• Follow Us on

Home ကျူးဘားစစ်ရဟတ်ယာဉ်ပျက်ကျ၊ လူ ၅ ယောက်သေဆုံး

ကျူးဘားစစ်ရဟတ်ယာဉ်ပျက်ကျ၊ လူ ၅ ယောက်သေဆုံး

Share this post

ဟာဗားနား၊ ဇန်နဝါရီ ၃၀ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
 
ကျွန်းအရှေ့ပိုင်းရှိ တောင်ကုန်းတခုပေါ်သို့ ကျူးဘားစစ်ဘက်သုံးရဟတ်ယာဉ်တစင်းပျက်ကျခဲ့သဖြင့် ရဟတ်ယာဉ်ပေါ်ပါသူ ၅ ယောက်စလုံးသေဆုံးခဲ့သည်ဟု တပ်မတော်ရေးရာဝန်ကြီးဌာနကပြောသည်။
 
နိုင်ငံအရှေ့ပိုင်း ဟော်ဂွင်းခရိုင်မှ ဂွာတာနာမိုခရိုင်သို့ ခရီးတိုသွားစဉ်ပျက်ခြင်းဖြစ်သည်ဟုလည်းပြောသည်။
 
သေဆုံးသူများ၏အထောက်အထားများကို သိရသေးခြင်းမရှိဘဲ ပျက်ကျရသည့်အကြောင်းရင်းများကိုလည်း မသိရသေးချေ။ စုံစမ်းစစ်ဆေးမှုများလည်း ပြုလုပ်နေသည်။
 
၂၀၁၈ ခုနှစ်၊ မေတွင် ဟာဗားနားလေဆိပ်မှထွက်ခွာပြီးနောက် လေယာဉ်တစင်းပျက်ကျခဲ့ခြင်းသည် ကျူးဘား တွင် နောက်ဆုံးဆိုးရွားသောလေကြောင်းမတော်တဆမှုဖြစ်သည်။
 
ထိုဖြစ်ရပ်ကြောင့် ခရီးသည် ၁၁၂ ယောက်သေဆုံးခဲ့ပြီး လူ ၁ ယောက် အသက်ရှင်ခဲ့သည်။
 
Ref : Cuba helicopter crash: Five dead after aircraft left Holguín
 
#PeopleMedia
 
(unicode)
……………………………………
 
 
 
 
 
 
 
Ref : Cuba helicopter crash: Five dead after aircraft left Holguín
 
#PeopleMedia

Share this post