• Follow Us on
Latest News

Home ကျိုင်းတုံမြို့နယ်၌ ဆေးစွဲနေသည့် သားဖြစ်သူမှ မိခင်ဖြစ်သူကို သတ်ဖြတ်ခဲ့ပြီး အလောင်းဖျောက်မှု ဖြစ်ပွားခဲ့

ကျိုင်းတုံမြို့နယ်၌ ဆေးစွဲနေသည့် သားဖြစ်သူမှ မိခင်ဖြစ်သူကို သတ်ဖြတ်ခဲ့ပြီး အလောင်းဖျောက်မှု ဖြစ်ပွားခဲ့

Share this post

တောင်ကြီး၊ နိုဝင်ဘာ ၁၈ (People Media)

 

ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့နယ်၌ မူးယစ်ဆေးစွဲနေသည် သားဖြစ်သူမှ မိခင်ဖြစ်သူကို သတ်ဖြတ်ခဲ့ပြီး အလောင်းဖျောက်မှုသည် နိုဝင်ဘာ ၁၇ ရက်နေ့က ဖြစ်ပေါ်ခဲ့ပါတယ်။

 

ဖြစ်စဉ်မှာ ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့နယ်၊ လွယ်လုံကျေးရွာအုပ်စု၊ ဟွေလုံရွာ၌ နေထိုင်သည့် အသက် ၅၄ နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦးသည် သားဖြစ်သူ၏ လုပ်ကြံမှုကြောင့် သေဆုံးသွားခဲ့ပါတယ်။

 

“နိုဝင်ဘာ ၁၇ ရက်နေ့က ဖြစ်တာပါ။ သားဖြစ်သူက မိခင်ဖြစ်သူကို သတ်ပြီး လယ်ကွင်းထဲမှာ မြေမြုပ်အ လောင်းဖျောက်ပြီး သတ်ခဲ့တာ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

 

လက်ရှိအချိန်၌ သားဖြစ်သူသည် ဖမ်းဆီးခံထားရပြီး မူးယစ်ဆေးဝါးသုံးစွဲသူတစ်ဦးဖြစ်ပြီး ဆေးစွဲနေတယ်လို့ သက်ဆိုင်ရာတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

 

#PeopleMedia #ကျိုင်းတုံမြို့

 

(unicode)


…………………………………………………………

 


 


 


 


 


 



Share this post