• Follow Us on

Home ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၂၀၀၀ ကျော်လာ


Share this post

ဘေကျင်း၊ ဖေဖော်ဝါရီ – ၁၉




Source – AFP



(Unicode)
ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၂၀၀၀ ကျော်လာ
…………………………………………

ဘေကျင်း၊ ဖေဖော်ဝါရီ – ၁၉

တရုတ်နိုင်ငံက ကိုရိုနာဗိုင်းရပ်စ် COVID-19 ကြောင့် သေဆုံးသူ ၂၀၀၀ ကျော်သွားပြီလို့ တရုတ်အစိုးရက ဗုဒ္ဓ ဟူးနေ့မှာ ထုတ်ပြန်ပါတယ်။

အင်္ဂါနေ့မှာ နောက်ထပ် ၁၃၆ ယောက်သေဆုံးခဲ့ပြီးနောက် သေဆုံးသူ ၂၀၀၀ ကျော်လာတာပါ။ ဒါပေမဲ့ ကူးစက် ခံရသူအရေအတွက် ၂ ရက်ဆက်တိုက်ကျဆင်းလာတယ်လို့လည်း တရုတ်အမျိုးသားကျန်းမာရေးကော်မရှင်ဆီ ကနေသိရပါတယ်။

လက်ရှိမှာ ဝူဟန်ဗိုင်းရပ်စ်ကူးစက်ခံရသူ တရုတ်ပြည်မကြီးမှာ ၇၄၁၈၅ ယောက်ရှိနေပြီး သေဆုံးသူ ၂၀၀၄ ယောက်ရှိနေပါပြီ။ အင်္ဂါနေ့ကထက် ကူးစက်ခံရသူ ၁၇၄၉ ယောက်ပိုများလာတာပါ။ ထပ်ကူးစက်ခံရသူတွေဟာ ဗိုင်းရပ်စ်စတင်ပြန့်နှံ့ခဲ့တဲ့ ဝူဟန်မြို့မှာ အများစုဖြစ်ပြီးတော့ ဝူဟန်ပြင်ပမှာတော့ ကူးစက်မှု ၅၆ ခုပဲရှိခဲ့တဲ့အပြင် ကူးစက်ခံရမှု ၁၅ ရက်ဆက်တိုက်ကျဆင်းခဲ့တာပါ။

Source – AFP

Photo – People’s Daily China

#PeopleMedia #CoronaVirus #COVID19


Share this post