• Follow Us on

Home ကေလးငယ္၏ ဖခင္ႏွင့္ စကားမ်ားရာမွ အသက္(၆)ႏွစ္အရြယ္ မိန္းကေလးငယ္ကုိ အဓမၼျပဳက်င့္၍ သတ္ျဖတ္သူကုိ ဖမ္းမိ

ကေလးငယ္၏ ဖခင္ႏွင့္ စကားမ်ားရာမွ အသက္(၆)ႏွစ္အရြယ္ မိန္းကေလးငယ္ကုိ အဓမၼျပဳက်င့္၍ သတ္ျဖတ္သူကုိ ဖမ္းမိ

Share this post

ရန္ကုန္၊ ႏုိဝင္ဘာ – ၃၀

ပဲခူးတုိင္းေဒသႀကီး၊ လက္ပံတန္းၿမိဳ႕နယ္၊ ပ်ဥ္းကတိုးကုန္းအုပ္စု၌ ကေလးငယ္၏ ဖခင္ႏွင့္ စကားမ်ားရာမွ အသက္ (၆)ႏွစ္အရြယ္ မိန္းကေလးငယ္ကုိ အဓမၼျပဳက်င့္၍ သတ္ျဖတ္ခဲ့သူကုိ ရဲတပ္ဖြဲ႕က ဖမ္းဆီးႏုိင္ခဲ့သည္။

ျဖစ္စဥ္မွာ ႏုိဝင္ဘာ(၂၇) ရက္ေန႔၊ အခ်ိန္ (၂) အခ်ိန္ခန႔္၌ လက္ပံတန္းၿမိဳ႕နယ္၊ ပ်ဥ္းကတိုးကုန္းအုပ္စု၊ —ေက်း႐ြာေန မ— (၆)ႏွစ္သည္ ေနအိမ္၌ ေဆာ့ကစားေနရာမွ ေပ်ာက္ဆုံးသြားသျဖင့္ အနီးပတ္ဝန္းက်င္ေနရာမ်ားအား လိုက္လံရွာေဖြ ေသာ္လည္း ေတြ႕ရွိျခင္းမရွိေသာေၾကာင့္ ကေလးငယ္၏ မိဘမ်ားက သာရေဝါနယ္ေျမရဲစခန္း လူေပ်ာက္တုိင္ၾကားခဲ့သည္။

အဆုိပါျဖစ္စဥ္ေၾကာင့္ ႏုိဝင္ဘာ(၂၈)ရက္၊ နံနက္(၇း၃၀)အခ်ိန္၌ ေပ်ာက္ဆုံးသူ မိန္းကေလးငယ္သည္ ၎၏ ေနအိမ္ ေတာင္ဘက္ တစ္ၿခံေက်ာ္၊ ေနအိမ္ၿခံဝန္းအတြင္းရွိ ခ်ဳံပုတ္အတြင္း၌ ေသဆုံးလ်က္ေတြ႕ရွိေၾကာင္း သတင္းအရ ရဲတပ္ဖြဲ႕ ဝင္မ်ားက သက္ေသမ်ားႏွင့္အတူ သြားေရာက္စစ္ေဆးရာ ျပင္ပဒဏ္ရာတစ္စုံတစ္ရာမရွိဘဲ ပုဆိုးစျဖင့္ ပါးစပ္အားပိတ္၍ ခ်ည္ေႏွာင္ကာ ေျခေထာက္ (၂)ေခ်ာင္းအား ေျခက်င္းဝတ္ေနရာမွပူး၍ ခ်ည္ထားလ်က္ ေသဆုံးေနသည္ကို စစ္ေဆး ေတြ႕ရွိခဲ့သည္။

ေသဆုံးမႈ ျဖစ္စဥ္ႏွင့္ပတ္သက္၍ တစ္႐ြာတည္းေန မသကၤာသူ မင္းမင္းအား စစ္ေဆးရာ ၎သည္ ေသဆုံးသူ၏ ဖခင္ျဖစ္သူႏွင့္ လြန္ခဲ့ေသာ (၄)လခန္႔က စကားမ်ားခဲ့ၿပီး ကေလးငယ္ကုိ အဓမၼျပဳက်င့္၍ သတ္ျဖတ္ခဲ့ေၾကာင္း ေပၚေပါက္လာခဲ့သည္။

မင္းမင္းကုိ စစ္ေဆးခ်က္အရ ႏုိဝင္ဘာ(၂၇)ရက္ေန႔ ေန႔လည္ပိုင္းတြင္ ေသဆုံးသူ(မ)သည္ အခင္းျဖစ္ေနရာအနီး ခ်ဳံပုတ္အစပ္တြင္ တစ္ဦးတည္းထိုင္ေနသည္ကို ေတြ႕ရွိရသျဖင့္ ၎အား ခ်ဳံပုတ္အတြင္းသို႔ ဆြဲေခၚသြားကာ ပုဆိုး ၿပဲစမ်ားျဖင့္ ပါးစပ္ႏွင့္ ေျခေထာက္(၂)ေခ်ာင္းတို႔အား ခ်ည္ေႏွာင္ၿပီး သားမယားအျဖစ္(၁)ႀကိမ္ ျပဳက်င့္ သတ္ျဖတ္ ခဲ့သည္။

ထုိေနာက္ ေသဆုံးသူ၏ နားမွ နားကြင္းအား ျဖဳတ္၍ ယူသြားခဲ့ျခင္းျဖစ္သည္။

လက္ရွိအခ်ိန္၌ က်ဴးလြန္သူကုိ သက္ဆုိင္ရာရဲတပ္ဖြဲ႕က ဖမ္းဆီးထားၿပီး ဥပေဒႏွင့္အညီ ေဆာင္ရြက္လ်က္ရွိသည္။

#PeopleMedia #သက္ငယ္မုဒိန္း

(unicode)
ကလေးငယ်၏ ဖခင်နှင့် စကားများရာမှ အသက်(၆)နှစ်အရွယ် မိန်းကလေးငယ်ကို အဓမ္မပြုကျင့်၍ သတ်ဖြတ်သူကို ဖမ်းမိ
…………………………………………………………

ရန်ကုန်၊ နိုဝင်ဘာ – ၃၀

ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ်၊ ပျဉ်းကတိုးကုန်းအုပ်စု၌ ကလေးငယ်၏ ဖခင်နှင့် စကားများရာမှ အသက် (၆)နှစ်အရွယ် မိန်းကလေးငယ်ကို အဓမ္မပြုကျင့်၍ သတ်ဖြတ်ခဲ့သူကို ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့သည်။

ဖြစ်စဉ်မှာ နိုဝင်ဘာ(၂၇) ရက်နေ့၊ အချိန် (၂) အချိန်ခန့်၌ လက်ပံတန်းမြို့နယ်၊ ပျဉ်းကတိုးကုန်းအုပ်စု၊ —ကျေးရွာနေ မ— (၆)နှစ်သည် နေအိမ်၌ ဆော့ကစားနေရာမှ ပျောက်ဆုံးသွားသဖြင့် အနီးပတ်ဝန်းကျင်နေရာများအား လိုက်လံရှာဖွေ သော်လည်း တွေ့ရှိခြင်းမရှိသောကြောင့် ကလေးငယ်၏ မိဘများက သာရဝေါနယ်မြေရဲစခန်း လူပျောက်တိုင်ကြားခဲ့သည်။

အဆိုပါဖြစ်စဉ်ကြောင့် နိုဝင်ဘာ(၂၈)ရက်၊ နံနက်(ရး၃၀)အချိန်၌ ပျောက်ဆုံးသူ မိန်းကလေးငယ်သည် ၎င်း၏ နေအိမ် တောင်ဘက် တစ်ခြံကျော်၊ နေအိမ်ခြံဝန်းအတွင်းရှိ ချုံပုတ်အတွင်း၌ သေဆုံးလျက်တွေ့ရှိကြောင်း သတင်းအရ ရဲတပ်ဖွဲ့ ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ ပြင်ပဒဏ်ရာတစ်စုံတစ်ရာမရှိဘဲ ပုဆိုးစဖြင့် ပါးစပ်အားပိတ်၍ ချည်နှောင်ကာ ခြေထောက် (၂)ချောင်းအား ခြေကျင်းဝတ်နေရာမှပူး၍ ချည်ထားလျက် သေဆုံးနေသည်ကို စစ်ဆေး တွေ့ရှိခဲ့သည်။

သေဆုံးမှု ဖြစ်စဉ်နှင့်ပတ်သက်၍ တစ်ရွာတည်းနေ မသင်္ကာသူ မင်းမင်းအား စစ်ဆေးရာ ၎င်းသည် သေဆုံးသူ၏ ဖခင်ဖြစ်သူနှင့် လွန်ခဲ့သော (၄)လခန့်က စကားများခဲ့ပြီး ကလေးငယ်ကို အဓမ္မပြုကျင့်၍ သတ်ဖြတ်ခဲ့ကြောင်း ပေါ်ပေါက်လာခဲ့သည်။

မင်းမင်းကို စစ်ဆေးချက်အရ နိုဝင်ဘာ(၂၇)ရက်နေ့ နေ့လည်ပိုင်းတွင် သေဆုံးသူ(မ)သည် အခင်းဖြစ်နေရာအနီး ချုံပုတ်အစပ်တွင် တစ်ဦးတည်းထိုင်နေသည်ကို တွေ့ရှိရသဖြင့် ၎င်းအား ချုံပုတ်အတွင်းသို့ ဆွဲခေါ်သွားကာ ပုဆိုး ပြဲစများဖြင့် ပါးစပ်နှင့် ခြေထောက်(၂)ချောင်းတို့အား ချည်နှောင်ပြီး သားမယားအဖြစ်(၁)ကြိမ် ပြုကျင့် သတ်ဖြတ် ခဲ့သည်။

ထိုနောက် သေဆုံးသူ၏ နားမှ နားကွင်းအား ဖြုတ်၍ ယူသွားခဲ့ခြင်းဖြစ်သည်။

လက်ရှိအချိန်၌ ကျူးလွန်သူကို သက်ဆိုင်ရာရဲတပ်ဖွဲ့က ဖမ်းဆီးထားပြီး ဥပဒေနှင့်အညီ ဆောင်ရွက်လျက်ရှိသည်။

#PeopleMedia #သက်ငယ်မုဒိန်း


Share this post