• Follow Us on
Latest News

Home ကို႐ိုနာဗိုင္းရပ္စ္ကာကြယ္ေဆးမ်ား၀ယ္ယူရန္ အေရးေပၚအရံေငြမွအေမရိကန္ေဒၚလာသန္း ၃၆၀၀ ဂ်ပန္ထုတ္သံုးမည္

ကို႐ိုနာဗိုင္းရပ္စ္ကာကြယ္ေဆးမ်ား၀ယ္ယူရန္ အေရးေပၚအရံေငြမွအေမရိကန္ေဒၚလာသန္း ၃၆၀၀ ဂ်ပန္ထုတ္သံုးမည္

Share this post

တိုက်ိဳ၊ စက္တင္ဘာ ၈

ကို႐ိုနာဗိုင္းရပ္စ္ကာကြယ္ေဆးမ်ား၀ယ္ယူရန္ အေရးေပၚရန္ပံုေငြမွ ယြမ္ ၆၇၁.၄ ဘီလီယံ(အေမရိကန္ေဒၚလာသန္း ၆၃၂၀)ထုတ္သံုးသြားမည္ဟု ဂ်ပန္ဘ႑ာေရး၀န္ႀကီးက အဂၤါေန႔တြင္ေျပာသည္။

၂၀၂၁ ခုႏွစ္အလယ္တြင္ ႏိုင္ငံသားအားလံုးကာကြယ္ေဆးလံုလံုေလာက္ေလာက္ရရန္ေမွ်ာ္မွန္းထားၿပီး အခမဲ့ေပးေ၀သြားမည္ဟု ဂ်ပန္အစိုးရကေျပာထားသည္။

ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ၿပီးခဲ့သည့္ဆယ္စုႏွစ္တစ္ခုစာအတြင္း စီးပြားေရးက်ဆင္းမႈအမ်ားဆံုးျဖစ္ေနခ်ိန္တြင္ ဂ်ပန္ႏိုင္ငံက ယခုကဲ့သို႔ဆံုးျဖတ္ျခင္းျဖစ္သည္။

ၿပီးခဲ့သည့္လအတြင္း ဂ်ပန္၀န္ႀကီးခ်ဳပ္ေဟာင္း႐ွင္ဇို အာဘဲ က်န္းမာေရးေၾကာင့္ရာထူးမွႏုတ္ထြက္ခဲ့ၿပီး ထပ္မံေ႐ြးေကာက္ခံရမည့္၀န္ႀကီးခ်ဳပ္အေနျဖင့္ စီးပြားေရးက်ဆင္းမႈျပႆနာကို ေျဖ႐ွင္းရမည္ျဖစ္သည္။

လက္႐ွိအစိုးရအဖြဲ႔အတြင္းေရးမွဴးယို႐ွီဟီဒဲ ဆူဂါက ၀န္ႀကီးခ်ဳပ္ျဖစ္ရန္ ေရပန္းစားေနသည္။

Ref : Japan to spend US$6.3b from emergency reserves for COVID-19 vaccines

#PeopleMedia

(unicode)
ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးများဝယ်ယူရန် အရေးပေါ်အရံငွေမှအမေရိကန်ဒေါ်လာသန်း ၃၆၀၀ ဂျပန်ထုတ်သုံးမည်
……………………………………………………

တိုကျို၊ စက်တင်ဘာ ၈

ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးများဝယ်ယူရန် အရေးပေါ်ရန်ပုံငွေမှ ယွမ် ၆၇၁.၄ ဘီလီယံ(အမေရိကန်ဒေါ်လာသန်း ၆၃၂၀)ထုတ်သုံးသွားမည်ဟု ဂျပန်ဘဏ္ဍာရေးဝန်ကြီးက အင်္ဂါနေ့တွင်ပြောသည်။

၂၀၂၁ ခုနှစ်အလယ်တွင် နိုင်ငံသားအားလုံးကာကွယ်ဆေးလုံလုံလောက်လောက်ရရန်မျှော်မှန်းထားပြီး အခမဲ့ပေးဝေသွားမည်ဟု ဂျပန်အစိုးရကပြောထားသည်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပြီးခဲ့သည့်ဆယ်စုနှစ်တစ်ခုစာအတွင်း စီးပွားရေးကျဆင်းမှုအများဆုံးဖြစ်နေချိန်တွင် ဂျပန်နိုင်ငံက ယခုကဲ့သို့ဆုံးဖြတ်ခြင်းဖြစ်သည်။

ပြီးခဲ့သည့်လအတွင်း ဂျပန်ဝန်ကြီးချုပ်ဟောင်းရှင်ဇို အာဘဲ ကျန်းမာရေးကြောင့်ရာထူးမှနုတ်ထွက်ခဲ့ပြီး ထပ်မံရွေးကောက်ခံရမည့်ဝန်ကြီးချုပ်အနေဖြင့် စီးပွားရေးကျဆင်းမှုပြဿနာကို ဖြေရှင်းရမည်ဖြစ်သည်။

လက်ရှိအစိုးရအဖွဲ့အတွင်းရေးမှူးယိုရှီဟီဒဲ ဆူဂါက ဝန်ကြီးချုပ်ဖြစ်ရန် ရေပန်းစားနေသည်။

Ref : Japan to spend US$6.3b from emergency reserves for COVID-19 vaccines

#PeopleMedia


Share this post