• Follow Us on

Home ငဖဲမြို့နယ်၊ တောင်ပေါ်ဒေသ၌ စိုက်ပျိုးထားသည့် ဘိန်းစိုက်ခင်း၂၉ ဧကကို မကွေးတိုင်းအစိုးရအဖွဲ့ ရှင်းလင်း နိုင်ခဲ့

ငဖဲမြို့နယ်၊ တောင်ပေါ်ဒေသ၌ စိုက်ပျိုးထားသည့် ဘိန်းစိုက်ခင်း၂၉ ဧကကို မကွေးတိုင်းအစိုးရအဖွဲ့ ရှင်းလင်း နိုင်ခဲ့

Share this post

မကွေး၊ ဇန်နဝါရီ ၁၈ (People Media)

 

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်၊ တောင်ပေါ်ဒေသ၌ စိုက်ပျိုးထားသည့် ဘိန်းစိုက်ခင်း၂၉ ဧက ကို ဇန်နဝါရီလ ၇ ရက်နေ့မှ ၁၃ ရက်နေ့အတွင်း၌ မကွေးတိုင်းအစိုးရအဖွဲ့က ရှင်းလင်းနိုင်ခဲ့သည်။

 

ထိုကဲ့သို့ ဘိန်းစိုက်ခင်းများဖျက်ဆီးရာတွင် ငဖဲမြို့နယ် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲမှူးစိန်သောင်း ဦးစီးသော ပူးပေါင်းအဖွဲ့(၁)သည် ငဖဲမြို့နယ် နောင်ကျေးရွာ၌ စိုက်ပျိုးထားသည့် အမြင့် ၁ ပေမှ ၂ ပေခွဲ ၃ ပေထိရှိသော သီးပွင့်ဆဲ ဘိန်းခင်း (၇.၅)ဧက၊ တင်ပြင်းကျေးရွာတွင် (၆)ဧက၊ ဝံကျေးရွာတွင် (၂)ဧက၊ ပဘဲကျေးရွာတွင် (၄)ဧကနှင့် အထက်ဆင်လမ်းတွင် (၂) ဧက စုစုပေါင်း (၂၁.၅) ဧကကို ဖျက်ဆီးနိုင်ခဲ့သည်။

 

အလားတူ ငဖဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးသက်နိုင်စိုးနှင့် စခန်းမှူးဒုရဲမှူး ဇော်ဝင်းဦးစီး သော ပူးပေါင်းအဖွဲ့ (၂) သည် ရေဖြူကျေးရွာတွင် အမြင့် ၁ ပေမှ ၂ ပေခွဲ ၃ ပေထိရှိသော သီးပွင့်ဆဲ ဘိန်းခင်း (၁.၅)ဧက၊ ဘို့ကျေးရွာတွင် (၂.၅)ဧကနှင့် ရှောက်ရင်းကျေးရွာတွင် (၃.၅)ဧက စုစုပေါင်း (၇.၅)ဧကကို ဖော် ထုတ် ဖျက်ဆီးခဲ့နိုင်ခဲ့သည်။

 

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလအတွင်း၌ ငဖဲမြို့နယ်တွင် စိုက်ပျိုးထားသည့် ဘိန်းစိုက်ခင်း (၂၉) ဧကကို ဖျက်ဆီးနိုင်ခဲ့ ခြင်း ဖြစ်သည်။

 

#PeopleMedia #မကွေးတိုင်း #ငဖဲမြို့ #ဘိန်းပင်

 

(unicode)


……………………………………………………….

 


 


 


 


 


 



Share this post