• Follow Us on

Home ကုလသမဂ္ဂ၏ ကရင်ပြည်နယ်နှင့် ပတ်သက်သော ထုတ်ပြန်ချက်သည် အခြေအမြစ်မရှိသည့်သတင်းများနှင့် ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန တုံ့ပြန်

ကုလသမဂ္ဂ၏ ကရင်ပြည်နယ်နှင့် ပတ်သက်သော ထုတ်ပြန်ချက်သည် အခြေအမြစ်မရှိသည့်သတင်းများနှင့် ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန တုံ့ပြန်

Share this post

မြစ်ကြီးနား၊ ဒီဇင်ဘာ ၂၈ (people media)

ကုလသမဂ္ဂ၏ ကရင်ပြည်နယ်နှင့် ပတ်သက်သော ထုတ်ပြန်ချက်သည် အခြေအမြစ်မရှိသည့်သတင်းများနှင့် ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ ယနေ့ သတင်းထုတ်ပြန်ထားသည်။

ကုလသမဂ္ဂမှ ယမန်နေ့က ထုတ်ပြန်ခဲ့သော ကရင်ပြည်နယ်နှင့် ပတ်သက်သည့် ထုတ်ပြန်ချက်သည် အခြေအမြစ်မရှိသည့်သတင်းများနှင့် စွပ်စွဲမှုများဖြစ်ပြီး ကုလသမဂ္ဂပဋိညာဉ်စာတမ်းနှင့် သံတမန်ဆက်ဆံရေးဆိုင်ရာ ဗီယင်နာကွန်ဗင်းရှင်း၏ ပြဋ္ဌာန်းချက်များကို ချိုးဖောက်၍ သက်ဆိုင်ရာ အိမ်ရှင်နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

ရန်ကုန်မြို့အခြေစိုက် အနောက်နိုင်ငံများမှ သံရုံးအချို့သည် ကရင်ပြည်နယ်တွင် ပေါ်ပေါက်နေသည့် ပစ်ခတ်တိုက်ခိုက်မှုဖြစ်စဉ်များနှင့်ပတ်သက်၍ ဒီဇင်ဘာလ ၂၄ ရက်တွင် ပူးတွဲ ကြေညာချက်ကို ထုတ်ပြန်ခဲ့ပြီး ယင်းကြေညာချက်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက အရပ်သား ပြည်သူများကို တိုက်ခိုက်နေသည့်ကိစ္စနှင့် အခြားစွပ်စွဲချက်များ ဖော်ပြပါရှိကြောင်း ဖော်ပြထားသည်။

ကုလသမဂ္ဂ၏ ယမန်နေ့က ထုတ်ပြန်ချက်တွင် ကယားပြည်နယ်အတွင်း ဒီဇင်ဘာလ ၂၄ ရက်နေ့က အရပ်သားတွေကို တိုက်ခိုက်ခဲ့သည့် သတင်းများကြာင့် ထိတ်လန့်တုန်လှုပ်မိကြောင်းနှင့် ထုတ်ပြန်ချက်တွင် အနည်းဆုံး ကလေးတစ်ဦးအပါအဝင် လူ ၃၅ ဦးကို အတင်းအဓမ္မ သတ်ဖြတ် မီးရှို့ခဲ့ကြောင်း ခိုင်လုံသော သတင်းများအရ သိရသည်ဟု ဖော်ပြထားသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ နိုင်ငံခြားရေးဝန်ကြီးဌာနသည် အဆိုပါသံရုံးများသို့ ဒီဇင်ဘာလ ၂၆ ရက် တွင် သံတမန်စာပေးပို့ပြီး ၎င်းကြေညာချက်တွင် ပါရှိသည့်အချက်များသည် စိစစ်အတည်ပြုနိုင်ခြင်း မရှိသည့်သတင်းများကို အခြေခံထားပြီး အစိုးရဆန့်ကျင်သူများ၊ အကြမ်းဖက်သမားများနှင့် သောင်းကျန်းသူများထံမှ ရရှိသည့်သတင်းများဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ပြန်လည်တုံ့ပြန် ရေးသားထားသည်။

အဆိုပါအခြေအမြစ်မရှိသည့် သတင်းများနှင့် စွပ်စွဲမှုများကို တစ်ဖက်သတ် ထုတ်လွှင့်မှုများသည် ကုလသမဂ္ဂပဋိညာဉ်စာတမ်းနှင့် သံတမန်ဆက်ဆံရေးဆိုင်ရာ ဗီယင်နာကွန်ဗင်းရှင်း၏ပြဋ္ဌာန်းချက်များကို ချိုးဖောက်၍ သက်ဆိုင်ရာအိမ်ရှင်နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းဖြစ်သောကြောင့် ယင်းသို့ မပြုလုပ်ရန် သတိပေးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန မှ ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။

ဝလုံး(EPN)

#PeopleMedia #UN #MOFA

(unicode)

……………………………….