• Follow Us on

Home ဂျပန်နိုင်ငံ နိပွန်ဖောင်ဒေးရှင်းမှ မြန်မာနိုင်ငံသို့ လှူဒါန်းသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (၁) သန်း doses ထပ်မံရောက်ရှိ

ဂျပန်နိုင်ငံ နိပွန်ဖောင်ဒေးရှင်းမှ မြန်မာနိုင်ငံသို့ လှူဒါန်းသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (၁) သန်း doses ထပ်မံရောက်ရှိ

Share this post

ရန်ကုန်၊ ဇန်နဝါရီ ၂၄ (People Media)

 

ဂျပန်နိုင်ငံ နိပွန်ဖောင်ဒေးရှင်းက မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှတစ်ဆင့် မြန်မာနိုင်ငံ ပြည်သူများသို့ လှူ ဒါန်းသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (၁) သန်း doses သည် ဇန်နဝါရီ ၂၃ ရက်နေ့၌ ရန်ကုန်အပြည် ပြည်ဆိုင်ရာ လေဆိပ်သို့ ထပ်မံရောက်ရှိခဲ့သည်။

 

အမေရိကန်ဒေါ်လာ ၁၇ သန်း တန်ဖိုးရှိ Covaxin အမှတ်တံဆိပ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (၂) သန်း doses မှ ပထမအသုတ် (၁) သန်း doses သည် ဇန်နဝါရီ ၉ ရက်တွင် မြန်မာနိုင်ငံသို့ ရောက်ခဲ့ပြီး ဒုတိယ အသုတ်အဖြစ် ကာကွယ်ဆေး (၁) သန်း doses ကို ဇန်နဝါရီ ၂၃ ရက်နေ့၌ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေ ဆိပ်သို့ ထပ်မံရောက်ရှိခဲ့ခြင်း ဖြစ်သည်။

 

အလားတူ တိုင်းဒေသကြီး/ပြည်နယ်များ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးစီးမှုအနေဖြင့် ဇန်နဝါရီ (၂၂) ရက်အထိ လူဦးရေ (၁၈ ဒသမ ၂၅) သန်း ကို အကြိမ်ပြည့်ထိုးနှံပေးခဲ့၍ (၃ ဒသမ ၄၉) သန်းကို တစ်ကြိမ် ထိုးနှံပေးခဲ့ပြီးဖြစ်ရာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး တစ်ကြိမ်နှင့်အထက် ထိုးနှံပြီးသူ စုစုပေါင်း (၂၁ ဒသမ ၇၄) သန်းခန့် ရှိပြီဖြစ်သည်။

 

သို့ဖြစ်၍ စုစုပေါင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အကြိမ်ရေ သန်း (၄၀) doses ကို ထိုးနှံပြီးဖြစ်သည်။

 

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ဝယ်ယူခြင်းမှ (၄၅) သန်း doses နှင့် လှူဒါန်းမှုမှ (၁၅) သန်းကျော် doses စုစုပေါင်း သန်း (၆၀) ကျော် doses ရရှိပြီးဖြစ်သည်။

 

#PeopleMedia #COVID19 #နိပွန်ဖောင်ဒေးရှင်း

 

(unicode)

 

(unicode)


………………………………………………………..

 


 


 


 


 


 


 



Share this post