• Follow Us on

Home ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲသစ်ကို ထိန်းမရဟု ဗြိတိန်ပြော


Share this post

လန်ဒန်၊ ဒီဇင်ဘာ ၂၁ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
 
 
 
 
 
 
 
 
#PeopleMedia
 
(unicode)
ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲသစ်ကို ထိန်းမရဟု ဗြိတိန်ပြော
………………………………
 
လန်ဒန်၊ ဒီဇင်ဘာ ၂၁ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
 
ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲသစ်ကိုထိန်းမရနိုင်သဖြင့် အင်္ဂလန်အရှေ့တောင်ပိုင်းနှင့်လန်ဒန်တို့တွင် ခရစ္စမတ်ကာ လကို အလုံပိတ်ကန့်သတ်မှုများချမှတ်ရန် အစိုးရကစီစဉ်ခဲ့သည်ဟု ဗြိတိန်ကျန်းမာရေးဝန်ကြီး မတ် ဟန်ကော့က တနင်္ဂနွေနေ့တွင်ပြောသည်။
 
ကာကွယ်ဆေးအပြည့်အဝမရသေးခင်အထိ တင်းကြပ်သည့်အစီအမံများချမှတ်ထားမည်ဟုလည်း ဟန်ကော့က သတိပေးသည်။
 
မျိုးကွဲသစ်သည် အလွန်မြန်ဆန်စွာပျံ့နှံ့နေသဖြင့် ခရစ္စမတ်ကာလအစီအစဉ်များကို ဖျက်သိမ်းပြီး အိမ်တွင်သာ နေရန် လူသန်းချီကို ဝန်ကြီးချုပ် ဘိုးရစ် ဂျွန်ဆင်က စနေနေ့တွင်သတိပေးသည်။
 
အင်္ဂလန်ရှိဒေသအားလုံးတွင် ဗိုင်းရပ်စ်ကိုတွေ့ရှိနေပြီး ပမာဏနည်းသေးသည်ဟု ကျန်းမာရေးဝန်ကြီးဌာန ကပြောသည်။
 
ဧပြီလတွင် ဗြိတိန်၌ကူးစက်မှုအများဆုံးဖြစ်ခဲ့ချိန်ပမာဏနှင့်တူညီသောလူနာများ လန်ဒန်တွင်ရှိနေကြောင်း လန်ဒန်မြို့တော်ဝန် ဆာဒစ် ခန်းက စကိုင်းနယူးစ်သတင်းဌာနကိုပြောသည်။
 
အသက် ၁၀ နှစ်မှ ၁၉ နှစ်ကြားတွင် ကူးစက်မှုပိုများနေသည်ဟုလည်းသတိပေးသည်။
 
Ref : Britain says new COVID-19 strain ‘out of control’
 
#PeopleMedia

Share this post