• Follow Us on

Home ဂမ္ဘီယာတရားေရး၀န္ႀကီးေဟာင္းကို ကုလသမဂၢတရားေရးလုပ္ငန္းစဥ္မွတ္တမ္းအရာ႐ွိအျဖစ္ ခန္႔အပ္

ဂမ္ဘီယာတရားေရး၀န္ႀကီးေဟာင္းကို ကုလသမဂၢတရားေရးလုပ္ငန္းစဥ္မွတ္တမ္းအရာ႐ွိအျဖစ္ ခန္႔အပ္

Share this post

အာ႐ု႐ွာ၊ ဇူလိုင္ ၄

ဂမ္ဘီယာႏိုင္ငံရဲ႕တရားေရး၀န္ႀကီးေဟာင္း အဘူဘာကာ မာရီတမ္ဘာဒူကို ဇူလိုင္ ၁ ရက္ကစၿပီး The Mechanism လို႔လည္း သိၾကတဲ့ ႏိုင္ငံတကာတရား႐ံုးမ်ား၏ ႂကြင္းက်န္ေသာလုပ္ငန္းစဥ္တရား႐ံုးရဲ႕ မွတ္တမ္းအရာ႐ွိအျဖစ္ခန္႔အပ္လိုက္တယ္လို႔ ဇူလိုင္ ၂ ရက္မွာ ကုလသမဂၢအေထြေထြအတြင္းေရးမွဴးအန္တိုနီယို ဂူတားစ္ကေၾကညာပါတယ္။

၂၀၁၇ ခုႏွစ္၊ ဇန္နဝါရီကစၿပီး မွတ္တမ္းအရာ႐ွိအျဖစ္တာ၀န္ထမ္းေဆာင္ေနတဲ့ ႏိုင္ဂ်ီရီးယားႏိုင္ငံက အိုလူဖီမီအီလီယာ့စ္ဆီ ကေန တာ၀န္လႊဲေျပာင္းယူမွာပါ။

တမ္ဘာဒူးဟာ ဂမ္ဘီယာသမၼတႏိုင္ငံရဲ႕ေ႐ွ႕ေနခ်ဳပ္နဲ႔ တရားေရး၀န္ႀကီးအျဖစ္ ၂၀၁၇ ခုႏွစ္၊ ေဖေဖာ္ဝါရီကစတင္တာ၀န္ယူခဲ့ၿပီး အေရးႀကီးတဲ့လူ႔အခြင့္အေရးနဲ႔တရားေရးျပဳျပင္ေျပာင္းလဲမႈေတြကို ေခါင္းေဆာင္ခဲ့သူပါ။

ဂမ္ဘီယာမွာ တရားေရး၀န္ႀကီးအျဖစ္တာ၀န္မယူခင္ ၂၀၁၂ ခုႏွစ္ကေန ၂၀၁၇ ခုႏွစ္အထိ The Mechanism မွာ အမႈစစ္ အရာ႐ွိရဲ႕အထူးလက္ေထာက္အေနနဲ႔တာ၀န္ယူခဲ့ၿပီး ႐ံုးရဲ႕ အာ႐ု႐ွာနဲ႔ The Hague ႐ံုးခြဲေတြမွာ လုပ္ငန္းေဆာင္႐ြက္ႏိုင္ေရး အားထုတ္မႈေတြမွာပါ၀င္ခဲ့ပါတယ္။

အဲဒီမတိုင္ခင္မွာေတာ့ တမ္ဘာဒူးဟာ ရ၀မ္ဒါႏိုင္ငံဆိုင္ရာႏိုင္ငံတကာရာဇ၀တ္ခံု႐ံုး ICTR ရဲ႕ အမႈစစ္႐ံုးမွာ တရားခြင္ေ႐ွ႕ေနအျဖစ္ ၂၀၀၃ ခုႏွစ္နဲ႔ ၂၀၀၈ ခုႏွစ္ၾကား၊ ICTR အယူခံေ႐ွ႕ေနအျဖစ္ ၂၀၀၈ ခုႏွစ္နဲ႔ ၂၀၁၂ ခုႏွစ္ၾကား တာ၀န္ထမ္းေဆာင္ခဲ့ဖူးပါတယ္။

၂၀၁၈ ခုႏွစ္က အစၥလာမ္မစ္ပူးေပါင္းေဆာင္႐ြက္ေရးအဖြဲ႔(အိုအိုင္စီ)ရဲ႕ ဘဂၤါလီ(မူရင္းတြင္႐ိုဟင္ဂ်ာဟုေဖာ္ျပ)မ်ား လူ႔အခြင့္ အေရးခ်ိဳးေဖာက္ခံရမႈဆိုင္ရာအိုအိုင္စီ၀န္ႀကီးမ်ားေကာ္မတီဥကၠ႒အျဖစ္ တာ၀န္ထမ္းေဆာင္ေနခ်ိန္မွာပဲ ၂၀၁၉ ခုႏွစ္မွာ တမ္ဘာဒူးကို အာဖရိကသမဂၢရဲ႕တရားေရးႏွင့္ဥပေဒေရးရာအထူးနည္းပညာအေထာက္အကူျပဳေကာ္မတီဥကၠ႒အျဖစ္ ခန္႔အပ္ ခဲ့ပါတယ္။

The Mechanism ဟာ ၂၀၁၀ ျပည့္ႏွစ္မွာ ကုလသမဂၢလံုျခံဳေရးေကာင္စီကတည္ေထာင္ခဲ့တဲ့တရား႐ံုးျဖစ္ၿပီး ယခင္ယူဂိုဆလား ဗီးယားဆိုင္ရာႏိုင္ငံတကာရာဇ၀တ္ခံု႐ံုးနဲ႔ ရ၀မ္ဒါႏိုင္ငံဆိုင္ရာႏိုင္ငံတကာတရား႐ံုးတို႔ လုပ္ငန္းတာ၀န္ေတြၿပီးဆံုးၿပီးေနာက္ က်န္ ႐ွိေနတဲ့လုပ္ငန္းစဥ္ေတြကိုေဆာင္႐ြက္ဖို႔တာ၀န္ယူထားရပါတယ္။

Ref : Un secretary-general appoints mr. Abubacarr marie tambadou as registrar of the mechanism

#PeopleMedia

(unicode)
ဂမ်ဘီယာတရားရေးဝန်ကြီးဟောင်းကို ကုလသမဂ္ဂတရားရေးလုပ်ငန်းစဉ်မှတ်တမ်းအရာရှိအဖြစ် ခန့်အပ်
…………………………………………………

အာရုရှာ၊ ဇူလိုင် ၄

ဂမ်ဘီယာနိုင်ငံရဲ့တရားရေးဝန်ကြီးဟောင်း အဘူဘာကာ မာရီတမ်ဘာဒူကို ဇူလိုင် ၁ ရက်ကစပြီး The Mechanism လို့လည်း သိကြတဲ့ နိုင်ငံတကာတရားရုံးများ၏ ကြွင်းကျန်သောလုပ်ငန်းစဉ်တရားရုံးရဲ့ မှတ်တမ်းအရာရှိအဖြစ်ခန့်အပ်လိုက်တယ်လို့ ဇူလိုင် ၂ ရက်မှာ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးအန်တိုနီယို ဂူတားစ်ကကြေညာပါတယ်။

၂၀၁၇ ခုနှစ်၊ ဇန်နဝါရီကစပြီး မှတ်တမ်းအရာရှိအဖြစ်တာဝန်ထမ်းဆောင်နေတဲ့ နိုင်ဂျီရီးယားနိုင်ငံက အိုလူဖီမီအီလီယာ့စ်ဆီ ကနေ တာဝန်လွှဲပြောင်းယူမှာပါ။

တမ်ဘာဒူးဟာ ဂမ်ဘီယာသမ္မတနိုင်ငံရဲ့ရှေ့နေချုပ်နဲ့ တရားရေးဝန်ကြီးအဖြစ် ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီကစတင်တာဝန်ယူခဲ့ပြီး အရေးကြီးတဲ့လူ့အခွင့်အရေးနဲ့တရားရေးပြုပြင်ပြောင်းလဲမှုတွေကို ခေါင်းဆောင်ခဲ့သူပါ။

ဂမ်ဘီယာမှာ တရားရေးဝန်ကြီးအဖြစ်တာဝန်မယူခင် ၂၀၁၂ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်အထိ The Mechanism မှာ အမှုစစ် အရာရှိရဲ့အထူးလက်ထောက်အနေနဲ့တာဝန်ယူခဲ့ပြီး ရုံးရဲ့ အာရုရှာနဲ့ The Hague ရုံးခွဲတွေမှာ လုပ်ငန်းဆောင်ရွက်နိုင်ရေး အားထုတ်မှုတွေမှာပါဝင်ခဲ့ပါတယ်။

အဲဒီမတိုင်ခင်မှာတော့ တမ်ဘာဒူးဟာ ရဝမ်ဒါနိုင်ငံဆိုင်ရာနိုင်ငံတကာရာဇဝတ်ခုံရုံး ICTR ရဲ့ အမှုစစ်ရုံးမှာ တရားခွင်ရှေ့နေအဖြစ် ၂၀၀၃ ခုနှစ်နဲ့ ၂၀၀၈ ခုနှစ်ကြား၊ ICTR အယူခံရှေ့နေအဖြစ် ၂၀၀၈ ခုနှစ်နဲ့ ၂၀၁၂ ခုနှစ်ကြား တာဝန်ထမ်းဆောင်ခဲ့ဖူးပါတယ်။

၂၀၁၈ ခုနှစ်က အစ္စလာမ်မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(အိုအိုင်စီ)ရဲ့ ဘင်္ဂါလီ(မူရင်းတွင်ရိုဟင်ဂျာဟုဖော်ပြ)များ လူ့အခွင့် အရေးချိုးဖောက်ခံရမှုဆိုင်ရာအိုအိုင်စီဝန်ကြီးများကော်မတီဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်နေချိန်မှာပဲ ၂၀၁၉ ခုနှစ်မှာ တမ်ဘာဒူးကို အာဖရိကသမဂ္ဂရဲ့တရားရေးနှင့်ဥပဒေရေးရာအထူးနည်းပညာအထောက်အကူပြုကော်မတီဥက္ကဋ္ဌအဖြစ် ခန့်အပ် ခဲ့ပါတယ်။

The Mechanism ဟာ ၂၀၁၀ ပြည့်နှစ်မှာ ကုလသမဂ္ဂလုံခြုံရေးကောင်စီကတည်ထောင်ခဲ့တဲ့တရားရုံးဖြစ်ပြီး ယခင်ယူဂိုဆလား ဗီးယားဆိုင်ရာနိုင်ငံတကာရာဇဝတ်ခုံရုံးနဲ့ ရဝမ်ဒါနိုင်ငံဆိုင်ရာနိုင်ငံတကာတရားရုံးတို့ လုပ်ငန်းတာဝန်တွေပြီးဆုံးပြီးနောက် ကျန် ရှိနေတဲ့လုပ်ငန်းစဉ်တွေကိုဆောင်ရွက်ဖို့တာဝန်ယူထားရပါတယ်။

Ref : Un secretary-general appoints mr. Abubacarr marie tambadou as registrar of the mechanism

#PeopleMedia


Share this post