• Follow Us on

Home ဂျပန်တွင် မုန်တိုင်းကြောင့် ကယ်ဆယ်ရေးဆောင်ရွက်ရာက အသက် ၇၇ နှစ်အရွယ် အဘွားတစ်ဦး ရဟတ်ယာဉ်ပေါ်က ပြုတ်ကျသေဆုံး

ဂျပန်တွင် မုန်တိုင်းကြောင့် ကယ်ဆယ်ရေးဆောင်ရွက်ရာက အသက် ၇၇ နှစ်အရွယ် အဘွားတစ်ဦး ရဟတ်ယာဉ်ပေါ်က ပြုတ်ကျသေဆုံး

Share this post

ဂျပန်နိုင်ငံ၊ ဖူကူရှီမားပြည်နယ်က အီဝါကီမြို့မှာ ဟာဂီဘီစု တိုင်းဖုန်းမုန် တိုင်းကြောင့် ရေလွှမ်းမိုးတဲ့ နေအိမ်တွေကို ကယ်ဆယ်ရေးဆောင်ရွက် ရာက အသက် ၇၇ နှစ်အရွယ် အဘွားအိုတစ်ဦး ရဟတ်ယာဉ်ပေါ်က ပြုတ်ကျသေဆုံးမှုဖြစ်ပွားခဲ့ပါတယ်။

တိုကျိုမီးသတ်ဌာနက ရဟတ်ယာဉ်တစ်စီးက ကယ်ဆယ်ရေးကို ဆောင် ရွက်ရာမှာ အဘွားအိုကို ကြိုးနဲ့ သေချာမချိတ်တွယ်ခဲ့တာကြောင့် မီတာ ၄၀ အမြင့်လောက်မှာ ရဟတ်ယာဉ်ပေါ်က ပြုတ်ကျခဲ့တာ ဖြစ်ပါတယ်။

အဘွားအိုဟာ ဆေးရုံရောက်ချိန်မှာတော့ ကွယ်လွန်သွားခဲ့ပါတယ်။ ကယ်ဆယ်ရေးလုပ်ငန်းစဉ်မှာ မှားယွင်းတဲ့ စီစဉ်မှုကြောင့် အခုလို မတော်တဆမှုဖြစ်ပွားခဲ့တဲ့အတွက် များစွာစိတ်မကောင်းဖြစ်ရကြောင်း သက်ဆိုင်ရာ မီးသတ်ဌာနက ပြောကြားခဲ့ပါတယ်။

Ref;Japantimes


Share this post