• Follow Us on

Home ဂျပန်ဝန်ကြီးချုပ် ကျန်းမာရေးအခြေအနေကြောင့် နုတ်ထွက်စာ တင်မည်


Share this post

အိုဆာကာ၊ သြဂုတ် ၂၈







#PeopleMedia

(unicode)
ဂျပန်ဝန်ကြီးချုပ် ကျန်းမာရေးအခြေအနေကြောင့် နုတ်ထွက်စာ တင်မည်
…………………………………

အိုဆာကာ၊ ဩဂုတ် ၂၈

ကျန်းမာရေးအခြေအနေကြောင့် ဂျပန်ဝန်ကြီးချုပ် ရှင်ဇို အာဘဲ ဝန်ကြီးချုပ်အဖြစ်မှ နုတ်ထွက်မည်ဟု သူနှင့်နီးစပ်သည့်သတင်းရင်းမြစ်များကပြောသည်။

ပြီးခဲ့သည့်သီတင်းပတ် ၂ ခုအတွင်း ဆေးရုံသို့ အာဘဲ ၂ ကြိမ်သွားရောက်ခဲ့သဖြင့် ကျန်းမာရေးဆိုးရွားနေကြောင်း မှန်းဆိုပြောဆိုမှုများပိုများနေသည်။

ယခုတစ်ကြိမ်သည် ကျန်းမာရေးကြောင့် အာဘဲရာထူးမှနုတ်ထွက်ခြင်း ဒုတိယအကြိမ်ဖြစ်ပြီး ၂၀၀၇ ခုနှစ်ကလည်း ရာထူးရယူပြီး ၂ နှစ်အကြာ အူမကြီးရောင်ရမ်းမှုကြောင့် ပထမအကြိမ်နုတ်ထွက်ခဲ့သည်။

၂၀၁၂ ခုနှစ်က အောက်လွှတ်တော်တွင် သောင်ပြိုကမ်းပြိုအနိုင်ရခဲ့ပြီးနောက် ဝန်ကြီးချုပ်ဖြစ်လာသည့်အာဘဲသည် ဝန်ကြီးချုပ်အဖြစ် ၇ နှစ်ကြာတာဝန်ထမ်းဆောင်ထားပြီး ဂျပန်နိုင်ငံ၏သက်တမ်းအရှည်ဆုံးဝန်ကြီးချုပ်ဖြစ်နေသည်။

၂၀၂၁ ခုနှစ်၊ စက်တင်ဘာတွင် အာဘဲ၏ဝန်ကြီးချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်သည်။

Ref : Prime Minister Abe intends to step down

#PeopleMedia


Share this post