• Follow Us on

Home ခရုစ်ဒုံးကျည်များ သယ်ဆောင်နိုင်သော တန် ၁,၃၀၀ ရှိ ရေငုပ်သင်္ဘော အီရန်တည်ဆောက်မည်

ခရုစ်ဒုံးကျည်များ သယ်ဆောင်နိုင်သော တန် ၁,၃၀၀ ရှိ ရေငုပ်သင်္ဘော အီရန်တည်ဆောက်မည်

Share this post

နိုင်ငံတကာ၊ နိုဝင်ဘာ ၂၉ (People Media)

 

အီရန်နိုင်ငံသည် မကြာမီအချိန်အတွင်း ခရုစ်ဒုံးကျည်များသယ်ဆောင်နိုင်သော ရေငုပ်သင်္ဘောတစ်စင်းတည် ဆောက်တော့မည်ဖြစ်ကြောင်း အီရန်ရေတပ်ဗိုလ်ချုပ်ကြီး ရှာရမ်၏စကားကို ကိုးကား၍ BulgariaMilitary.com နှင့် အီရန်သတင်းဌာန Tasnim တွင်ဖော်ပြထားသည်။

 

ရေငုပ်သင်္ဘောအသစ်သည် ဘီဆက် Besat အတန်းအစား ရေငုပ်သင်္ဘောဖြစ်သည်။ ယင်းရေငုပ်သင်္ဘောသစ် မှ ခရုစ်ဒုံးကျည်များသယ်ဆောင်ပစ်ခတ်နိုင်သော်လည်း ခရုစ်ဒုံးကျည်မည်မျှသယ်ဆောင်နိုင်သည်ကို ရှင်းလင်း စွာမသိရပေ။ သို့သော် ရေငုပ်သင်္ဘောတွင် တော်ပီဒို ၆ လုံးနှင့် အခြားမိုင်းများသယ်ဆောင်နိုင်ကြောင်း အတည် ပြုပြောဆိုထားသည်။

 

အဆိုပါရေငုပ်သင်္ဘောသည် တန် ၁,၃၀၀ ရှိပြီး အလျား (အရှည်) ၆၀ မီတာရှည်လျားကာ မီတာ ၃၀၀ အထိ ရေငုပ်နိုင်ကြောင်းသိရသည်။ ရေငုပ်သင်္ဘောသည် ရေပေါ်တွင် တစ်နာရီလျှင် ၂၂ ကီလိုမီတာနှုန်းဖြင့် ရေမိုင် ၁၂ မိုင်သွားလာနိုင်ပြီး ရေအောက်တွင် တစ်နာရီလျှင် ကီလိုမီတာ ၃၀ နှုန်းဖြင့် ရေမိုင် ၂၀ သွားလာနိုင်ကြောင်း သတင်းရင်းမြစ်များကပြောသည်။

 

ယင်းရေငုပ်သင်္ဘောသည် အီရန်နိုင်ငံတွင် တာဝန်ထမ်းဆောင်နေသော Qaaem အတန်းအစား တော်လှန်ရေး မိုဒယ်လ်တစ်ခုဖြစ်သည်။ Qaaem အတန်းအစား ရေငုပ်သင်္ဘောမှာ ၂၀၀၈ ခုနှစ်တွင် တပ်တော်ဝင်ခဲ့သော ရေ ငုပ်သင်္ဘောသစ်ဖြစ်ပြီး စစ်ဆင်ရေးတာဝန်ထမ်းဆောင်မှုမှာ အကန့်အသတ်ရှိကြောင်းသိရသည်။

 

အီရန်ရေတပ်တွင် ရေငုပ်သင်္ဘော ၁၉ စီးရှိကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကပြောသည်။ ယင်းတို့ အနက် သုံးစီးမှာ ကီလိုအတန်းအစား တိုက်ခိုက်ရေးရေငုပ်သင်္ဘောများဖြစ်ပြီး ၁၉၉၀ ပြည့်နှစ်များတွင် ရုရှားနိုင် ငံကထုတ်လုပ်ပေးပို့ခဲ့ခြင်းဖြစ်သည်။

 

အီရန်နိုင်ငံတွင် မြောက်ကိုရီးယားနိုင်ငံထုတ် Yono class [SSM] ရေငုပ်သင်္ဘောအငယ်စား ၁၄ စီးရှိသည်။ ယင်းတို့အနက် ၁၃ စီးမှာ ၂၀၀၄ ခုနှစ်တွင် Yono-class ရေငုပ်သင်္ဘောများ အီရန်နိုင်ငံကရရှိခဲ့ပြီးနောက် အီရန် နိုင်ငံကပင်ထုတ်လုပ်ခဲ့ခြင်းဖြစ်သည်။ နောက်ပိုင်းတွင် ရေငုပ်သင်္ဘောများကို အီရန်နိုင်ငံတွင်ထုတ်လုပ်ရန် မြောက်ကိုရီးယားနိုင်ငံနှင့် သဘောတူညီမှုရရှိခဲ့သည်။

 

Yono class [SSM] ရေငုပ်သင်္ဘောအငယ်စားမှာ တန် ၁၂၀ သာသယ်ဆောင်နိုင်ပြီး တော်ပီဒိုပြွန်နှစ်လုံးသာပါရှှိ ကာ ပြည်တွင်းထုတ် ၅၃ စင်တီမီတာတော်ပီဒိုကိုသာပစ်ခတ်နိုင်သည့် ရေငုပ်သင်္ဘောဖြစ်သည်။

 

အီရန်နိုင်ငံ၏ နောက်ဆုံးထုတ် ရေငုပ်သင်္ဘောနှစ်စီးမှာ အီရန်နိုင်ငံထုတ် Fateh [SSC] class ရေငုပ်သင်္ဘော ဖြစ်သည်။ Fateh [SSC] class ရေငုပ်သင်္ဘောသည် တန် ၆၀၀ သယ်ဆောင်နိုင်ပြီး မီတာ ၂၀၀ အထိရေငုပ်နိုင် ကာ မီတာ ၅,၀၀၀ အထိ ခုတ်မောင်းသွားလာနိုင်သည်။

 

Ref: Iran is building a 1,300-ton new class submarine carrying cruise missiles

 

#PeopleMedia

 

(unicode)


……………………………………………………………..

 


 


 


 


 


 


 


 


 


 

Ref: Iran is building a 1,300-ton new class submarine carrying cruise missiles

 

#PeopleMedia


Share this post