• Follow Us on

Home စစ်ရေးလှုပ်ရှားမှုများကိုကန့်သတ်ထားသည့်သဘောတူစာချုပ် နော်ဝေနှင့် ရုရှားလက်မှတ်ရေးထိုး

စစ်ရေးလှုပ်ရှားမှုများကိုကန့်သတ်ထားသည့်သဘောတူစာချုပ် နော်ဝေနှင့် ရုရှားလက်မှတ်ရေးထိုး

Share this post

နိုင်ငံတကာ၊ သြဂုတ် ၂၁ (People Media)

 

အာတိတ်စက်ဝိုင်းမြောက်ဘက်ဒေသတွင် နှစ်နိုင်ငံလေယာဉ်နှင့် ရေတပ်သင်္ဘောများကြား ထိပ်တိုက်တွေ့ဆုံပြီး ဖြစ်ပွားလာမည့်တိုက်ပွဲများကိုရှောင်ရှားနိုင်ရန် ညှိနှိုင်းချက်များထပ်မံဖြည့်စွက်ထားသည့် ပြန်လည်မွမ်းမံထား သော ရုရှားနိုင်ငံနှင့် သဘောတူညီချက်ကို နော်ဝေနိုင်ငံက အပြီးသတ် လက်မှတ်ရေးထိုးခဲ့သည်။

 

အာတိတ်စက်ဝိုင်းမြောက်ဘက်ဒေသအတွင်း နော်ဝေနှင့် ရုရှားနိုင်ငံတို့ စစ်ရေးလှုပ် ရှားမှုများမြင့်တက်လာပြီး နောက် အဆိုပါသဘောတူစာချုပ် ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။ ပြန်လည်မွမ်းမံထားသောစာချုပ်တွင် နှစ်နိုင်ငံ ကြားချုပ်ဆိုထားသောလက်ရှိစာချုပ်ကို သဘောတူညီချက်အသစ်များဖြင့် ထပ်မံအဆင့်မြှင့်တင်ထားခြင်းဖြစ် သည်။

 

“ကျွန်တော်တို့တွေ့မြင်နေရတာကတော့ အာတိတ်စက်ဝိုင်းမြောက်ဘက်ဒေသ၊ နော်ဝေနိုင်ငံနားမှာ စစ်ရေးလှုပ် ရှားမှုတွေပိုမိုတွေ့မြင်လာရတာပါပဲ။ ရုရှားနိုင်ငံက သူတို့ရဲ့စစ်ရေးလှုပ်ရှားမှုတွေကို ပိုပြီးလုပ်လာသလို နော်ဝေ တပ်မတော်ကလည်း သူတို့အင်အားတွေကို ထပ်မံဖြည့်တင်းထားကြပါတယ်။” ဟု နော်ဝေကာကွယ်ရေးဝန်ကြီး ဖရန့်ခ်ဘိတ်ခ်ဂျန်ဆန်ကပြောသည်။

 

ပြန်လည်မွမ်းမံထားသည့်သဘောတူစာချုပ်တွင် ရေတပ်သင်္ဘောများနှင့် စစ်လေယာဉ်များ၏ စစ်ရေးလှုပ်ရှားမှု များကို သက်ဆိုင်ရာနိုင်ငံရေပိုင်နက်၏ ရေမိုင် ၁၂ မိုင်အပြင်ဘက်သို့ထွက်မလာစေရန် တားမြစ်ထားသည့် အ ပြင် စာချုပ်၏ပြန်လည်ညှိနှိုင်းချက်များတွင်  အရပ်ဘက်သင်္ဘောများ/ အရပ်ဘက်လေယာဉ်များနှင့် ဆက်နွယ် နေသော တားမြစ်ဆောင်ရွက်ချက်များနှင့်လည်း အကျုံးဝင်ကြောင်းဖော်ပြထားသည်။ နော်ဝေနိုင်ငံသည် ရုရှား နိုင်ငံနှင့် နယ်စပ်ထိစပ်မှု ၁၂၂ မိုင်ရှိသည်။

 

အာတိတ်စက်ဝိုင်းမြောက်ဘက်ဒေသတွင်း စစ်ရေးလှုပ်ရှားမှုများမြင့်တက်လာခြင်းမှာ နှစ်နိုင်ငံချုပ်ဆိုထားသည့် ပင်လယ်ပြင်သဘောတူညီချက်စာချုပ် (INCSEA) ကို ပြန်လည်ဆန်းစစ်ဆွေးနွေးရန်လိုအပ်လာပြီး နှစ်နိုင်ငံတပ် မတော်များကြားတွင် ဘေးကင်းလုံခြုံရေးပိုမိုမြှင့်တင်ဆောင်ရွက်ရာ၌ တိကျသေချာအောင်ဆောင်ရွက်နိုင်ရန် စာချုပ်ပါသဘောတူညီချက်များကို ပြန်လည်ညှိနှိုင်းမြှင့်တင်ရန် ပို၍အရေးကြီးလာကြောင်း ဘိတ်ခ်ဂျန်ဆန်က ပြောသည်။ နော်ဝေနိုင်ငံနှင့် ရုရှားနိုင်ငံတို့သည် ပထမအကြိမ် ပင်လယ်ပြင်သဘောတူညီချက်စာချုပ်ကို ၁၉၉၀ ခုနှစ်ကလက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်သည်။

 

“စစ်ဘက်ဆိုင်ရာနည်းပညာတွေက တဖြည်းဖြည်းမြင့်သထက်မြင့်တက်လာတယ်။ ပြန်လည်မွမ်းမံထားတဲ့ စာ ချုပ်က အာတိတ်စက်ဝိုင်းမြောက်ဘက်ဒေသတွင်း တည်ငြိမ်မှုရအောင်မြှင့်တင်နေစဉ်အတွင်းမှာ အန္တရာယ်ရှိတဲ့ အခြေအနေတွေကိုလျှော့ချရာမှာ အထောက်အကူပြုပါလိမ့်မယ်။” ဟု ဘိတ်ခ်ဂျန်ဆန်က ပြောသည်။

 

ပထမအကြိမ် ပင်လယ်ပြင်သဘောတူညီချက်စာချုပ် (INCSEA) မှာ နော်ဝေနိုင်ငံနှင့် ရုရှားနိုင်ငံကြား နယ်စပ် ဖြတ်ကျော်ပူးပေါင်းဆောင်ရွက်မှုနှင့်ပတ်သက်သည့် အဓိကစံချိန်များထဲကတစ်ခုကို ကိုယ်စားပြုချုပ်ဆိုထားခြင်း ဖြစ်သည်။ သို့သော် ၂၀၁၄ ခုနှစ်တွင် ရုရှားနိုင်ငံက ခရိုင်းမီးယားကိုသိမ်းပိုက်လိုက်ပြီးနောက် နှစ်နိုင်ငံကြားပူး ပေါင်းဆောင်ရွက်မှုမှာ သိသိသာသာပြောင်းလဲသွားသည်။

 

နော်ဝေနိုင်ငံနှင့် ရုရှားနိုင်ငံသည် ၂၀၁၄ ခုနှစ်အထိ မြောက်ပိုင်းရေတပ်အုပ်စုနှင့်အတူ ဘာရန့်ပင်လယ်ပြင်နှင့် နော်ဝေပင်လယ်ပြင်တို့တွင် ပူးတွဲရေတပ်စစ်ရေးလေ့ကျင့်မှုများကို ပုံမှန်ပြုလုပ်လေ့ရှိသော်လည်း ခရိုင်းမီးယား သိမ်းပိုက်ခံရပြီးနောက်ပိုင်း နေတိုးအဖွဲ့ဝင်နိုင်ငံများနှင့်အတူ နော်ဝေနိုင်ငံက ရုရှားနိုင်ငံနှင့် စစ်ဘက်ဆိုင်ရာ ပူး ပေါင်းဆောင်ရွက်မှုများကို ရပ်တန့်ခဲ့သည်။

 

Ref: Norway and Russia sharpen transparency pact on warship, aircraft moves

 

#PeopleMedia

 

(unicode)

စဈရေးလှုပျရှားမှုမြားကိုကန့ျသတျထားသည့ျသဘောတူစာခြုပျ နောျဝနှေင့ျ ရုရှားလကျမှတျရေးထိုး

……………………………………………………………..

 


 


 


 


 


 


 


 


 


 

Ref: Norway and Russia sharpen transparency pact on warship, aircraft moves

 

#PeopleMedia


Share this post