• Follow Us on

Home ပြည်ပသြဇာခံ လုပ်စား နိုင်ငံရေးသမားများ၏ အသုံးတော်ခံဘဝမှ PDF များ အမြန်ဆုံး ရုန်းထွက်ပြီး နိုင်ငံတော် ၏ ရင်ခွင့်သို့ ခိုလှုံ့ကြပါစို့

ပြည်ပသြဇာခံ လုပ်စား နိုင်ငံရေးသမားများ၏ အသုံးတော်ခံဘဝမှ PDF များ အမြန်ဆုံး ရုန်းထွက်ပြီး နိုင်ငံတော် ၏ ရင်ခွင့်သို့ ခိုလှုံ့ကြပါစို့

Share this post

 

ပြီးခဲ့သည့်ရက်ပိုင်းက အကြမ်းဖက်မှုများဖြစ်ပေါ်စေရန်နှင့် နိုင်ငံ့ဝန်ထမ်းများ CDM ပြုလုပ်ရန် လှုံ့ဆော်ခဲ့ကြ သည့် အနုပညာရှင် လူမင်း၊ ပြေတီဦး၊ အိန္ဒြာကျော်ဇင်၊ ပိုင်တံခွန်၊ ဝိုင်းတို့ကို နိုင်ငံတော်အစိုးရမှ ပြစ်ဒဏ်များကို လွတ်ငြိမ်းခွင့် ပြုခဲ့ပါတယ်။ အဲ့ဒီနေရာမှာ ဝင်းမင်းသန်း(Beauty Blogger) သည် ကျခံလျက်ရှိသော ပြစ်ဒဏ် များအနက် ၅၀၅-က ဖြင့် ကျခံနေရမှုကို လွတ်ငြိမ်းခွင့် ပြုခဲ့ပါတယ်။

 

တပ်မတော်က နိုင်ငံတော်တာဝန်ကို မဲမသမာကြောင့် ယာယီထိန်းသိမ်းခဲ့စဉ်က အဆိုပါ အနုပညာရှင်များသည် နိုင်ငံတော်မတည်ငြိမ်မှု ဖြစ်စေရန် လှုံ့ဆော်မှုပြုခဲ့ကြသူတွေ ဖြစ်ကြသလို နိုင်ငံ့ဝန်ထမ်းများ CDM ပြုလုပ်ရန် ဖိအားအမျိုးမျိုး ပြုလုပ်ပြီး ဦးဆောင်သူတွေ ဖြစ်ကြပါတယ်။

 

၎င်းတို့၏ ဦးဆောင်မှု၊ နိုင်ငံရေးသမားများ၏ နောက်မြီးစွဲများကြောင့် နိုင်ငံဝန်ထမ်းများသည် CDM ပြုလုပ်ရန် ဖိအားပေးခြင်းများကို လူမြင်ကွင်းထိ ခံခဲ့ကြရပါတယ်။ အဆိုပါ အကျိုးဆက်အရ နိုင်ငံရေးသမားများ၏ နောက် မြီးဆွဲများသည် လက်ရှိအချိန်၌ နိုင်ငံဝန်ထမ်းများ၊ ၎င်းတို့၏ မိသားစုဝင်များအပါအဝင် သံဃာတော်များကို လုပ် ကြံသတ်ဖြတ်မှု ပြုလုပ်လျက်ရှိနေပါတယ်။

 

အနုပညာရှင်တစ်သိုက်နှင့် နိုင်ငံရေးအမည်ခံ ပြည်ပသြဇာခံတို့တို့မှ နိုင်ငံ့ဝန်ထမ်းများကို CDM ပြုလုပ်ရန် ဖိအား ပေးမှုကြောင့် နိုင်ငံဝန်ထမ်းများ အလုပ်လက်မဲ့ ဖြစ်ခဲ့ရသလို၎င်းတို့၏ မိသားစုဝင်များလည်း အိုးမဲအိမ်မဲ့ဖြင့် လမ်းဘေးရောက်တဲ့ဘဝများအထိ ရောက်ခဲ့ရပါတယ်။

 

ထို့အတူပဲ ပြီးခဲ့သည့်ရက်ပိုင်းက မန္တလေးမြို့ရှိ အဆောင်တစ်ခုမှာ နေထိုင်တဲ့ သူနာပြု ဆရာမတစ်ယောက် သည် မိမိကိုယ်ကြိုးဆွဲချပြီး အဆုံးစီရင်ခဲ့ပါတယ်။ အဆိုပါ ဆရာမသည် CDM ခဲ့သူ အမျိုးသမီးငယ်တစ်ဦး ဖြစ်ပါတယ်။ အလားတူ ဖြစ်စဉ်ဖြစ်ရပ်များစွာ အခြားသောနေရာများမှာလည်း များစွာရှိနေဆဲဖြစ်ပါတယ်။

 

ဒီလိုဖြစ်စဉ်တွေ ဖြစ်ပေါ်လာအောင် လှုံ့ဆော်ခဲ့ကြသော အနုပညာရှင်များအနေဖြင့် မိမိတို့ကြောင့် ဘဝပျက်ခဲ့ ပြီး အလုပ်အကိုင်အမျိုးမျိုးဖြင့် ရပ်တည်ရေးဖြေရှင်းနေကြရတဲ့ CDM နိုင်ငံဝန်ထမ်းတွေကို တရားဝင် တောင်း ပန်သင့်ပါတယ်။

 

အခုဆိုရင် ပြည်ပသြဇာခံ နောက်မြီးဆွဲ နိုင်ငံရေးသမားများ၏ စည်းရုံးမှုကြောင့် ၎င်းတို့၏ နောက်ကို လူငယ် လူရွယ်အချို့လိုက်ပါသွားပြီး အသုံးတော်ခံဘဝနဲ့ မရေရာသော မိတ်လုံးမျိုးမျိုးအောက်မှ ဘဝပျက်နေကြ ရသော လူငယ်/လူရွယ်တွေ ရှိနေကြတာ အားလုံးအသိဖြစ်ပါတယ်။ အသုံးတော်ခံလူငယ်တွေကို PDF (ပြည်သူ့ကာကွယ်ရေး)ဆိုပြီး နိုင်ငံရေးသမားတွေက ခေါင်းစဉ်တပ်ပေးပြီး တပည့်က ဆရာကို ပြန်သတ်၊ တူတော်စပ်သူက ဦးလေးကို ပြန်သတ် လုပ်ဆောင်နေတဲ့ကိစ္စရပ်များကို ရပ်တန်းက ရပ်ပြီး ကျူးလွန်ခဲ့သူတွေ၊ မကျူးလွန်သေးသူတွေအနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် ကောင်စီဝင်များ၏ အရိပ်ကို ခိုလှုံ့ပြီး မိသားစုနဲ့၊ အပေါင်းအသင်းများနဲ့အတူ ဘဝကို ဖြတ်သန်းသင့်ပါပြီ။

 

ဥပမာသာဓကအနေဖြင့် ပြရလျှင် ပြီးခဲ့သည့် ၂၀၂၁ အြင်္ကန်မှာ တော်လှန်ရေးကြီးပြီးမယ်။ နွေဦးမှာပြီးမယ် မိုးဦးမှာ ပြီးမယ်။ ဆောင်းဦးမှာ ပြီးမယ်။ ရာသီတွေသာ ကူးပြောင်းသွားတာ ဘယ်တော့ပြီးမှာလည်း မသိတဲ့ အခြေအနေမှာ PDF တွေ လုံးပါးပါးပြီး နိုင်ငံရေးသမားတွေကတော့ ပြည်ပမှာ သူတို့သားသမီးတွေ ကောင်းပေ့ ဆိုသောကျောင်းမှာ တက်ခိုင်း သူတို့က ကောင်းတယ်ဆိုတဲ့ ကားအကောင်းစားကြီး စီးနေတာ ဇိမ်ကျနေတာ မြင်အောင်ကြည့်တက်ဖို့ လိုပါပြီ။

 

တစ်ကယ်တော့ PDF ကို ဦးဆောင်နေတဲ့ NUG က လူတွေက စိတ်ရောဂါဖြစ်နေကြတဲ့ ရောဂါသည်တွေပါ။ ဒါကို PDF တွေနဲ့ ၎င်းတို့ကို ထောက်ခံတဲ့ နောက်လိုက်အချို့ မြင်အောင်ကြည့်တက်ဖို့ လိုနေပါပြီ။ မြင်အောင် ကြည့်တက်သူတွေ မြင်နေကြပြီး နိုင်ငံတော်ရဲ့ အရိပ်အောက်ကို ရောက်ရှိနေကြပြီး ဖြစ်ပါတယ်။

 

ဟာသအနေဖြင့် ပြောရရင် NUG က တပ်မတော်ပိုင်တွေကို သိမ်းမယ် လေလံပစ်ပြီး CDM ဝန်ထမ်းတွေကို လှူမယ်ပေါ့။ ဘယ်လောက် ရယ်စရာကောင်းလည်း။ ကိုယ်တောင် ပြည်တွင်းမှာ မနေနိုင်လို့ ပြည်ပမှာ နိုင်ငံ တကာသံတမန်အချို့ရဲ့ ပေးစားကမ်းစာ ထိုင်စားနေရသူတွေက ပြောရင် လေကြီးမိုးကြီး ဒါကို ကြည့်ချင်း အားဖြင့် သူတို့တွေက စိတ်ရောဂါသည်တွေဆိုတာ သိသာပါတယ်။ စိတ်ရောဂါသည်ဆိုတာ ပြောချင်တာ ပြော မယ်။ လုပ်ချင်တာလုပ်မယ် အဲ့ဒီနောက်ကို လိုက်ကြရင် လိုက်ကြသူတွေက သေကွဲကွဲမယ်။ ရှင်ကွဲကွဲမယ်။ ဒါက ရှိနေတဲ့အရှိတရားတွေ ဖြစ်ပါတယ်။

 

အဲ့ဒီလိုပဲ ပြီးခဲ့တဲ့ရက်က နိုင်ငံတော်အကြီးအကဲတွေက မြန်မာပြည်ရဲ့ အချုပ်အခြာအာဏာထိခိုက်မှုအတွက် ICJ တရားရုံးမှာ ဖြေရှင်းနေချိန်မှာ တရားရုံးရဲ့ အပြင်ဘက်မှာ NUG ရဲ့ လူ့အခွင့်အရေးဝန်ကြီးလို့ဆိုသော စိတ်ရောဂါသည် အောင်မျိုးမင်းက ၁၉၈၂ ဥပဒေကို ဖျက်သိမ်းပြီး ဘင်င်္ဂါလီတွေကို နိုင်ငံသားပေးမှာ ဖြစ် ကြောင်း ပြောဆိုခဲ့တယ်။ အောင်မျိုးမင်းရဲ့ စကားအရဆိုရင် ရခိုင်ပြည်နယ်မြောက်ပိုင်းကို ဘင်္ဂလားနိုင်ငံသား တွေ လာနေကြ မင်းတို့ပိုင်တယ်လို့ ပြောရာကျနေသလို ဒီလို အဖြေလည်း ရောက်ပါတယ်။ သူတို့က သူတို့ လုပ်စားခွင့်ရမည်ဆိုရင် တိုင်းပြည်ကို ရောင်းစားမည့်သူတွေဆိုတာ ထင်ရှားပါတယ်။

 

နိုင်ငံတော်အစိုးရက နိုင်ငံသားတွေရဲ့ တစ်ဦးချင်း ဖြစ်တည်မှု အခက်အခဲများကို နားလည်ပေးမှု စာနာမှုတို့ ကြောင့် အနုပညာရှင်တွေကို ပြစ်ဒဏ်က လွတ်ငြိမ်းခွင့်ပြုခဲ့သလို နိုင်ငံရေးသမားများရဲ့ အသုံးတော်ခံနေရသော ညီငယ်/ညီမငယ်တွေ အနေနဲ့ မိမိဘဝ လွတ်မြောက်ရာကို တွေးတောကြံဆပြီး နိုင်ငံတော်ရဲ့ ရင်ခွင်ကို ခိုလှုံ့ ကြပါ။ နိုင်ငံတော်အစိုးရနဲ့ အတူ လက်တွဲပြီး နိုင်ငံတော်ကို တည်ဆောက်ဖို့ တိုက်တွန်းလိုက်သလို သံတမန်များ ရဲ့ ပေးစာကို ထိုင်မျှော်နေရတဲ့ နိုင်ငံရေးသမားတွေရဲ့ ဦးဆောင်မှုအောက်ကနေ ရုန်းထွက်ဖို့ လေးနက်စွာ တိုက် တွန်းအပ်ပါတယ်။

 

မိဘတိုင်းက သားသမီးဆိုးတွေကို စွန့်ပစ်ရိုး ထုံးစံမရှိသလို အမှားကို အမှန်သိလာကြတဲ့ ညီငယ်/ညီမငယ်တွေ အနေနဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌကြီးရဲ့ စွန့်ပစ်ခြင်းမရှိခဲ့ပါ။ အချုပ်အားဖြင့်ဆိုရရင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌကြီးနဲ့ နိုင်ငံတော်အစိုးရအဖွဲ့ဝင်များ၏ မိဘသဖွယ် နိုင်ငံသူ/သားများ၏ တဒင်္ဂမှား ယွင်းမှုများအပေါ် နားလည်ခွင့်လွှတ်ပေးမှုများကြောင့် အနုပညာရှင်များကို လွတ်ငြိမ်းခွင့် ပြုခဲ့ပါတယ်။ အခြား သောနေရာအသီးသီးမှာ ရောက်နေကြတဲ့ ညီငယ်/ညီမငယ်တွေအနေဖြင့် မိမိရောက်ရှိတဲ့နေရာများကနေ တာဝန်ရှိသူများ၊ လုံခြုံရေးအဖွဲ့များဖြင့် ဆက်သွယ်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ မေတ္တာရိပ် အောက်မှာ ခိုလှုံ့ကြဖို့ တိုက်တွန်းလိုက်ရပါတယ်။

 

All Photo – credit

 

(unicode)


 


 


 


 


 


 


 


 


 


 


 


 


 


 

All Photo – credit


Share this post