• Follow Us on

Home စစ်ကိုင်းမြို့၊ တလိုင်းကျေးရွာ အထက်တန်းကျောင်းရှိ KG တန်း စာသင်ခန်းအတွင်း မိုင်းပေါက်ကွဲ၊ မပေါက်ကွဲ သေးသည့် မိုင်းတစ်လုံး ထပ်မံတွေ့ရှိ

စစ်ကိုင်းမြို့၊ တလိုင်းကျေးရွာ အထက်တန်းကျောင်းရှိ KG တန်း စာသင်ခန်းအတွင်း မိုင်းပေါက်ကွဲ၊ မပေါက်ကွဲ သေးသည့် မိုင်းတစ်လုံး ထပ်မံတွေ့ရှိ

Share this post

နေပြည်တော်၊ မတ် ၅

 

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ တလိုင်းကျေးရွာရှိ အခြေခံပညာအထက်တန်း ကျောင်း၌ မတ် ၂ ရက် ည ၁၀ နာရီခွဲခန့်တွင် အကြမ်းဖက်သမားများ ထောင်ထားသည့် လက်လုပ်မိုင်းတစ်လုံး ပေါက်ကွဲခဲ့ပြီး မပေါက် ကွဲသေးသည့် မိုင်းတစ်လုံး ထပ်မံတွေ့ရှိခဲ့ရကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ အဆိုပါ ကျောင်းဝင်းအတွင်း ရဲမာန်အောင်(၁)ကျောင်းဆောင်ရှိ KG တန်း စာသင်ခန်းအတွင်း၌ မိုင်းတစ်လုံးပေါက်ကွဲကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးရာ အကြမ်း ဖက်သမားများထောင်ထားသည့် လက်လုပ်မိုင်းတစ်လုံး ပေါက်ကွဲထားသည်ကို တွေ့ရှိရပြီး မပေါက်ကွဲသေး သည့် လက်လုပ်မိုင်းတစ်လုံးကို ထပ်မံတွေ့ရှိခဲ့သဖြင့် အန္တရာယ်ကင်းဝေးစေရေးအတွက် သက်မဲ့ပြုလုပ် သိမ်း ဆည်းခဲ့ကြောင်း သိရှိရသည်။

 

KG တန်း စာသင်ခန်းအတွင်း၌ လက်လုပ်မိုင်း ပေါက်ကွဲမှုကြောင့် KG စာသင်ခန်းအတွင်းရှိ မျက်နှာကျက် ၁၀ ချပ်ခန့် ပျက်စီးခဲ့ကြောင်း သိရသည်။

 

#PeopleMedia

 

(unicode)


……………………………………………

 


 


 


 


 

#PeopleMedia


Share this post