• Follow Us on

Home ခရမ္းၿမိဳ႕၊ရပ္ေက်းေရြးေကာက္ပြဲေကာ္မရွင္႐ုံးေရွ႕၌ NLD ပါတီ အလံ စိုက္ထားမႈကို တိုင္ၾကားရန္ USDP ပါတီ စီစဉ္

ခရမ္းၿမိဳ႕၊ရပ္ေက်းေရြးေကာက္ပြဲေကာ္မရွင္႐ုံးေရွ႕၌ NLD ပါတီ အလံ စိုက္ထားမႈကို တိုင္ၾကားရန္ USDP ပါတီ စီစဉ္

Share this post

ရန္ကုန္၊စက္တင္ဘာ-၈

ရန္ကုန္တိုင္းေဒသႀကီး၊ခရမ္းၿမိဳ႕နယ္၊အမွတ္(၄)ရက္ကြက္ရွိ ရပ္ကြက္ေကာ္မရွင္႐ုံးေရွ႕၌ NLD ပါတီ အလံစိုက္ထားမႈကို ၿမိဳ႕နယ္ေရြးေကာက္ပြဲေကာ္မရွင္ထံ တိုင္ၾကားသြားမယ္လို႔ ခရမ္းၿမိဳ႕နယ္ ျပည္ခိုင္ၿဖိဳးပါတီ ျပည္သူ့လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ဦးဝင္းေဆြက ေျပာပါတယ္။

“ရပ္ကြက္ ေရြးေကာက္ပြဲေကာ္မရွင္႐ုံးေရွ႕မွာ NLD ပါတီအလံစိုက္တာ မသင့္ေတာ္ပါဘူး။ဥပေဒအရ တိုင္ၾကားသြားမွာပါလို႔”ဦးဝင္းေဆြက ေျပာပါတယ္။

၂၀၂၀ေရြးေကာက္ပြဲအတြက္ မဲဆြယ္ခြင့္ကို ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္က စက္တင္ဘာ(၈)ရက္ေန႔မွ စ၍ ခြင့္ျပဳ႕ေပးလိုက္ၿပီျဖစ္ပါတယ္။သို႔ေသာ္ ရန္ကုန္တိုင္းအတြင္းရွိ COVID-19 ေၾကာင့္ Lock Downခ်ထားသည့္ ၿမိဳ႕နယ္အခ်ိဳ႕ကိုေတာ့ မဲဆြယ္ခြင့္ ကန္သတ္ထားပါတယ္။

စက္တင္ဘာ(၈)ရက္ေန႔၌ တိုင္းေဒသႀကီး/ျပည္နယ္မ်ားရွိ မဲဆႏၵနယ္ေျမအခ်ိဳ႕၌ မဲဆြယ္မႈ စတင္ႏိုင္ေသာ္လည္း ရခိုင္ျပည္နယ္ေျမာက္ပိုင္းေဒသမ်ား၌ မဲဆြယ္မႈကို ေဒသခံ ႏိုင္ငံေရးပါတီမ်ား ျပဳ႕လုပ္ႏိုင္မႈ မရွိေသးပါဘူး။

#PeopleMedia #2020election #ခရမ္းၿမိဳ႕

[Unicode]
ခရမ်းမြို့၊ရပ်ကျေးရွေးကောက်ပွဲကော်မရှင်ရုံးရှေ့၌ NLD ပါတီ အလံ စိုက်ထားမှုကို တိုင်းကြားရန် USDP ပါတီ စီစဉ်
…………………………………………………………

ရန်ကုန်၊စက်တင်ဘာ-၈

ရန်ကုန်တိုင်းဒေသကြီး၊ခရမ်းမြို့နယ်၊အမှတ်(၄)ရက်ကွက်ရှိ ရပ်ကွက်ကော်မရှင်ရုံးရှေ့၌ NLD ပါတီ အလံစိုက်ထားမှုကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်ထံ တိုင်ကြားသွားမယ်လို့ ခရမ်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဝင်းဆွေက ပြောပါတယ်။

“ရပ်ကွက် ရွေးကောက်ပွဲကော်မရှင်ရုံးရှေ့မှာ NLD ပါတီအလံစိုက်တာ မသင့်တော်ပါဘူး။ဥပဒေအရ တိုင်ကြားသွားမှာပါလို့”ဦးဝင်းဆွေက ပြောပါတယ်။

၂၀၂၀ရွေးကောက်ပွဲအတွက် မဲဆွယ်ခွင့်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က စက်တင်ဘာ(၈)ရက်နေ့မှ စ၍ ခွင့်ပြု့ပေးလိုက်ပြီဖြစ်ပါတယ်။သို့သော် ရန်ကုန်တိုင်းအတွင်းရှိ COVID-19 ကြောင့် Lock Downချထားသည့် မြို့နယ်အချို့ကိုတော့ မဲဆွယ်ခွင့် ကန်သတ်ထားပါတယ်။

စက်တင်ဘာ(၈)ရက်နေ့၌ တိုင်းဒေသကြီး/ပြည်နယ်များရှိ မဲဆန္ဒနယ်မြေအချို့၌ မဲဆွယ်မှု စတင်နိုင်သော်လည်း ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသများ၌ မဲဆွယ်မှုကို ဒေသခံ နိုင်ငံရေးပါတီများ ပြု့လုပ်နိုင်မှု မရှိသေးပါဘူး။

#PeopleMedia #2020election #ခရမ်းမြို့


Share this post