• Follow Us on

Home ျမန္မာႏိုင္ငံသား ၃၆၀ ထိုင္းတြင္ ကို႐ိုနာဗိုင္းရပ္စ္ထပ္မံကူးစက္ခံရ

ျမန္မာႏိုင္ငံသား ၃၆၀ ထိုင္းတြင္ ကို႐ိုနာဗိုင္းရပ္စ္ထပ္မံကူးစက္ခံရ

Share this post

ဘန္ေကာက္၊ ဒီဇင္ဘာ ၂၁ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

ထိုင္းတြင္ တနလၤာေန႔၌ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရသူ ၃၈၂ ေယာက္ထပ္တိုးၿပီး ထိုထဲမွ ၃၆၀ သည္ ဘန္ ေကာက္အေနာက္ေတာင္ဘက္မွ ဆာမြတ္ဆာခြန္ခ႐ိုင္႐ွိ ပုစြန္လက္ကားေစ်းတြင္အလုပ္လုပ္ၾကသည့္ ျမန္မာႏိုင္ငံမွေ႐ႊ႕ေျပာင္းလုပ္သားမ်ားျဖစ္သည္။

တနဂၤေႏြေန႔တြင္ စံခ်ိန္တင္ကူးစက္သူ ၅၇၆ ေယာက္႐ွိခဲ့ၿပီးေနာက္ တနလၤာေန႔တြင္လည္း ကူးစက္မႈျမင့္ တက္လာျခင္းျဖစ္သည္။

ယေန႔ထပ္တိုးသည့္ကူးစက္မႈမ်ားေၾကာင့္ ထိုင္းတြင္ ကို႐ိုနာဗိုင္းရပ္စ္အတည္ျပဳလူနာ ၅၂၈၉ ေယာက္႐ွိ ေနသည္။

တရားမ၀င္ေ႐ႊ႕ေျပာင္းလုပ္သားမ်ားအပါအ၀င္ ျမန္မာႏိုင္ငံမွလုပ္သားအားလံုးကိုလာေရာက္စစ္ေဆးခံရန္ ထိုင္းကို႐ိုနာဗိုင္းရပ္စ္ကူးစက္မႈအေျခအေနႀကီးၾကပ္ေရးဗဟိုဌာနေျပာခြင့္ရသူ တာဝီဆလစ္ ဝိသာႏုယို ဆင္ကတိုက္တြန္းသည္။

တရားမ၀င္ေ႐ႊ႕ေျပာင္းလာသူမ်ားကို အေရးယူမည္မဟုတ္ဟုလည္း သတိေပးသည္။

ကို႐ိုနာဗိုင္းရပ္စ္ကူးစက္မႈကိုထိန္းခ်ဳပ္ႏိုင္ရန္ ဆာမြတ္ဆာခြန္တြင္ ကုတင္ ၁၀၀၀ ခန္႔ အေရးေပၚေဆး႐ံုတည္ ေဆာက္ထားမည္ဟု ေဒါက္တာတာဝီဆလစ္ကအသိေပးသည္။

Ref : Migrant Covid cases soar

#PeopleMedia

(unicode)
မြန်မာနိုင်ငံသား ၃၆၀ ထိုင်းတွင် ကိုရိုနာဗိုင်းရပ်စ်ထပ်မံကူးစက်ခံရ
………………………..

ဘန်ကောက်၊ ဒီဇင်ဘာ ၂၁ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

ထိုင်းတွင် တနင်္လာနေ့၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၃၈၂ ယောက်ထပ်တိုးပြီး ထိုထဲမှ ၃၆၀ သည် ဘန် ကောက်အနောက်တောင်ဘက်မှ ဆာမွတ်ဆာခွန်ခရိုင်ရှိ ပုစွန်လက်ကားစျေးတွင်အလုပ်လုပ်ကြသည့် မြန်မာနိုင်ငံမှရွှေ့ပြောင်းလုပ်သားများဖြစ်သည်။

တနင်္ဂနွေနေ့တွင် စံချိန်တင်ကူးစက်သူ ၅၇၆ ယောက်ရှိခဲ့ပြီးနောက် တနင်္လာနေ့တွင်လည်း ကူးစက်မှုမြင့် တက်လာခြင်းဖြစ်သည်။

ယနေ့ထပ်တိုးသည့်ကူးစက်မှုများကြောင့် ထိုင်းတွင် ကိုရိုနာဗိုင်းရပ်စ်အတည်ပြုလူနာ ၅၂၈၉ ယောက်ရှိ နေသည်။

တရားမဝင်ရွှေ့ပြောင်းလုပ်သားများအပါအဝင် မြန်မာနိုင်ငံမှလုပ်သားအားလုံးကိုလာရောက်စစ်ဆေးခံရန် ထိုင်းကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုအခြေအနေကြီးကြပ်ရေးဗဟိုဌာနပြောခွင့်ရသူ တာဝီဆလစ် ဝိသာနုယို ဆင်ကတိုက်တွန်းသည်။

တရားမဝင်ရွှေ့ပြောင်းလာသူများကို အရေးယူမည်မဟုတ်ဟုလည်း သတိပေးသည်။

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကိုထိန်းချုပ်နိုင်ရန် ဆာမွတ်ဆာခွန်တွင် ကုတင် ၁၀၀၀ ခန့် အရေးပေါ်ဆေးရုံတည် ဆောက်ထားမည်ဟု ဒေါက်တာတာဝီဆလစ်ကအသိပေးသည်။

Ref : Migrant Covid cases soar

#PeopleMedia


Share this post