• Follow Us on

Home ကိုရိုနာဗိုင်းရပ်စ်ကြောင့် တစ်ရက်အတွင်းသေဆုံးသူ ၁၀၀ နီးပါးရှိခဲ့ပြီးနောက် အီတလီတစ်နိုင်ငံလုံးကို အ၀င်အထွက်ပိတ်ဆို့ထား


Share this post

ရောမ၊ မတ် ၁၀










(Unicode)
ကိုရိုနာဗိုင်းရပ်စ်ကြောင့် တစ်ရက်အတွင်းသေဆုံးသူ ၁၀၀ နီးပါးရှိခဲ့ပြီးနောက် အီတလီတစ်နိုင်ငံလုံးကို အဝင်အထွက်ပိတ်ဆို့ထား
…………………………………………………………

ရောမ၊ မတ် ၁၀

အီတလီနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်အရေးပေါ်အစီအမံတွေကို အဆင့်တိုးမြှင့်လိုက်ပြီး တစ်နိုင်ငံလုံးကိုလွှမ်းခြုံလိုက်ပြီဖြစ်ပါတယ်။

အစီအမံတွေထဲမှာ ခရီးသွားခွင့်ကန့်သတ်တာနဲ့ လူထုစုဝေးပွဲတွေကိုပိတ်ပင်တာတွေပါဝင်ပါတယ်။

စီးရီးအေဘောလုံးပွဲတွေအပါအဝင် အားကစားပွဲတွေအားလုံးကို တစ်နိုင်ငံလုံးမှာ ရပ်နားထားပြီး ကျောင်းတွေနဲ့ တက္ကသိုလ်တွေ ကို ဧပြီ ၃ ရက်အထိပိတ်ထားမှာပါ။

တနင်္လာနေ့မှာ နိုင်ငံသားတွေကို အိမ်ထဲမှာပဲနေဖို့နဲ့ မဖြစ်မနေ ခရီးသွားမယ်ဆိုရင် ခွင့်တောင်းဖို့ အီတလီဝန်ကြီးချုပ်ဂျူဆက်ပီ ကွန်တေးက နိုင်ငံသားတွေကို အမိန့်ထုတ်ခဲ့ပါတယ်။

အထိအခိုက်အများဆုံးဖြစ်မယ့်သူတွေကို ကာကွယ်မယ့်အစီအစဉ်တွေလို့ ကွန်တေးကပြောပါတယ်။

တနင်္လာနေ့မှာ အီတလီကကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၃၆၆ ကနေ ၄၆၃ ယောက်အထိမြင့်တက်ခဲ့ပြီး တရုတ်နိုင်ငပြင်ပ မှာ လူအသေအပျောက်အများဆုံးဖြစ်နေပါတယ်။

အီတလီနိုင်ငံရဲ့ ဒေသအခု ၂၀ စလုံးမှာ ဗိုင်းရပ်စ်ကူးစက်မှုတွေရှိနေပြီး လူ ၉၁၇၂ ယောက်ကို ကူးစက်ထားပါတယ်။

Ref : Coronavirus: Italy extends emergency measures nationwide

#PeopleMedia #CoronaVirus #Italy


Share this post