• Follow Us on

Home စကတ်လှန်တင်ခံရသည့် ကင်ညာအမျိုးသမီးအား ဗြိတိန်တပ်မတော်က လျော်ကြေးပေးမည်

စကတ်လှန်တင်ခံရသည့် ကင်ညာအမျိုးသမီးအား ဗြိတိန်တပ်မတော်က လျော်ကြေးပေးမည်

Share this post

နိုင်ငံတကာ၊ နိုဝင်ဘာ ၆ (People Media)

 

ကင်ညာနိုင်ငံ၊ နန်းယုကီမြို့တွင် အရက်မူးနေသော ဗြိတိန်စစ်သည်တစ်ဦးက ကင်ညာအမျိုးသမီးတစ်ဦး၏ စ ကတ်ကိုဆွဲမခဲ့ရာ အဆိုပါအမျိုးသမီးအား ဗြိတိန်တပ်မတော်က လျော်ကြေးပေးသွားမည်ဖြစ်ကြောင်းသိရသည်။

 

ပြစ်မှုကျူးလွန်ခဲ့သည့်စစ်သည်ကို ပြစ်ဒဏ်ချမှတ်ရာတွင် အစိတ်အပိုင်းတစ်ရပ်အဖြစ် အဆိုပါစစ်သည်ကို ချမှတ် လိုက်သည့် ဒဏ်ငွေထဲမှ ယင်းအမျိုးသမီးကို လျော်ကြေးပေးသွားမည်ဖြစ်ကြောင်း ဗြိတိန်တပ်မတော်ပြောခွင့်ရ ပုဂ္ဂိုလ်တစ်ဦးကပြောသည်။

 

အရှက်တကွဲအကျိုးနည်းဖြစ်ခဲ့ရသည့် အဆိုပါအမျိုးသမီးအဖြစ်အပျက်ကို  ဗြိတိန်သတင်းစာတစ်စောင်ကရေး သားခဲ့ပြီးနောက် လွန်ခဲ့သည့်သီတင်းပတ်က လူသိများလာခဲ့ခြင်းဖြစ်သည်။ အဆိုပါအမျိုးသမီး၏အမည်နှင့် သ တင်းအချက်အလက်များကို ထိန်းသိမ်းထားဆဲဖြစ်သည်။

 

ပြစ်မှုကျူးလွန်ခဲ့သော လူမည်းတပ်ကြပ်ကြီးမှာ အခင်းဖြစ်ပွားချိန်က အရက်မူးနေပြီး ၎င်းအား ပြစ်မှုကျူးလွန်ခံရ သူအမျိုးသမီးက သိရှိကြောင်း Sunday Times သတင်းစာကရေးသားဖော်ပြခဲ့သည်။ ပြစ်မှုကျူးလွန်ခံရသူ အ မျိုးသမီးမှာ ကံကောင်းထောက်မစွာလျော်ကြေးရရှိကြောင်း ဗြိတိန်တပ်မတော်ပြောခွင့်ရပုဂ္ဂိုလ်ကပြောသည်။

 

လိင်ပိုင်းဆိုင်ရာစော်ကားမှုပြုလုပ်ခဲ့သဖြင့် အပြစ်ရှိကြောင်းဝန်ခံခဲ့သည့် ပြစ်မှုကျူးလွန်သူ လူမည်းတပ်ကြပ်ကြီး ဘားလိုးကို ပေါင်ငွေ ၅၀၀ ဒဏ်တပ်ခဲ့ပြီး ဗြိတိန်တပ်မတော်မှထုတ်ပယ်ခဲ့သည်။

 

ကင်ညာနိုင်ငံ နန်းယုကီမြို့တွင် British Army Training Unit Kenya (BATUK ) အမည်ဖြင့် ဗြိတိန်တပ်မ တော်၏ သင်တန်းကျောင်းတစ်ခုရှိပြီး ယင်းသင်တန်းကျောင်းမှာ အမြဲတမ်းဖွင့်လှစ်ထားသော သင်တန်းကျောင်း ဖြစ်သည်။  “BATUK သင်တန်းကျောင်းမှာတွဲဖက်ထားတဲ့ စစ်ရဲအဖွဲ့ခေါင်းဆောင်က အခုလျော်ကြေးရတဲ့ အမျိုး သမီးနဲ့ အဆက်အသွယ်ရှိပါတယ်” ဟု ပြောခွင့်ရပုဂ္ဂိုလ်က ထုတ်ဖော်ပြောကြားသည်။

 

“နန်းယုကီရဲတပ်ဖွဲ့နဲ့ တိုင်ပင်ပြီးတဲ့နောက်မှာ ဘားလိုးအမှုကို တော်ဝင်စစ်ရဲအဖွဲ့က စုံစမ်းစစ်ဆေးပြီး စစ်တရား ရုံးက တရားစွဲဆိုရုံးတင်စစ်ဆေးဖို့ သဘောတူညီခဲ့ပါတယ်။ စုံစမ်းစစ်ဆေးမှုကို အောင်မြင်စွာပြုလုပ်နိုင်ခဲ့ပြီး ပြစ် မှုကျူးလွန်သူကို တပ်မတော်ကထုတ်ပယ်ခဲ့ပါတယ်။” ဟု ဗြိတိန်ကြည်းတပ်ကပြောသည်။

 

ပြစ်မှုကျူုးလွန်သူတပ်ကြပ်ကြီး၏လုပ်ရပ်သည် ဂုဏ်သိက္ခာကင်းမဲ့သောလုပ်ရပ်ဖြစ်ကြောင်း ဗြိတိန်တပ်မတော် ကထုတ်ပြန်ကြေညာခဲ့သည်။ “ဒီလုပ်ရပ်ဟာ စီနီယာပြန်တမ်းမဝင်အရာရှိတစ်ဦးဆီက စိတ်ပျက်ဖွယ်ရာ ဆိုးဆိုး ရွားရွားအမူအကျင့်ဖြစ်ပါတယ်” ဟု ပြောခွင့်ရပုဂ္ဂိုလ်ကပြောသည်။

 

၂၀၁၂ ခုနှစ်က ယင်းမြို့တွင် ကင်ညာလိင်အလုပ်သမတစ်ဦးဖြစ်သူ အက်ဂ်နက်ဝန်ဂျီရူအား ဗြိတိန်စစ်သည်တစ် ဦးက သတ်ဖြတ်ခဲ့သည့်ဖြစ်စဉ်ဖြစ်ပွားခဲ့ပြီးနောက် ယခုလိင်ပိုင်းဆိုင်ရာစော်ကားသည့်ပြစ်မှုဖြစ်ပေါ်လာခဲ့ခြင်းဖြစ် သည်။

 

Ref: British Army to pay woman whose skirt was lifted by soldier

 

#PeopleMedia

 

(unicode)


…………………………………………………………..

 


 


 


 


 


 


 


 


 


 


 

Ref: British Army to pay woman whose skirt was lifted by soldier

 

#PeopleMedia


Share this post