• Follow Us on

Home ဂရိနိုင်ငံရှိ အက်ဖ် ၁၆ တိုက်လေယာဉ်များပြုပြင်ထိန်းသိမ်းရေး ကန်ဒေါ်လာ သန်း ၂၇၀ ပံ့ပိုးရန် အမေရိကန် အတည်ပြုထောက်ခံ

ဂရိနိုင်ငံရှိ အက်ဖ် ၁၆ တိုက်လေယာဉ်များပြုပြင်ထိန်းသိမ်းရေး ကန်ဒေါ်လာ သန်း ၂၇၀ ပံ့ပိုးရန် အမေရိကန် အတည်ပြုထောက်ခံ

Share this post

နိုင်ငံတကာ၊ သြဂုတ် ၆ (People Media)

 

ဂရိနိုင်ငံရှိ အက်ဖ် ၁၆ တိုက်လေယာဉ်များပြုပြင်ထိန်းသိမ်းရန်အတွက် အမေရိကန်ဒေါ်လာ သန်း ၂၇၀ ပံ့ပိုး ကူညီသွားရန် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက အတည်ပြုထောက်ခံလိုက်ကြောင်း သြဂုတ်လ ၄ ရက် နေ့က ကြေညာချက်ထုတ်ပြန်ခဲ့သည်။

 

အတည်ပြုထောက်ခံထားသည့်ပံ့ပိုးကူညီမှုတွင် လေ့ကျင့်ရေးဆက်စပ်ပစ္စည်းများ၊ ပစ်မှတ်ရှာဖွေရေးအဆင့်မြှင့် တင်မှုနှင့် စစ်ဆင်ရေးစီမံချက်အဆင့်မြှင့်တင်မှုတို့အပြင် တိုက်လေယာဉ်များအတွက် အင်ဂျင်နီယာပညာရပ် များ၊ နည်းပညာနှင့် ထောက်ပံ့ပို့ဆောင်ရေးစီမံဖွဲ့စည်းမှုပညာရပ် ထောက်ပံ့မှုများပါဝင်ကြောင်း ကာကွယ်ရေး ဆိုင်ရာလုံခြုံမှုပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (DSCA- Defense Security Cooperation Agency) ၎င်းတို့၏ ဝက်ဘ်ဆိုက်ဒ်တွင်ရေးသားဖော်ပြခဲ့သည်။

 

ဟယ်လီနိုက်စ်လေတပ်စခန်းရှိ လော့ခ်ဟိမာတင်ကုမ္ပဏီထုတ် အက်ဖ် ၁၆ တိုက်လေယာဉ်များ အဆင့်မြှင့်တင် နေစဉ်ကာလအတွင်း အရောင်းဌာန၏ခန့်မှန်းအတည်ပြုထောက်ခံချက်ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။ အဆင့် မြှင့်တင်မှုများကြောင့် အလေးထားရမည့်သက်တမ်းရင့်လေယာဉ်အတွက် စွမ်းဆောင်ရည်အကောင်းဆုံး စက် ပစ္စည်းအစိတ်အပိုင်းတပ်ဆင်မှုဖြစ်လာမည်ဖြစ်ကြောင်း လေယာဉ်တည်ဆောက်ရေးဝန်ထမ်းများကပြောသည်။

 

ကာကွယ်ရေး ဆိုင်ရာလုံခြုံမှုပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (DSCA) ၏ကြေညာချက်သည် ရောင်းဝယ်ရေးအာ မခံချက်မဟုတ်ပေ။ ကွန်ဂရက်ကအတည်ပြုထောက်ခံပြီးသည်နှင့် နိုင်ငံခြားမှဝယ်ယူမည့်သူများမှာ ဈေးနှုန်းနှင့် အရေအတွက်ကို ညှိနှိုင်းရမည်ဖြစ်ပြီး အပြီးသတ်ညှိနှိုင်းဆွေးနွေးမှုများပြုလုပ်နေစဉ်အတွင်း ဈေးနှုန်းနှင့် အရေ အတွက် နှစ်ခုစလုံးအပြောင်းအလဲရှိနိုင်သည်ဟုသိရသည်။

 

ဂရိအစိုးရသည် ပြင်သစ်နိုင်ငံ ဒက်ဆော့လ်တ်ကုမ္ပဏီကထုတ်လုပ်သည့် ရာဖေးဂျက်တိုက်လေယာဉ်များဖြင့် ဖွဲ့စည်းထားသော ၎င်း၏လေတပ်ကိုလည်း အဆင့်မြှင့်တင်လျက်ရှိသည်။ အဆိုပါကုမ္ပဏီသည် ၂၀၂၁ ခုနှစ် ဇူလိုင်လအတွင်းက ပထမအသုတ်အဖြစ် ရာဖေးဂျက်တိုက်လေယာဉ် ၁၈ စီး (တစ်ပတ်ရစ် ၁၂ စီးနှင့် အသစ် ၆ စီး) တို့ကို ဂရိနိုင်ငံသို့တင်ပို့ခဲ့သည်။

 

“ရာဖေးဂျက်တိုက်လေယာဉ်တွေဟာ အချုပ်အခြာအာဏာပိုင်စိုးမှုအပြည့်နဲ့ ဂရိနိုင်ငံရဲ့ ပထဝီနိုင်ငံရေးဆိုင်ရာ ရပ်တည်ချက်ကို တိကျသေချာအောင်ဆောင်ရွက်နိုင်စွမ်းပေးနိုင်မှာဖြစ်ပြီး ဂရိလေတပ်အတွက် နောက်ဆုံးပေါ် ဘက်စုံသုံးတိုက်လေယာဉ်မျိုးဆက်ကို ဖြည့်တင်းထောက်ပံ့ပေးသွားမှာဖြစ်ပါတယ်” ဟု ဒက်ဆော့လ်တ်ကုမ္ပဏီ က ထုတ်ပြန်ကြေညာခဲ့သည်။

 

အိမ်နီးချင်း တူရကီနိုင်ငံနှင့် ဆက်ဆံရေးပိုမိုဆိုးရွားလာစဉ်အတွင်း ဂရိနိုင်ငံ၏ ကာကွယ်ရေးရင်းနှီးမြှုပ်နှံမှု ယခု ကဲ့သို့ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

 

Ref: US approves $270 million deal for Greek F-16 upkeep

 

#PeopleMedia #အက်ဖ် ၁၆ တိုက်လေယာဉ်

 

(unicode)


…………………………………………………………

 


 


 


 


 


 


 


 


 

Ref: US approves $270 million deal for Greek F-16 upkeep

 



Share this post