႔ရတယ္လို႔ EPN ကို အခုလိုေျပာပါတယ္။

‘‘ဒီႏွစ္က ကို႐ိုနာဗိုင္းရပ္စ္ေရာဂါလဲျဖစ္ တ႐ုတ္ဘက္ကပါ အ၀ယ္ပိတ္ထားေတာ့ အရင္ႏွစ္ေတြကေလာက္ မေရာင္းရဘူး။ အရင္ကဆို တ႐ုတ္ဘက္ကို မပို႔့ရလဲ တစ္ဆင့္ယူေရာင္းေတြက ျပန္ယူေရာင္းေတာ့ ေရာင္းရေသးတယ္။ ဒီႏွစ္ေတာ့ လာယူတဲ့လူကလဲ မရွိဆိုေတာ့ ေရာင္းမကုန္တဲ့အခါ ပုတ္သြားတာေတြကမ်ားတယ္’’ ယခင္ႏွစ္ေတြက တစ္ရက္ကို နာနတ္သီးအလုံးေရ ေျခာက္ရာနီးပါးခန္႔ေရာင္းရေပမယ့္ ယခုႏွစ္မွာေတာ့ ၀ယ္သူေတြပါးတာေၾကာင့္ တစ္ရက္ကို အလုံးေရတစ္ရာနီးပါးကုန္ေအာင္ ႀကိဳးစားေရာင္းေနရတယ္လို႔ ေျပာပါတယ္။

နာနတ္သီးေတြ အရင္ကေလာက္ မေရာင္းရတာေၾကာင့္ တစ္လုံးကို ႏွစ္ရာ၊ ႏွစ္ရာ့ငါးဆယ္ထားၿပီး အ႐ူံးခံေရာင္းေနရပါတယ္။ ဒါ႔အျပင္ အရင္က အခင္းလိုက္တ႐ုတ္ကိုေရာင္းတာေၾကာင့္ ေငြျပန္ေပၚတာျမန္ၿပီး အျမတ္လဲရတာျမန္ၿပီး ယခုႏွစ္မွာေတာ့ တ႐ုတ္ဘက္ကလဲအ၀ယ္ပိတ္ထားတာေၾကာင့္ တစ္လုံးခ်င္း လက္ကားေရာင္းေနရတယ္လို႔ နာနတ္စိုက္ပ်ိဳးေရာင္ခ်သူတစ္ဦးျဖစ္တဲ့ မညီးခ်ယ္ကေျပာပါတယ္။

ယခင္က နာနတ္သီးတစ္လုံးကို ေငြက်ပ္ရွစ္ရာေပါက္ေစ်းရွိေပမယ့္ ယခုႏွစ္မွေတာ့ နာနတ္သီးတစ္လုံးကို လက္လီေစ်းတစ္လုံး ငါးရာက်ပ္ လက္ကားေစ်း တစ္လုံးကိုႏွစ္ရာ့ငါးဆယ္က်ပ္နဲ႔သာ ေေရာင္းခ်ေနရတယ္လို႔ သိရပါတယ္။

သက္ေဝ

#PeopleMedia #ျမစ္ႀကီးနား

(unicode)
နာနတ်သီးဈေး ယခင်နှစ်ကထက်ကျဆင်း နာနတ်စိုက်တောင်သူများ အရူံး ေပါ်
……………………………………………………

မြစ်ကြီးနား၊ ဩဂုတ် ၁၂

Covid 19 ကာလအတွင်း တရုတ်နယ်စပ်ဂိတ်တွေ ပိတ်ထားတာကြောင့် နာနတ်သီးစိုက်တောင်သူတွေအနေနဲ့ ယခုနှစ်တွင် တရုတ်ကိုတင်ပို့ရောင်းချမှု မရှိတော့တာကြောင့် နာနတ်သီးရောင်းဝယ်မှု ယခင်နှစ်တွေကထက် ကျဆင်းနေရတယ်လို့ မြစ်ကြီးနားမြို့အတွင်းရှိ နာနတ်သီးစိုက်ပျိုးရောင်းချသူတွေက ပြောပါတယ်။

မန်ခိန်ပိုးဇာခြံမှ လာရောက်ရောင်းချတဲ့ ဒေါ်အားမီးကတော့ တရုတ်ဘက်ကို နာနတ်သီးတွေမပို့ရတော့တာကြောင့် ယခင်နှစ်တွေက အရောင်းအဝယ် ကျဆင်းသွားပြီး ရွာတွေပဲလှည့်ပတ်ရောင်းချနေ့ရတယ်လို့ EPN ကို အခုလိုပြောပါတယ်။

‘‘ဒီနှစ်က ကိုရိုနာဗိုင်းရပ်စ်ရောဂါလဲဖြစ် တရုတ်ဘက်ကပါ အဝယ်ပိတ်ထားတော့ အရင်နှစ်တွေကလောက် မရောင်းရဘူး။ အရင်ကဆို တရုတ်ဘက်ကို မပို့ရလဲ တစ်ဆင့်ယူရောင်းတွေက ပြန်ယူရောင်းတော့ ရောင်းရသေးတယ်။ ဒီနှစ်တော့ လာယူတဲ့လူကလဲ မရှိဆိုတော့ ရောင်းမကုန်တဲ့အခါ ပုတ်သွားတာတွေကများတယ်’’ ယခင်နှစ်တွေက တစ်ရက်ကို နာနတ်သီးအလုံးရေ ခြောက်ရာနီးပါးခန့်ရောင်းရပေမယ့် ယခုနှစ်မှာတော့ ဝယ်သူတွေပါးတာကြောင့် တစ်ရက်ကို အလုံးရေတစ်ရာနီးပါးကုန်အောင် ကြိုးစားရောင်းနေရတယ်လို့ ပြောပါတယ်။

နာနတ်သီးတွေ အရင်ကလောက် မရောင်းရတာကြောင့် တစ်လုံးကို နှစ်ရာ၊ နှစ်ရာ့ငါးဆယ်ထားပြီး အရူံးခံရောင်းနေရပါတယ်။ ဒါ့အပြင် အရင်က အခင်းလိုက်တရုတ်ကိုရောင်းတာကြောင့် ငွေပြန်ပေါ်တာမြန်ပြီး အမြတ်လဲရတာမြန်ပြီး ယခုနှစ်မှာတော့ တရုတ်ဘက်ကလဲအဝယ်ပိတ်ထားတာကြောင့် တစ်လုံးချင်း လက်ကားရောင်းနေရတယ်လို့ နာနတ်စိုက်ပျိုးရောင်ချသူတစ်ဦးဖြစ်တဲ့ မညီးချယ်ကပြောပါတယ်။

ယခင်က နာနတ်သီးတစ်လုံးကို ငွေကျပ်ရှစ်ရာပေါက်ဈေးရှိပေမယ့် ယခုနှစ်မှတော့ နာနတ်သီးတစ်လုံးကို လက်လီဈေးတစ်လုံး ငါးရာကျပ် လက်ကားဈေး တစ်လုံးကိုနှစ်ရာ့ငါးဆယ်ကျပ်နဲ့သာ ေေရာင်းချနေရတယ်လို့ သိရပါတယ်။

သက်ဝေ

#PeopleMedia #မြစ်ကြီးနား


Share this post