• Follow Us on

Home မူဆယ္ၿမိဳ႕နယ္၊ ၁ဝ၅ မိုင္ စစ္ေဆးေရးဂိတ္အနီး၌ TNLAအဖြဲ႕၏ ေျပာက္က်ားယူနီေဖာင္း(၁၂၄၀)အစုံအပါအဝင္ ဆက္စပ္ပစၥည္းမ်ား သိမ္းဆည္းရမိ

မူဆယ္ၿမိဳ႕နယ္၊ ၁ဝ၅ မိုင္ စစ္ေဆးေရးဂိတ္အနီး၌ TNLAအဖြဲ႕၏ ေျပာက္က်ားယူနီေဖာင္း(၁၂၄၀)အစုံအပါအဝင္ ဆက္စပ္ပစၥည္းမ်ား သိမ္းဆည္းရမိ

Share this post

ရန္ကုန္၊ေအာက္တိုဘာ-၁၆

ရွမ္းျပည္နယ္(ေျမာက္ပိုင္း)၊ မူဆယ္ၿမိဳ႕နယ္၊ ၁ဝ၅ မိုင္ စစ္ေဆးေရးဂိတ္၌ လုံၿခဳံေရး ေဆာင္ရြက္ေနေသာ ပူးေပါင္းအဖြဲ႕သည္ ေအာက္တိုဘာ ၁၃ ရက္ ည ၆ နာရီ ၁ဝ မိနစ္ခန္႔တြင္ မူဆယ္ၿမိဳ႕ဘက္မွ လားရႈိးၿမိဳ႕ဘက္သို႔ ေမာင္းႏွင္လာသည့္ Pajero အမ်ိဳးအစား ေမာ္ေတာ္ယာဉ္အား စစ္ေဆးရန္ ရပ္တန္႔စဉ္ ရပ္တန္႔ျခင္းမရွိဘဲ ေမာင္းႏွင္ ထြက္ေျပးသြားခဲ့သျဖင့္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက လိုက္လံဖမ္းဆီးရာ စစ္ေဆးေရးဂိတ္၏ မီတာ ၃ဝဝဝ ခန္႔အကြာေနရာ၌ ၎ေမာ္ေတာ္ယာဉ္ေပၚမွ ပစ္ခ်ထားခဲ့သည့္ အစိမ္းေရာင္ ပီနံအိတ္ ၃၈ ထုပ္အား ေတြ႕ရွိသိမ္းဆည္း ရမိခဲ့သည္။

သိမ္းဆည္းရမိ အထုပ္မ်ားအား လုံၿခဳံေရး တပ္ဖြဲ႕ဝင္မ်ားက တာဝန္ရွိသူမ်ားႏွင့္အတူ ဖြင့္ေဖာက္စစ္ေဆးရာ TNLA ဘက္တံဆိပ္ပါ ေျပာက္က်ားယူနီေဖာင္း ၁၂၄ဝ စုံ၊ အစိမ္းႏွင့္အျဖဴၾကား သုံးလိုင္းေပၚ၌ အနီေရာင္အဝိုင္းပါ ၆ ေပ ၃ ေပ အလံ ၂ဝဝ ထည္ႏွင့္ ၃ ေပ ၂ ေပ အလံ ၂ဝဝ ထည္၊ အနီေရာင္ေအာက္ခံေပၚတြင္ အျဖဴေရာင္ ဓားႏွစ္လက္ပါ ၆ ေပ ၃ ေပ အလံ၂ဝဝ ထည္တို႔အား စစ္ေဆးေတြ႕ရွိခဲ့သည္။

အဆိုပါထြက္ေျပး လြတ္ေျမာက္သြားေသာ ေမာ္ေတာ္ယာဉ္အား ဖမ္းဆီးရမိေရးႏွင့္ အဆိုပါေဒသ တည္ၿငိမ္ေအးခ်မ္းေရး အတြက္ တပ္မေတာ္စစ္ေၾကာင္းမ်ားက တာဝန္ ရွိသူမ်ားႏွင့္ ပူးေပါင္း၍ နယ္ေျမလုံၿခဳံေရးႏွင့္ နယ္ေျမစိုးမိုးေရး လုပ္ငန္းမ်ား ဆက္လက္ ေဆာင္ရြက္လ်က္ ရွိသည္။

(unicode)
မူဆယ်မြို့နယ်၊ ၁ဝ၅ မိုင် စစ်ဆေးရေးဂိတ်အနီး၌ TNLAအဖွဲ့၏ ပြောက်ကျားယူနီဖောင်း(၁၂၄၀)အစုံအပါအဝင် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ

+++++++++++++++++++++++++++++++++++++++++++++++++++++

ရန်ကုန်၊အောက်တိုဘာ-၁၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နယ်၊ ၁ဝ၅ မိုင် စစ်ဆေးရေးဂိတ်၌ လုံခြုံရေး ဆောင်ရွက်နေသော ပူးပေါင်းအဖွဲ့သည် အောက်တိုဘာ ၁၃ ရက် ည ၆ နာရီ ၁ဝ မိနစ်ခန့်တွင် မူဆယ်မြို့ဘက်မှ လားရှိုးမြို့ဘက်သို့ မောင်းနှင်လာသည့် Pajero အမျိုးအစား မော်တော်ယာဉ်အား စစ်ဆေးရန် ရပ်တန့်စဉ် ရပ်တန့်ခြင်းမရှိဘဲ မောင်းနှင် ထွက်ပြေးသွားခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုက်လံဖမ်းဆီးရာ စစ်ဆေးရေးဂိတ်၏ မီတာ ၃ဝဝဝ ခန့်အကွာနေရာ၌ ၎င်းမော်တော်ယာဉ်ပေါ်မှ ပစ်ချထားခဲ့သည့် အစိမ်းရောင် ပီနံအိတ် ၃၈ ထုပ်အား တွေ့ရှိသိမ်းဆည်း ရမိခဲ့သည်။

သိမ်းဆည်းရမိ အထုပ်များအား လုံခြုံရေး တပ်ဖွဲ့ဝင်များက တာဝန်ရှိသူများနှင့်အတူ ဖွင့်ဖောက်စစ်ဆေးရာ TNLA ဘက်တံဆိပ်ပါ ပြောက်ကျားယူနီဖောင်း ၁၂၄ဝ စုံ၊ အစိမ်းနှင့်အဖြူကြား သုံးလိုင်းပေါ်၌ အနီရောင်အဝိုင်းပါ ၆ ပေ ၃ ပေ အလံ ၂ဝဝ ထည်နှင့် ၃ ပေ ၂ ပေ အလံ ၂ဝဝ ထည်၊ အနီရောင်အောက်ခံပေါ်တွင် အဖြူရောင် ဓားနှစ်လက်ပါ ၆ ပေ ၃ ပေ အလံ၂ဝဝ ထည်တို့အား စစ်ဆေးတွေ့ရှိခဲ့သည်။

အဆိုပါထွက်ပြေး လွတ်မြောက်သွားသော မော်တော်ယာဉ်အား ဖမ်းဆီးရမိရေးနှင့် အဆိုပါဒေသ တည်ငြိမ်အေးချမ်းရေး အတွက် တပ်မတော်စစ်ကြောင်းများက တာဝန် ရှိသူများနှင့် ပူးပေါင်း၍ နယ်မြေလုံခြုံရေးနှင့် နယ်မြေစိုးမိုးရေး လုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက် ရှိသည်။


Share this post