• Follow Us on

Home ဂျီနီသမ္မတကို ဖမ်းဆီးထားကြောင်း အာဏာသိမ်းစစ်တပ် သတင်းထုတ်ပြန်

ဂျီနီသမ္မတကို ဖမ်းဆီးထားကြောင်း အာဏာသိမ်းစစ်တပ် သတင်းထုတ်ပြန်

Share this post

နိုင်ငံတကာ၊ စက်တင်ဘာ ၆ (People Media)

 

ဂျီနီတပ်မတော်က စစ်အာဏာသိမ်းလိုက်ပြီးနောက် ဂျီနီနိုင်ငံ၏ဖွဲ့စည်းပုံအခြေခံဥပဒေကို ရပ်ဆိုင်းလိုက်ပြီဖြစ် ကြောင်း ဂျီနီစစ်တပ်မှ အရာရှိတစ်ဦးက စက်တင်ဘာလ ၅ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့သည်။

 

“ကျွန်တော်တို့နိုင်ငံရဲ့ နိုင်ငံရေးတာဝန်တွေကို လူတစ်ယောက်လက်ထဲကို မအပ်နှင်းတော့ပါဘူး။ အဲဒီနိုင်ငံရေး တာဝန်တွေကို ပြည်သူ့ထံကိုအပ်နှင်းသွားမှာပါ။ ဒီတာဝန်တွေထမ်းဆောင်ဖို့ ကျွန်တော်တို့ရောက်လာတာပါ။  တိုင်းပြည်ကိုကယ်တယ်ဖို့ဆိုတာ စစ်သားတစ်ယောက်ရဲ့ တာဝန်ပါပဲ” ဟု ဂျီနီတပ်မတော်မှအရာရှိတစ်ဦးဖြစ်သူ မာမာဒီဒမ်ဘိုယာက ရုပ်သံမှတစ်ဆင့်ထုတ်လွှင့်ပြောကြားသွားသည်။

 

လွန်ခဲ့သည့်နှစ်ရွေးကောက်ပွဲက အငြင်းပွားမှုများပြင်းပြင်းထန်ထန်ဖြစ်ပွားနေသည့်ကြားက ရွေးကောက်ပွဲအ နိုင်ရရှိခဲ့သူ အသက် ၈၃ နှစ်အရွယ်ရှိ ဂျီနီသမ္မတအယ်လ်ဖာကန်ဒီအား အာဏာသိမ်းပြီးနောက် ဖမ်းဆီးထား ကြောင်းသိရသည်။ သမ္မတအားဖမ်းဆီးထားပြီး ဖွဲ့စည်းပုံအခြေခံဥပေဒနှင့် အစိုးရအင်စတီကျူးရှင်းများအားလုံး ကိုရပ်ဆိုင်းထားကြောင်း၊ မြေပြင်/ ဝေဟင်နယ်စပ်လမ်းကြောင်းအားလုံးပိတ်ထားကြောင်း မာမာဒီဒမ်ဘိုယာက ပြောသည်။ အစောပိုင်းရုပ်သံထုတ်လွှင့်ချက်တွင် နိုင်ငံတစ်ဝန်းသတ်မှတ်ချိန်အပြင်မထွက်ရ (ည ၈ နာရီထက် ကျော်လွန်၍မထွက်ရ ကာဖျူး) အမိန့်ကို ထုတ်ပြန်လိုက်ကြောင်းကြေညာသွားသည်။

 

“သမ္မတဟောင်းအယ်လ်ဖာကန်ဒီရဲ့ ရုပ်ပိုင်းဆိုင်ရာ/စိတ်ပိုင်းဆိုင်ရာနာကျင်ထိခိုက်မှု ဘာတစ်ခုမှမလုပ်ထားတဲ့ အတွက် စိတ်အေးအေးထားဖို့ ပြည်တွင်းကပြည်သူတွေကိုရော နိုင်ငံတကာအသိုင်းအဝိုင်းကိုရော ကျွန်တော်တို့ ပြောချင်ပါတယ်။ သမ္မတအတွက် ကျန်းမာရေးစောင့်ရှောက်မှုရရှိအောင်၊ သူ့ကိုကုသပေးနေတဲ့ပါရဂူတွေနဲ့ တွေ့ ခွင့်ရအောင် လိုအပ်တာအားလုံး ကျွန်တော်တို့ဆောင်ရွက်ပေးနေပါတယ်” ဟု ဂျီတီစစ်တပ်အရာရှိတစ်ဦးက ရိုက်တာသတင်းဌာနသို့ပြောသည်။

 

ဝန်ကြီးဟောင်းများနှင့် ဌာနဆိုင်ရာအကြီးအကဲဟောင်းများကို သြဂုတ်လ ၆ ရက် နံနက် ၁၁ နာရီတွင်အစည်း အဝေးတက်ရောက်ရန် အာဏာသိမ်းစစ်အစိုးရကဖိတ်ကြားထားသည်။ အစည်းအဝေးတက်ရောက်ရန် ပျက် ကွက်သူများကို အာဏာသိမ်းစစ်အစိုးရကဖွဲ့စည်းထားသည့် “အမျိုးသားပြန်လည်ထူထောင်ရေးနှင့် ဖွံ့ဖြိုးတိုး တက်ရေးကော်မတီ” (CNRD) ကို တော်လှန်ပုန်ကန်သူများအဖြစ်မှတ်ယူမည်ဖြစ်ကြောင်း ကြေညာထားသည်။

 

စစ်တပ်ကအာဏာသိမ်းမှုကြောင့် ဂျီနီနိုင်ငံအား နိုင်ငံတကာမှထောက်ပံ့ရန် ခက်ခဲသွားကြောင်း၊ အကြမ်းဖက်မှု များနှင့် အခြေခံဥပဒေနှင့်မညီသောဆောင်ရွက်မှုများကြောင့် ဂျီနီနိုင်ငံ၏အလားအလာရှိသော ငြိမ်းချမ်းရေး၊ တည်ငြိမ်မှုနှင့် ချမ်းသာကြွယ်ဝမှုကို ဆုတ်ယုတ်လျော့ပါးသွားစေကြောင်း သြဂုတ်လ ၅ ရက်နေ့က အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အာဖရိကန်သမဂ္ဂကလည်း စစ်အာဏာသိမ်းမှု ကို ကန့်ကွက်ရှုတ်ချကြောင်းကြေညာခဲ့သည်။

 

လက်နက်အားကိုးဖြင့် အဓမ္မအာဏာသိမ်းပိုက်ခြင်းကို ပြင်းပြင်းထန်ထန်ပြစ်တင်ရှုတ်ချကြောင်း၊ ဂျီနီသမ္မတ အယ်လ်ဖာကန်ဒီကို အမြန်ဆုံးပြန်လည်လွှတ်ပေးရန်တောင်းဆိုကြောင်း ကုလသမဂ္ဂအထွေအထွေအတွင်းရေး မှူုးချုပ်အန်တိုနီယိုဂူတားရက်စ်ကလည်း ထုတ်ပြန်ကြေညာခဲ့သည်။

 

Ref: Guinean military officer says President Alpha Conde arrested, as apparent coup unfolds

 

#PeopleMedia

 

(unicode)


………………………………………………………………

 


 


 


 


 


 


 


 


 

Ref: Guinean military officer says President Alpha Conde arrested, as apparent coup unfolds

 

#PeopleMedia


Share this post