• Follow Us on

Home စစ်ဘက်ဆိုင်ရာသယ်ယူပို့ဆောင်ရေးလေယာဉ်သစ် ယူကရိန်း ထုတ်ဖော်ပြသ

စစ်ဘက်ဆိုင်ရာသယ်ယူပို့ဆောင်ရေးလေယာဉ်သစ် ယူကရိန်း ထုတ်ဖော်ပြသ

Share this post

နိုင်ငံတကာ၊ ဒီဇင်ဘာ ၃၀ (People Media)

 

လက်နက်များ၊ စစ်သည်များနှင့် အပေါ့စားစစ်လက်နက်ဆက်စပ်ပစ္စည်းများ သယ်ယူပို့ဆောင်ရန်အတွက် An-178-100R စစ်ဘက်ဆိုင်ရာသယ်ယူပို့ဆောင်ရေးလေယာဉ်ကို ယူကရိန်းနိုင်ငံလေယာဉ်ထုတ်လုပ်ရေးကုမ္ပဏီ Antonov State Enterprise က ထုတ်ဖော်ပြသလိုက်သည်။

 

An-178 လေယာဉ်သည် ထောင့်ချိုးကွေးထားပြီး တီပုံသဏ္ဍန်အမြီးရှိသည့် တောင်ပံမြင့်သယ်ယူပို့ဆောင်ရေး လေယာဉ်ဖြစ်သည်။ အဆိုပါလေယာဉ်တွင် fly-by-wire control system (ကွန်ပျူတာဖြင့် လေယာဉ်ထိန်း ကျောင်းမောင်းနှင်သည့်စနစ်) နှင့် အရေးပေါ် သမရိုးကျအီလက်ထရောနစ်စနစ် နှစ်မျိုးစလုံးတပ်ဆင်ထားသည့် လေယာဉ်ဖြစ်သည်။

 

An-178 လေယာဉ်သည် အရေးပေါ်လူနာများဖြစ်စေ လေထီးစစ်သည်များဖြစ်စေ လူဦးရေ ၁၀၀ အထိ သယ် ဆောင်နိုင်ကြောင်း လေယာဉ်ထုတ်လုပ်သည့်ကုမ္ပဏီကပြောသည်။

 

ယခုကဲ့သို့ စစ်ဘက်ဆိုင်ရာသယ်ယူပို့ဆောင်ရေးလေယာဉ်သစ်ကို ထုတ်လုပ်လိုက်ခြင်းမှာ နိုင်ငံ၏အကျိုးစီးပွား ကိုကာကွယ်ရန်အတွက် လေယာဉ်များထုတ်လုပ်နိုင်စွမ်းရှိသည့် ယူကရိန်းနိုင်ငံ၏ စွမ်းရည်ကို ထင်ဟပ်ပေါ်လွင် စေကြောင်း ယူကရိန်းကာကွယ်ရေးဝန်ကြီးအိုလက်ဆီရက်ဇ်နီကော့ဗ်က ပြောသည်။

 

“ကလေးဘဝတုန်းက ကျွန်တော်တို့အားလုံး လေယာဉ်မှူးဖြစ်ရမယ်၊ လေယာဉ်မောင်းရမယ်လု့ိ အိပ်မက်တွေ မက်ခဲ့ဖူးကြတယ်။ ဒါပေမဲ့ တကယ်အခက်ခဲဆုံးအရာက လေယာဉ်တည်ဆောက်ဖို့ပါ။ ပူးပေါင်းဆောင်ရွက်တဲ့ နည်းလမ်းကတစ်ဆင့် နိုင်ငံရဲ့ကာကွယ်ရေးစွမ်းရည်တွေကို ယူကရိန်းနိုင်ငံက သရုပ်ဖော်ပြသလိုက်တဲ့သင်္ကေ တလို့ ကျွန်တော် ထင်ပါတယ်။” ဟု အိုလက်ဆီရက်ဇ်နီကော့ဗ်က ပြောသည်။

 

ယူကရိန်းနိုင်ငံအနေဖြင့် လေယာဉ်ထုတ်ရေးမြှင့်တင်မှုနှင့် ကာကွယ်ရေးစွမ်းရည်များကို ထုတ်ဖော်ပြသရန်အ တွက် An-178 စစ်ဘက်ဆိုင်ရာသယ်ယူပို့ဆောင်ရေးလေယာဉ် အနည်းဆုံး သုံးစင်း ထုတ်လုပ်သွားမည်ဖြစ် ကြောင်း ရက်ဇ်နီကော့ဗ်က ပြောသည်။

 

နိုင်ငံ၏ စစ်ရေးစွမ်းရည်မြှင့်တင်ရန်နှင့် နိုင်ငံတွင်းတည်ငြိမ်ှုကိုထိန်းသိမ်းရန် ယူကရိန်းနိုင်ငံအတွက် ပိုမိုခေတ်မီ သော စစ်လက်နက်ပစ္စည်းများလိုအပ်ကြောင်း ယူကရိန်းဒုတိယကာကွယ်ရေးဦးစီးချုပ် Yevhen Moisyuk က ပြောသည်။

 

ပြည်တွင်းတွင် ယခုကဲ့သို့ စစ်ဘက်ဆိုင်ရာသယ်ယူပို့ဆောင်ရေးလေယာဉ်ထုတ်လုပ်နိုင်ရန် ယူကရိန်းလေတပ် အနေဖြင့် နှစ်ပေါင်း ၃၀ နီးပါးကြိုးစားခဲ့ရကြောင်း ယူကရိန်းလေတပ်အကြီးအကဲ Mykola Oleshchuk ကပြော သည်။

 

“ကျွန်တော်တို့ ဒီလေယာဉ်ကြီးကို ကျွမ်းကျင်ပိုင်နိုင်စွာမောင်းနှင်နိုင်အောင်၊ ပြုပြင်ထိန်းသိမ်းနိုင်အောင်၊ စစ်ဆင် ရေးတာဝန်တွေကို စွမ်းရည်ပြည့်ပြည့်ဝဝထမ်းဆောင်နိုင်အောင် အခက်အခဲတွေကို ဖြတ်ကျော်ရပါဦးမယ်။ ဒီလို လုပ်ဆောင်နိုင်ဖို့အတွက် ကျွန်တော်တို့ လေယာဉ်အမှုထမ်းတွေနဲ့ လေကြောင်းဆိုင်ရာအင်ဂျင်နီယာတွေကို အ ဆင့်မြှင့်တင်လေ့ကျင့်ပေးနေပါတယ်။” ဟု ၎င်းကပြောသည်။

 

Ref: Ukraine Unveils New Military Transport Aircraft

 

#PeopleMedia

 

(unicode)


……………………………………………………………

 


 


 


 


 


 


 


 


 


 


 

Ref: Ukraine Unveils New Military Transport Aircraft

 

#PeopleMedia


Share this post