• Follow Us on

Home စည်ပင်ကော်မတီအသစ်အနေနဲ့ အကောင်းဆုံးဖြစ်အောင် ခြေစွမ်းပြဖို့လို ဟု ပြည်နယ် စည်ပင်ဝန်ကြီးဆို

စည်ပင်ကော်မတီအသစ်အနေနဲ့ အကောင်းဆုံးဖြစ်အောင် ခြေစွမ်းပြဖို့လို ဟု ပြည်နယ် စည်ပင်ဝန်ကြီးဆို

Share this post

မိုးကောင်း၊ ဒီဇင်ဘာ ၈(PeopleMedia)
“မိုးကောင်းမြို့နယ် စည်ပင်သာယာရေး ကော်မတီအသစ်အနေနှင့် အကောင်းဆုံးဖြစ်အောင် ခြေစွမ်းပြနိုင်ဖို့ လို”ကြောင်း ကချင်ပြည်နယ် စည်ပင်သာယာရေးဝန်ကြီး ဦးနော်လီက ယနေ့ ပြောကြားလိုက်သည်။
ယနေ့ ဒီဇင်ဘာလ ၈ ရက်နေ့ က မိုးကောင်းမြို့သို့ ရောက်ရှိနေတဲ့ ကချင်ပြည်နယ် စည်ပင်သာယာရေးဝန်ကြီး ဦးနော်လီက ယနေ့ နေလယ်ပိုင်းမှာ မိုးကောင်းမြို့နယ် စည်ပင်သာယာရေးရုံး အစည်းအဝေး ခန်းမတွင် ပြုလုပ်ခဲ့သည့် မြို့နယ် စည်ပင်သာယာရေးကော်မတီနှင့် တွေ့ဆုံစဉ် ယင်းကဲ့သို့ မှာကြား ပြောဆိုခဲ့ခြင်း ဖြစ်သည်။
“ကျနော်တို့ စည်ပင်သာယာကဆောင်ရွက်တဲ့ လုပ်ငန်းတွေမှာ အရည်အသွေး ပြည့်မိစွာနဲ့ သတ်မှတ် စံချိန်စံညွှန်းနဲ့ အညီ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ ဒါတွေကို အဓိကကြီးကြပ်သွားဖို့က စည်ပင်ကော်မတီမှာ တာဝန်ရှိပါတယ်။ ဒါကြောင့် စည်ပင်ကော်မတီအသစ်အနေနဲ့ အကောင်းဆုံးဖြစ်အောင်ခြေစွမ်းပြဖို့ လိုပါတယ်။” ဟု ဝန်ကြီး က ပြောသည်။
ထို့အပြင် ဝန်ကြီး ဦးနော်လီက “ကျနော်တို့ တိုးတက်ရာ တိုးတက်ကြောင်းကို သွားတဲ့အခါမှာ မနေ့ကလူထက် ဒီနေ့လူက ပိုသာရမှာဖြစ်ပါတယ်။ အသစ်ဟာ အဟောင်းထက် ကောင်းအောင် အလုပ်လုပ်‌စေချင်ပါတယ်”ဟု ထည့်သွင်း ပြောဆိုသည်။
အဆိုပါ တွေ့ဆုံပွဲသို့ ပြည်နယ် စည်ပင်သာယာရေးဝန်ကြီး ဦးနော်လီ၊ မိုးကောင်းမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းနိုင်၊ အမျိုးသား လွတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်မကြီး၊ပြည်နယ်လွတ်တော် ကိုယ်စားလှယ်
ဒေါ်မြသွေးစံ၊ ပြည်နယ် စည်ပင်ညွှန်မှူး ဦးစိုးနိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရန်နိုင်ထွန်း၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီ ဥက္ကဌ ဦးခင်မာင်မြင့်နှင့် အဖွဲ့ဝင်များ၊ စည်ပင်အမှုဆောင် အရာရှိ ဦးမျိုးဌေးတို့နှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့သည်။
ချိုမောင်
#PeopleMedia #မိုးကောင်း

(unicode)
…………………………………..


Share this post