• Follow Us on
Latest News

Home စစ်ကိုင်းတိုင်းမော်လိုက်ခရိုင်နှင့် ကလေးခရိုင်အတွင်းရှိ ဧက (၂၉၀,၀၀၀) ကျော်အား မဟာမြိုင်တောရိုင်း တိရိစ္ဆာန်ဘေးမဲ့တောအဖြစ် သတ်မှတ်

စစ်ကိုင်းတိုင်းမော်လိုက်ခရိုင်နှင့် ကလေးခရိုင်အတွင်းရှိ ဧက (၂၉၀,၀၀၀) ကျော်အား မဟာမြိုင်တောရိုင်း တိရိစ္ဆာန်ဘေးမဲ့တောအဖြစ် သတ်မှတ်

Share this post

နေပြည်တော်၊ မတ် ၄

 

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ မော်လိုက်မြို့နယ်နှင့် ကလေးခရိုင် ကလေးဝနှင့် မင်းကင်းမြို့နယ် အတွင်းရှိ ဧက (၂၉၀၁၄၀ ဒသမ ၈၃၅၈) ရှိသော နယ်မြေကို မဟာမြိုင်တောရိုင်းတိရိစ္ဆာန်ဘေးမဲ့တောအဖြစ် သတ်မှတ်လိုက်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ သိရသည်။

 

အဆိုပါ ဘေးမဲ့တောအတွင်း ကျူးကျော်ဝင်ရောက်နေထိုင်ခြင်း၊ အဆိပ်အတောက်ဖြစ်စေသော ပစ္စည်းကို ဖြစ်စေ၊ ဓာတ်သတ္တုအညစ်အကြေးများကို စွန့်ပစ်ခြင်း၊ ရေတွင် အဆိပ်ခတ်ခြင်းတို့ကို မပြုလုပ်ရန် တားမြစ် ထားသည့်အပြင် တောရိုင်းတိရိစ္ဆာန်ဘေးမဲ့တောအတွင်းအရှိ မည်သည့်တောရိုင်းတိရစ္ဆာန်ကိုမျှ ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း သို့မဟုတ် အနာတရဖြစ်စေခြင်းများ မပြလုပ်ရန်ကိုလည်း တားမြစ်ထားကြောင်း သိရသည်။

 

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဘေးမဲ့တောများအဖြစ် ဟူးကောင်းချိုင့်ဝှမ်း တောရိုင်းတိရိစ္ဆာန် ဘေးမဲ့ကာ ကွယ်တော၊ ထမံသီ တောရိုင်းတိရိစ္ဆာန် ဘေးမဲ့တော၊ အလောင်းတော်ကဿဖ တောရိုင်းတိရိစ္ဆာန် ဘေးမဲ့ တော၊ စစ်ကိုင်းမင်းဝံတောင် တောရိုင်းတိရိစ္ဆာန် ဘေးမဲ့တော၊ ချပ်သင်းရွှေသမင် ဘေးမဲ့တောတို့ သတ်မှတ် ထားပြီးဖြစ်ကြောင်း သိရသည်။

 

Photo – ထမံသီ တောရိုင်းတိရိစ္ဆာန် ဘေးမဲ့တော

 

#PeopleMedia

 

(unicode)


………………………………………

 


 


 


 


 


 

#PeopleMedia


Share this post