• Follow Us on

Home ကို႐ိုနာဗိုင္းရပ္စ္အေရးကိုင္တြယ္ရာတြင္ အေမရိကန္ထက္သာလြန္ေ ၾကာင္း ကေနဒါ၀န္ႀကီးခ်ဳပ္ေျပာ

ကို႐ိုနာဗိုင္းရပ္စ္အေရးကိုင္တြယ္ရာတြင္ အေမရိကန္ထက္သာလြန္ေ ၾကာင္း ကေနဒါ၀န္ႀကီးခ်ဳပ္ေျပာ

Share this post

ေအာ့တာဝါ၊ ဇူလိုင္ ၉

ကို႐ိုနာဗိုင္းရပ္စ္ျပန္႔ပြားမႈကိုကိုင္တြယ္ေျဖ႐ွင္းရာတြင္ အေမရိကန္ျပည္ေထာင္စုအပါအ၀င္ မိတ္ဖက္ႏိုင္ငံမ်ား ထက္ပိုသာလြန္စြာ ေျဖ႐ွင္းႏိုင္ေၾကာင္း ကေနဒါ၀န္ႀကီးခ်ဳပ္ဂ်က္စတင္ ထ႐ူးဒူးက ဇူလိုင္ ၈ ရက္တြင္ေျပာသည္။

အေမရိကန္လူဦးေရ၏ ဆယ္ပံုတစ္ပံုခန္႔႐ွိေသာကေနဒါတြင္ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ေသဆံုးသူ ၈၇၁၁ ေယာက္ႏွင့္ ကူးစက္ခံရသူ ၁၀၆၁၆၇ ေယာက္႐ွိၿပီး ကူးစက္ေနသည့္ေနရာတခ်ိဳ႕က်န္ေသာ္လည္း အေျခအေန တည္ၿငိမ္ေနၿပီျဖစ္ေၾကာင္း ထ႐ူးဒူးကေျပာသည္။

အေမရိကန္ျပည္ေထာင္စုတြင္ ကူးစက္ခံရသူ ၃ သန္းေက်ာ္႐ွိၿပီး ေသဆံုးသူ ၁၃၁၀၀၀ ေက်ာ္႐ွိေနသည္။

ၿပီးခဲ့သည့္သီတင္းပတ္မ်ားအတြင္း ျပည္နယ္ ၂ ဒါဇင္ခန္႔တြင္ ေန႔စဥ္ကူးစက္မႈမ်ားျမင့္တက္ေနသည္ကို သတိ ထားရမည္ဟု အာဏာပိုင္မ်ားကေျပာထားသည္။

“ကၽြန္ေတာ္တို႔ဟာ ကၽြန္ေတာ္တို႔ရဲ႕အိမ္နီးခ်င္းႏိုင္ငံ(အေမရိကန္)အပါအ၀င္ မိတ္ဖက္ႏိုင္ငံေတြထက္ ဗိုင္းရပ္စ္ ကို ပိုေကာင္းေကာင္းထိန္းခ်ဳပ္ထားႏိုင္ပါတယ္”ဟု ထ႐ူးဒူးက သတင္းစာ႐ွင္းလင္းပြဲတစ္ခုတြင္ေျပာၿပီး ထို႔ေၾကာင့္ စီးပြားေရးလုပ္ငန္းမ်ားျပန္စရန္ႀကိဳးစားမႈမ်ားကို ကူညီႏိုင္မည္ဟု ေမွ်ာ္လင့္ေနသည္။

ႏွစ္ႏိုင္ငံၾကားမလိုအပ္သည့္ခရီးသြားလာမႈမ်ားကို မတ္ကစတင္၍ပိတ္ပင္ထားၿပီး ဇူလိုင္ ၂၁ ရက္တြင္ သက္ တမ္းကုန္ပါက သက္တမ္းဆက္တိုးရန္႐ွိ၊ မ႐ွိေဆြးေႏြးေနၾကသည္။

ၿပီးခဲ့သည္တစ္ႏွစ္ခြဲအတြင္း ထ႐ူးဒူးႏွင့္ အေမရိကန္သမၼတေဒၚနယ္ ထရမ့္တို႔ၾကား ဆက္ဆံေရးေကာင္းေသာ္ လည္း ဝါ႐ွင္တန္တြင္ ဗုဒၶဟူးေန႔ကက်င္းပသည့္ ကေနဒါ၊ အေမရိကန္ႏွင့္မကၠဆီကိုႏိုင္ငံတို႔၏ အေမရိကတိုက္ ငယ္ကုန္သြယ္ေရးသေဘာတူစာခ်ဳပ္စတင္ေၾကာင္းထုတ္ျပန္မည့္ အစည္းအေ၀းကို မတက္ေရာက္ခဲ့ေပ။

႐ံုးတက္အလုပ္လုပ္ႏိုင္ရန္ ၁၄ ရက္သီးသန္႔အသြားအလာကန္႔သတ္ေနသည့္ထ႐ူးဒူးက ကေနဒါတင္ပို႔သည္ဒန္ သတၳဳမ်ားကို အေမရိကန္က စည္းၾကပ္ခြန္ထပ္ေကာက္ႏိုင္ေၾကာင္း စိုးရိမ္ေနသည္ဟုလည္း ထပ္မံေျပာဆို သည္။

Ref : Canada handled the COVID-19 outbreak better than United States: PM Trudeau

#PeopleMedia

(unicode)
ကိုရိုနာဗိုင်းရပ်စ်အရေးကိုင်တွယ်ရာတွင် အမေရိကန်ထက်သာလွန် ေကြာင်း ကနေဒါဝန်ကြီးချုပ်ပြော
………………………………………………

အော့တာဝါ၊ ဇူလိုင် ၉

ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားမှုကိုကိုင်တွယ်ဖြေရှင်းရာတွင် အမေရိကန်ပြည်ထောင်စုအပါအဝင် မိတ်ဖက်နိုင်ငံများ ထက်ပိုသာလွန်စွာ ဖြေရှင်းနိုင်ကြောင်း ကနေဒါဝန်ကြီးချုပ်ဂျက်စတင် ထရူးဒူးက ဇူလိုင် ၈ ရက်တွင်ပြောသည်။

အမေရိကန်လူဦးရေ၏ ဆယ်ပုံတစ်ပုံခန့်ရှိသောကနေဒါတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၈၇၁၁ ယောက်နှင့် ကူးစက်ခံရသူ ၁၀၆၁၆၇ ယောက်ရှိပြီး ကူးစက်နေသည့်နေရာတချို့ကျန်သော်လည်း အခြေအနေ တည်ငြိမ်နေပြီဖြစ်ကြောင်း ထရူးဒူးကပြောသည်။

အမေရိကန်ပြည်ထောင်စုတွင် ကူးစက်ခံရသူ ၃ သန်းကျော်ရှိပြီး သေဆုံးသူ ၁၃၁၀၀၀ ကျော်ရှိနေသည်။

ပြီးခဲ့သည့်သီတင်းပတ်များအတွင်း ပြည်နယ် ၂ ဒါဇင်ခန့်တွင် နေ့စဉ်ကူးစက်မှုများမြင့်တက်နေသည်ကို သတိ ထားရမည်ဟု အာဏာပိုင်များကပြောထားသည်။

“ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့အိမ်နီးချင်းနိုင်ငံ(အမေရိကန်)အပါအဝင် မိတ်ဖက်နိုင်ငံတွေထက် ဗိုင်းရပ်စ် ကို ပိုကောင်းကောင်းထိန်းချုပ်ထားနိုင်ပါတယ်”ဟု ထရူးဒူးက သတင်းစာရှင်းလင်းပွဲတစ်ခုတွင်ပြောပြီး ထို့ကြောင့် စီးပွားရေးလုပ်ငန်းများပြန်စရန်ကြိုးစားမှုများကို ကူညီနိုင်မည်ဟု မျှော်လင့်နေသည်။

နှစ်နိုင်ငံကြားမလိုအပ်သည့်ခရီးသွားလာမှုများကို မတ်ကစတင်၍ပိတ်ပင်ထားပြီး ဇူလိုင် ၂၁ ရက်တွင် သက် တမ်းကုန်ပါက သက်တမ်းဆက်တိုးရန်ရှိ၊ မရှိဆွေးနွေးနေကြသည်။

ပြီးခဲ့သည်တစ်နှစ်ခွဲအတွင်း ထရူးဒူးနှင့် အမေရိကန်သမ္မတဒေါ်နယ် ထရမ့်တို့ကြား ဆက်ဆံရေးကောင်းသော် လည်း ဝါရှင်တန်တွင် ဗုဒ္ဓဟူးနေ့ကကျင်းပသည့် ကနေဒါ၊ အမေရိကန်နှင့်မက္ကဆီကိုနိုင်ငံတို့၏ အမေရိကတိုက် ငယ်ကုန်သွယ်ရေးသဘောတူစာချုပ်စတင်ကြောင်းထုတ်ပြန်မည့် အစည်းအဝေးကို မတက်ရောက်ခဲ့ပေ။

ရုံးတက်အလုပ်လုပ်နိုင်ရန် ၁၄ ရက်သီးသန့်အသွားအလာကန့်သတ်နေသည့်ထရူးဒူးက ကနေဒါတင်ပို့သည်ဒန် သတ္ထုများကို အမေရိကန်က စည်းကြပ်ခွန်ထပ်ကောက်နိုင်ကြောင်း စိုးရိမ်နေသည်ဟုလည်း ထပ်မံပြောဆို သည်။

Ref : Canada handled the COVID-19 outbreak better than United States: PM Trudeau

#PeopleMedia


Share this post