• Follow Us on
Latest News

Home သထုံမြို့နယ်၌ မြန်မာ့ရှေ့ဆောင်ဘဏ်မှ ငွေသယ်ယာဉ်တစ်စီး ဓါးပြအတိုက်ခံရပြီး ယာဉ်နှင့်အတူ ကျပ်သိန်း ၈၄၀ ယူဆောင်သွားခြင်း ခံခဲ့ရ

သထုံမြို့နယ်၌ မြန်မာ့ရှေ့ဆောင်ဘဏ်မှ ငွေသယ်ယာဉ်တစ်စီး ဓါးပြအတိုက်ခံရပြီး ယာဉ်နှင့်အတူ ကျပ်သိန်း ၈၄၀ ယူဆောင်သွားခြင်း ခံခဲ့ရ

Share this post

မော်လမြိုင်၊ ဒီဇင်ဘာ ၂၉ (People Media)

 

ဒီဇင်ဘာ ၂၇ ရက်နေ့က မွန်ပြည်နယ်၊ သထုံမြို့နယ်၌ မြန်မာ့ရှေ့ဆောင်ဘဏ်မှ ဒု-မန်နေဂျာပါအဝင် ဝန်ထမ်း တစ်ဦးတို့သည် ဘီးလင်းမြို့နယ်၊ သိမ်ဆိပ်ရှိ ဒန်ဂိုဆီဆိုင်မှ ဆီရောင်းရငွေများကို လိုက်လံသိမ်းဆည်းပြီး အပြန် ရန်ကုန်-မော်လမြိုင်ကားလမ်း၊ ဘီးလင်းမြို့နယ်မှ သထုံမြို့ဘက်သို့အပြန် လမ်းခရီး၌ ဓါးပြအတိုက်ခံရပြီး ယာဉ် ပေါ်ပါ ကျပ်သိန်း ၈၄၀ နှင့်အတူ ယာဉ်ပါ ယူဆောင်သွားခြင်းခံရကြောင်း သိရသည်။

 

အဆိုပါ ဒီဇင်ဘာ ၂၇ ရက်နေ့၊ မွန်းလွဲပိုင်း တစ်နာရီ၌ မြန်မာ့ရှေ့ဆောင်ဘဏ်မှ ငွေသယ်ယာဉ်သည် ရန်ကုန်-မော်လမြိုင်ကားလမ်း၊ ဘီးလင်းမြို့နယ်မှ သထုံမြို့ဘက်သို့ အပြန် နောင်မွန်ကျေးရွာ အနီးအရောက်၌ လက် နက်ကိုင် သေနတ်သမား ၆ ဦးက ယာဉ်ကို တားဆီးပြီး ငွေနှင့်ယာဉ်ကို ယူဆောင်သွားခဲ့သည်။

 

လက်ရှိအချိန်၌ ကျူးလွန်သူကို ဖမ်းမိနိုင်ရေးအတွက် တာဝန်ရှိသူများက ဆောင်ရွက်နေကြောင်း သိရသည်။

 

Photo – MAB

 

#PeopleMedia #MAB #မွန်ပြည်နယ်

 

(unicode)


…………………………………………………………

 


 


 


 


 

Photo – MAB

 



Share this post