• Follow Us on

Home ခ်ီေဖြၿမိဳ႕နယ္ NLD ဆိုင္းဘုတ္ရွိ ခြပ္ေဒါင္းပုံ ဖ်က္ဆီးခံရ

ခ်ီေဖြၿမိဳ႕နယ္ NLD ဆိုင္းဘုတ္ရွိ ခြပ္ေဒါင္းပုံ ဖ်က္ဆီးခံရ

Share this post

EPN
ခ်ီေဖြ၊ ေအာက္တိုဘာ ၁၆

ကခ်င္ျပည္နယ္၊ ခ်ီေဖြၿမိဳ႕၊ ရစ္ေလာ္ရပ္ကြက္ရွိ ခ်ီေဖြၿမိဳ႕နယ္၊ အမ်ိဳး သားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီ ဆိုင္းဘုတ္ရွိ ခြပ္ေဒါင္းပုံကို ေအာက္တို ဘာလ ၁၄ ရက္ေန႔ ညက ဖ်က္ဆီးခံခဲ့ရေၾကာင္း ယင္းပါတီတာဝန္ရွိ သူမ်ားထံမွ သိရသည္။

ခ်ီေဖြၿမိဳ႕နယ္ NLD ပါတီ႐ုံးေရွ႕ အုတ္ျဖင့္ စိုက္ထူထားေသာ ပါတီတံ ဆိပ္ပုံရွိ ခြပ္ေဒါင္းပုံတစ္ခုသာ ဖ်က္ဆီးခံရျခင္းျဖစ္ၿပီး ယင္းပါတီခြပ္ ေဒါင္းပုံ ဖ်က္ဆီးခံရတာႏွင့္ပတ္သက္၍ ပါတီတာဝန္ရွိသူမ်ားက စုံစမ္း ေနဆဲ ျဖစ္ေၾကာင္း ယင္းခ်ီေဖြၿမိဳ႕နယ္ NLDပါတီမွ တာဝန္ရွိသူတစ္ဦးက ေျပာသည္။

“ဆိုင္းဘုတ္မဟုတ္ဘူး။ ခြပ္ေဒါင္းပုံဖ်က္ဆီးခံရတာ။ အဲဒီပုံက ဓားနဲ႔မျခစ္ ရင္ေတာ့ ခြာလို႔မရဘူး။ အခုဒီကိစၥကို စုံစမ္းေနတုန္းပဲ။ ရဲစခန္းေတာ့ တိုင္ တာမရွိဘူး” ဟု ၎က ေျပာသည္။

အဆိုပါ ခ်ီေဖြၿမိဳ႕နယ္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီ႐ုံးကို ယခုလ ေအာက္တိုဘာလ ၅ ရက္ေန႔က ကခ်င္ျပည္နယ္အစိုးရအဖြဲ႕ဝင္ ဝန္ႀကီး မ်ား၊ ကခ်င္ျပည္နယ္ NLD ပါတီမွ တာဝန္ရွိသူမ်ားက တက္ေရာက္ ဖြင့္လွစ္ေပးခဲ့သည္။

ေကာင္းေကာင္း

Photo, Chaw Zang Ti

(unicode)

ချီဖွေမြို့နယ် NLD ဆိုင်းဘုတ်ရှိ ခွပ်ဒေါင်းပုံ ဖျက်ဆီးခံရ
++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

EPN
ချီဖွေ၊ အောက်တိုဘာ ၁၆

ကချင်ပြည်နယ်၊ ချီဖွေမြို့၊ ရစ်လော်ရပ်ကွက်ရှိ ချီဖွေမြို့နယ်၊ အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဆိုင်းဘုတ်ရှိ ခွပ်ဒေါင်းပုံကို အောက်တို ဘာလ ၁၄ ရက်နေ့ ညက ဖျက်ဆီးခံခဲ့ရကြောင်း ယင်းပါတီတာဝန်ရှိ သူများထံမှ သိရသည်။

ချီဖွေမြို့နယ် NLD ပါတီရုံးရှေ့ အုတ်ဖြင့် စိုက်ထူထားသော ပါတီတံ ဆိပ်ပုံရှိ ခွပ်ဒေါင်းပုံတစ်ခုသာ ဖျက်ဆီးခံရခြင်းဖြစ်ပြီး ယင်းပါတီခွပ် ဒေါင်းပုံ ဖျက်ဆီးခံရတာနှင့်ပတ်သက်၍ ပါတီတာဝန်ရှိသူများက စုံစမ်း နေဆဲ ဖြစ်ကြောင်း ယင်းချီဖွေမြို့နယ် NLDပါတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ဆိုင်းဘုတ်မဟုတ်ဘူး။ ခွပ်ဒေါင်းပုံဖျက်ဆီးခံရတာ။ အဲဒီပုံက ဓားနဲ့မခြစ် ရင်တော့ ခွာလို့မရဘူး။ အခုဒီကိစ္စကို စုံစမ်းနေတုန်းပဲ။ ရဲစခန်းတော့ တိုင် တာမရှိဘူး” ဟု ၎င်းက ပြောသည်။

အဆိုပါ ချီဖွေမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရုံးကို ယခုလ အောက်တိုဘာလ ၅ ရက်နေ့က ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီး များ၊ ကချင်ပြည်နယ် NLD ပါတီမှ တာဝန်ရှိသူများက တက်ရောက် ဖွင့်လှစ်ပေးခဲ့သည်။

ကောင်းကောင်း

Photo, Chaw Zang Ti


Share this post