• Follow Us on

Home ယူကရိန်းနိုင်ငံရှိ အမေရိကန်သံရုံးဝန်ထမ်းမိသားစုများ နိုင်ငံတွင်းမှထွက်ခွာသွားကြရန် အမေရိကန်အစိုးရ အမိန့်ထုတ်

ယူကရိန်းနိုင်ငံရှိ အမေရိကန်သံရုံးဝန်ထမ်းမိသားစုများ နိုင်ငံတွင်းမှထွက်ခွာသွားကြရန် အမေရိကန်အစိုးရ အမိန့်ထုတ်

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၂၄ (People Media)

 

အမေရိကန်အစိုးရသည် ယူကရိန်းနိုင်ငံရှိ အမေရိကန်သံရုံးဝန်ထမ်းများကို နိုင်ငံတွင်းမှထွက်ခွာသွားကြရန် ခွင့် ပြုလိုက်သလို ယူကရိန်းနိုင်ငံတွင်းရှိ အမေရိကန်နိုင်ငံသားများကိုလည်း နိုင်ငံတွင်းမှထွက်ခွာသွားကြရန် ဇန်နဝါ ရီလ ၂၃ ရက်နေ့က နှိုးဆော်တိုက်တွန်းလိုက်သည်။

 

“ရုရှားနိုင်ငံက စစ်အင်အားအလုံးအရင်းစုဖွဲ့ပြီး ခြိမ်းခြောက်နေတာကြောင့် အမေရိကန်အစိုးရက တိုက်ရိုက်ခန့် အပ်ထားတဲ့ဝန်ထမ်းတွေထွက်ခွာမှုကို တရားဝင်ခွင့်ပြုလိုက်ပြီး ကိယက်ဗ်မြို့မှာရှိတဲ့ အမေရိကန်သံရုံးဝန်ထမ်း မိသားစုတွေကို နိုင်ငံတွင်းကထွက်ခွာသွားဖို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၂၃ ရက်နေ့ မှာ အမိန့်ထုတ်လိုက်ပါတယ်။ ယူကရိန်းနိုင်ငံမှာရှိနေတဲ့ အမေရိကန်နိုင်ငံသားတွေအနေနဲ့ အရပ်ဘက်လေ ကြောင်းလိုင်းတွေအသုံးပြုပြီးတော့ဖြစ်စေ တခြားပို့ဆောင်ရေးနည်းလမ်းတစ်ခုခုကို အသုံးပြုပြီးတော့ဖြစ်စေ ယူ ကရိန်းနိုင်ငံကနေ ထွက်ခွာသွားဖို့ စဉ်းစားရပါမယ်။” ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ဇန်နဝါရီလ ၂၃ ရက်နေ့ကထုတ်ပြန်ခဲ့သော အကြံပြုချက်တွင် ဖော်ပြထားသည်။

 

ရုရှားနိုင်ငံသည် ယူကရိန်းနိုင်ငံကို ကျူးကျော်တိုက်ခိုက်ရန် စီစဉ်နေသည်မှာ ထင်ရှားကြောင်း အကြံပြုချက်တွင် ဖော်ပြထားသည်။

 

“လုံခြုံရေးအခြေအနေ အထူးသဖြင့် ယူကရိန်းနယ်စပ်တစ်လျှောက်က လုံခြုံရေးအခြေအနေ၊ ရုရှားတွေ သိမ်း ပိုက်ထားတဲ့ ခရိုင်းမီးယားက လုံခြုံရေးအခြေအနေ၊ ရုရှားတွေထိန်းချုပ်ထားတဲ့ ယူကရိန်းအရှေ့ဘက်က လုံခြုံ ရေးအခြေအနေတွေဟာ ခန့်မှန်းလို့မရနိုင်ပါဘူး။ အချိန်တိုအတွင်းလေးမှာပဲ ဒီ့ထက်ပိုမိုဆိုးရွားလာနိုင်ပါတယ်။” ဟု ကြေညာချက်တွင်ဖော်ပြထားသည်။

 

ယူကရိန်းနိုင်ငံ မည်သည့်နေရာမှဖြစ်စေ ဖြစ်ပေါ်လာမည့် ရုရှားစစ်ရေးလှုပ်ရှားမှုများသည် ယူကရိန်းနိုင်ငံမှ အ  မေရိကန်နိုင်ငံသား များထွက်ခွာမှုကို ကူညီထောက်ပံ့သည့်လုပ်ငန်းများအပါအဝင် အမေရိကန်သံရုံးမှ  အမေရိ ကန်ကောင်စစ်ဝန်၏ ဆောင်ရွက်မှုများအပေါ် အကြီးအကျယ်ထိခိုက်လိမ့်မည်ဖြစ်သည်ကို ယူကရိန်းရှိ အမေရိ ကန်နိုင်ငံသားများ သဘောပေါက်ရန် လိုအပ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောသည်။

 

နယ်စပ်ဒေသတစ်လျှောက် တင်းမာမှုများမြင့်တက်နေသည့်အတွက် ယူကရိန်းနိုင်ငံသို့ ခရီးမသွားကြရန် အမေရိ ကန်နိုင်ငံသားများကို နိုင်ငံခြားရေးဝန်ကြီးဌာနက တိုက်တွန်းထားသည်။

 

“ရုရှားတပ်တွေရဲ့ စစ်ရေးလှုပ်ရှားမှုနဲ့ COVID-19 ကပ်ရောဂါဘေးခြိမ်းခြောက်မှုတွေကြောင့် ယူကရိန်းနိုင်ငံကို ခရီးမသွားကြပါနဲ့။ ရာဇဝတ်မှုနဲ့ ဆူပူအုံကြွမှုတွေကြောင့် သတိပေးမှုတွေတိုးမြှင့်ခဲ့ပါတယ်။ တချို့နေရာတွေက ပိုပြီး အန္တရာယ်ရှိလာတယ်။ ခရီးသွားလာရေးအကြံပြုချက်တစ်စောင်လုံးကို သေသေချာချာဖတ်ပါ။” ဟု ကြေ ညာချက်တွင် ဖော် ပြထားသည်။

 

ရုရှားတပ်များ ယူကရိန်းနယ်စပ်တစ်လျှောက် အင်အားအလုံးအရင်းစုဖွဲ့နေခြင်းသည် ယူကရိန်းနိုင်ငံကို ကျုူး ကျော်တိုက်ခိုက်ရန် ပြင်ဆင်နေခြင်းဖြစ်သည်ဟု အမေရိကန်ဦးဆောင်သောအနောက်နိုင်ငံများက ရုရှားနိုင်ငံကို စွပ်စွဲနေစဉ်အတွင်း ယခု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ခရီးသွားလာရေးအကြံပြုချက်ထွက်ပေါ်လာခဲ့ ခြင်းဖြစ်သည်။ ရုရှားအစိုးရကမူ ၎င်းတို့အနေဖြင့် ယူကရိန်းကို ကျူးကျော်တိုက်ခိုက်ရန် ရည်ရွယ်ချက်မရှိဘဲ ၎င်း တို့ပိုင်နက်အတွင်း တပ်များကို လွတ်လပ်စွာရွှေ့ပြောင်းနေရာချထားခွင့်ရှိကြောင်း တုံ့ပြန်ပြောကြားခဲ့သည်။

 

Ref: US orders families of embassy staff in Ukraine to leave country

 

#PeopleMedia

 

(unicode)


………………………………………………………………….

 


 


 


 


 


 


 


 


 


 

Ref: US orders families of embassy staff in Ukraine to leave country

 

#PeopleMedia


Share this post