• Follow Us on

Home ရေလမ်းကြောင်း အသုံးပြု၍ ခိုးဝင်လာသည့် ဘင်္ဂါလီ(၄၀)ကျော် ဖမ်းမိ၊ ၎င်းတို့ကို ကမ်းကပ်ခွင့်မပေးဘဲ ရခိုင်ပြည်နယ်ရှိ မူလနေထိုင်ရာနေရာသို့ ပြန်ပို့ရန် ဧရာဝတီတိုင်းအစိုးရအဖွဲ့စီစဉ်


Share this post

ရန်ကုန်၊ သြဂုတ် – ၂၈


ဖြစ်စဉ်မှာ သြဂုတ်လ(၂၇)ရက်နေ့၊ညနေ(၄း၁၅)မိနစ်အချိန်၌ မော်ကျွန်းမြို့နယ်နှင့် ဘိုကလေးမြို့နယ်ကြားရှိ ရေပြင်ဧရိယာ၌ ဖမ်းဆီးနိုင်ခဲ့သည်။




Photo – Aung Kyaw Oo


(unicode)
ရေလမ်းကြောင်း အသုံးပြု၍ ခိုးဝင်လာသည့် ဘင်္ဂါလီ(၄၀)ကျော် ဖမ်းမိ၊ ၎င်းတို့ကို ကမ်းကပ်ခွင့်မပေးဘဲ ရခိုင်ပြည်နယ်ရှိ မူလနေထိုင်ရာနေရာသို့ ပြန်ပို့ရန် ဧရာဝတီတိုင်းအစိုးရအဖွဲ့စီစဉ်
…………………………………………………

ရန်ကုန်၊ ဩဂုတ် – ၂၈

ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်စခန်း၌နေထိုင်သည့် ဘင်္ဂလီ(၄၀)ကျော်သည်ရေလမ်းကြောင်းအသုံးပြု၍ ဝင်ရောက်လာစဉ် ဧရာဝတီတိုင်းဒေသကြီး၊မော်ကျွန်းမြို့နယ်နှင့်ဘိုကလေးမြို့နယ်ကြား ရေပြင်ဧရိယာ၌ ဖမ်းမိခဲ့သည်။

ဖြစ်စဉ်မှာ ဩဂုတ်လ(၂၇)ရက်နေ့၊ညနေ(၄း၁၅)မိနစ်အချိန်၌ မော်ကျွန်းမြို့နယ်နှင့် ဘိုကလေးမြို့နယ်ကြားရှိ ရေပြင်ဧရိယာ၌ ဖမ်းဆီးနိုင်ခဲ့သည်။

အဆိုပါ ဘင်္ဂလီများကို ရေလမ်းကြောင်းနှင့်လမ်းပြသည် ရခိုင်တိုင်းရင်းသားပါဝင်ကြောင်း အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက အတည်ပြုသည်။

လက်ရှိအချိန်၌ ဖမ်းမိသည့် ဘင်္ဂလီများကို ဧရာဝတီတိုင်းအစိုးရအဖွဲ့ညွှန်ကြားချက်ဖြင့် ရေပြင်၌ ထားရှိထားပြီး ကမ်းကပ်ခွင့်မပေးပဲ ရခိုင်ပြည်နယ်၌ ဘင်္ဂလီများ နေထိုင်သည့် နေရာများကို ပြန်လည်ပို့ဆောင်ရန် စီစဉ်ထား ကြောင်း ဧရာဝတီတိုင်းအစိုးရအဖွဲ့တာဝန်ရှိသူတစ်ဦးက အတည်ပြုသည်။

အလားတူ ဘင်္ဂလီများကို လမ်းပြအဖြစ် လိုက်ပါဆောင်ရွက်ခဲ့သည့် ရခိုင်တိုင်းရင်းသားအချို့ကို ရဲတပ်ဖွဲ့က စစ်ဆေးလျက်ရှိသည်။

Photo – Aung Kyaw Oo

#PeopleMedia #ဘင်္ဂလီ #ရခိုင်ပြည်နယ်အစိုးရအဖွဲ့ #ဧရာဝတီတိုင်းအစိုးရအဖွဲ့


Share this post