• Follow Us on

Home ကျူးဘား၊ ဗန်နီဇွဲလား၊ နီကာရာဂွာနိုင်ငံများနှင့် စစ်ရေးအစီအစဉ်များ ရုရှားထုတ်ဖော်ပြောကြား

ကျူးဘား၊ ဗန်နီဇွဲလား၊ နီကာရာဂွာနိုင်ငံများနှင့် စစ်ရေးအစီအစဉ်များ ရုရှားထုတ်ဖော်ပြောကြား

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၂၇ (People Media)

 

စစ်ရေးပူးပေါင်းဆောင်ရွက်မှုအပါအဝင် မိတ်ဖက်ဆက်ဆံရေးနယ်ပယ် ကျယ်ကျယ်ပြန့်ပြန့် တိုးမြှင့်ရန်အတွက် ရုရှားသမ္မတဗလာဒီမာပူတင်သည် ကျူးဘား၊ ဗန်နီဇွဲလား၊ နီကာရာဂွာ ခေါင်းဆောင်များနှင့် သဘောတူညီလိုက် ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလာဗော့ဗ်က ကြေညာလိုက်သည်။

 

ရုရှားသမ္မတပူတင်သည် မကြာသေးမီက ဗဟိုအမေရိကနိုင်ငံသုံးနိုင်ငံမှခေါင်းဆောင်များနှင့် ဆွေးနွေးခဲ့ပြီး ၎င်း တို့၏ မဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်ရေးအတွက် အတူလက်တွဲဆောင်ရွက်သွားကြရန် သဘောတူညီမှုရရှိခဲ့ကြောင်း ရုရှားနိုင်ငံ ဒူးမားလွှတ်တော်တွင် ဇန်နဝါရီလ ၂၆ ရက်နေ့က နိုင်ငံခြားရေးဝန်ကြီး ဆာဂျီလာဗော့ဗ်က ပြောကြားခဲ့သည်။

 

“ကျွန်တော်တို့နိုင်ငံနဲ့ အင်မတန်ရင်းနှီးတဲ့ အဲဒီနိုင်ငံသုံးနိုင်ငံက ခေါင်းဆောင်တွေနဲ့ သမ္မတပူတင် ဖုန်းလိုင်းက တစ်ဆင့်စကားပြောဆိုခဲ့ပါတယ်။ နယ်ပယ်အားလုံးမှာ ချွင်းချက်မရှိ မဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေး တွေ တိုးမြှင့်ဖို့အတွက် နည်းလမ်းတွေရှာဖွေသွားဖို့ သဘောတူညီမှုရရှိခဲ့ပါတယ်။ ရုရှားနိုင်ငံဟာ ဒီနိုင်ငံတွေနဲ့ စစ်ရေးနဲ့ စစ်ဘက်ဆိုင်ရာနည်းပညာတွေအပါအဝင် နယ်ပယ်အသီးသီးမှာ ရင်းနှီးတဲ့ဆက်ဆံရေးတွေရှိပြီးသား ဖြစ်ပါတယ်။” ဟု ဆာဂျီလာဗော့ဗ်က ပြောသည်။

 

အဆိုပါသုံးနိုင်ငံနှင့် စစ်ရေးအရပူးပေါင်းဆောင်ရွက်မှုနှင့်ပတ်သက်သည့်အလားအလာများကို မေးမြန်းသောအ ခါ လာဗော့ဗ်က “အနီးဆုံးအနာဂတ်ကာလအတွက် သက်ဆိုင်ရာကော်မတီတွေအလိုက် ပုံမှန်အစည်းအဝေး တွေ ကျင်းပပြုလုပ်သွားမှာပါ။” ဟု ပြောသည်။

 

လက်တင်အမေရိကနိုင်ငံများသို့ ရုရှားတပ်များစေလွှတ်မည့်အစီအစဉ်ရှိမရှိ ယခုလအစောပိုင်းကာလက ရုရှား   ဒုတိယနိုင်ငံခြားရေးဝန်ကြီးဆာဂျီရက်ဘ်ကော့ဗ်ကို မေးမြန်းခဲ့ရာ ယင်းအစီအစဉ်ကို စာရင်းမှဖယ်ထုတ်ထားခြင်း မရှိကြောင်း ဆာဂျီရက်ဘ်ကော့ဗ်က ပြန်လည်ဖြေကြားခဲ့သည်။

 

“နိုင်ငံရဲ့ နိုင်ငံခြားရေးနဲ့ စစ်ရေးမူဝါဒတွေအတွက် ရွေးချယ်စရာအခွင့်အလမ်း သုံးလေးခုထားထားတာ အမေရိ ကန်တွေရဲ့ ပုံစံပဲလေ။ ဒါဟာ ကမ္ဘာပေါ်မှာ နိုင်ငံရဲ့ သြဇာတိက္ကမကြီးမားမှုရဲ့ အခြေခံအုတ်မြစ်ပါပဲ။” ၎င်းက ပြောသည်။

 

“အခြေအနေတွေက ရုရှားနိုင်ငံကို ကျူးကျော်ရန်စလာတဲ့လမ်းကြောင်းပေါ်ရောက်လာပြီဆိုရင်၊ အမေရိကန် ဘက်ကနေ ကျွန်တော်တို့ကို စစ်ရေးအရဖိအားပေးမှုတွေ တိုးမြှင့်လာပြီဆိုလို့ရှိရင် ဥပမာ ရုရှားရေတပ်အနေနဲ့ ဘာလုပ်မလဲဆိုတာတွေကို ရုရှားသမ္မတက အကြိမ်ပေါင်းများစွာ ပြောဆိုဆွေးနွေးခဲ့ပြီးပါပြီ။ ကျွန်တော်တို့ အဲဒီ လိုဖြစ်လာမှာကို မလိုလားပါဘူး။ သံတမန်နည်းလမ်းတွေနဲ့ပဲ သဘောတူညီမှုရအောင်ဆောင်ရွက်ရမှာပါ။” ဟု ၎င်းကပြောသည်။

 

လက်တင်အမေရိကတွင် ရုရှားစစ်ရေးလှုပ်ရှားမှုနှင့်ပတ်သက်၍ လတ်တလောလုံခြုံရေးဆိုင်ရာဆွေးနွေးပွဲများ တွင် ထည့်သွင်းဆွေးနွေးရန်မရှိသော်လည်း ရုရှားနိုင်ငံက ၎င်းတို့တပ်များကို လက်တင်အမေရိကသို့စေလွှတ် မည်ဆိုပါက အမေရိကန်အနေဖြင့် ပြတ်ပြတ်သားသား တုံ့ပြန်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေးအရာရှိ ဂျိတ်ခ်ဆူလီဗန်က ပြောသည်။

 

ရုရှားခေါင်းဆောင်များနှင့် အမေရိကန်ခေါင်းဆောင်များသည် ယူကရိန်းအရေးနှင့်ပတ်သက်၍ တင်းမာမှုများ လျှော့ချရန် လတ်တလောကာလတွင် ဆွေးနွေးညှိနှိုင်းလျက်ရှိသည်။

 

Ref: Russia unveils military plans in Cuba & Latin America

 

#PeopleMedia

 

(unicode)


……………………………………………………………

 


 


 


 


 


 


 


 


 


 


 

Ref: Russia unveils military plans in Cuba & Latin America

 

#PeopleMedia


Share this post