• Follow Us on

Home စမ်းချောင်းမြို့နယ်၊ မြေနီကုန်းမြောက်ရပ်ကွက်အုပ်ချုပ်ရေးမှူးနေအိမ် ဗုံးပစ်တိုက်ခိုက်ခံရသော်လည်း ပေါက်ကွဲ မှုမရှိ

စမ်းချောင်းမြို့နယ်၊ မြေနီကုန်းမြောက်ရပ်ကွက်အုပ်ချုပ်ရေးမှူးနေအိမ် ဗုံးပစ်တိုက်ခိုက်ခံရသော်လည်း ပေါက်ကွဲ မှုမရှိ

Share this post

ရန်ကုန်၊ ဇွန် ၂၄

 

ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ မြေနီကုန်းမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်မြင့် နေအိမ် အား ယမန်နေ့ မွန်းလွဲ ၂ နာရီကျော်အချိန်က လက်လုပ်ဗုံးဖြင့် ပစ်ခတ်ခံခဲ့ရသော်လည်း ပေါက်ကွဲမှုမရှိကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ စမ်းချောင်းမြို့နယ်၊ မြေနီကုန်းမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်၏ ရှမ်းကုန်းလမ်းရှိ နေအိမ်အား ယမန်နေ့ မွန်းလွဲပိုင်းက အမည်မသိ အမျိုးသားတစ်ဦးက လက်လုပ်ဗုံးဖြင့် ပစ်ခတ်ကာ ထွက် ပြေးသွားခြင်းဖြစ်သည်။

 

ထိုသို့ ပစ်ခတ်ခဲ့သော်လည်း လက်လုပ်ဗုံးမှာ ပေါက်ကွဲမှုမရှိ၍ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ရှင်းလင်းခဲ့ရကြောင်း သိရသည်။

 

အုပ်ချုပ်ရေးမှူး ဦးအောင်မြင့် နေအိမ်အား နာနတ်သီးဖြင့် ပစ်ခတ်တိုက်ခိုက်ရာတွင် ခွေးစာပစ္စည်း ချို့ယွင်းမှု ကြောင့် အဆင်မပြေဖြစ်ခဲ့ပြီး ဘေးကင်းစွာပြန်လည်ဆုတ်ခွာနိုင်ခဲ‌့ကြောင်း Brave Eagles(UG) မှ ထုတ်ပြန် ထားသည်။

 

#PeopleMedia

 

(unicode)


…………………………………

 


 


 


 


 


 

#PeopleMedia


Share this post