• Follow Us on

Home မဲဆောက်မြို့ရှိ မြန်မာရွှေ့ပြောင်းလုပ်သားများ၏ သား/သမီးအတွက် ပုံနှိပ်စာအုပ် (၅၆၃၈)စုံ၊ ကျောင်းသုံးဗလာ စာအုပ် (၅၀၀) ဒါဇင်ကို ကရင်ပြည်နယ်အစိုးရမှ ထောက်ပံ့ပေးအပ်

မဲဆောက်မြို့ရှိ မြန်မာရွှေ့ပြောင်းလုပ်သားများ၏ သား/သမီးအတွက် ပုံနှိပ်စာအုပ် (၅၆၃၈)စုံ၊ ကျောင်းသုံးဗလာ စာအုပ် (၅၀၀) ဒါဇင်ကို ကရင်ပြည်နယ်အစိုးရမှ ထောက်ပံ့ပေးအပ်

Share this post

နေပြည်တော်၊ ဇွန် ၂၄

 

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ရှိ မြန်မာရွှေ့ပြောင်းလုပ်သားများ၏ သား/သမီး၊ ကျောင်းသား၊ ကျောင်းသူများအတွက် ပုံနှိပ်စာအုပ် ၅၆၃၈ စုံ၊ ကျောင်းသုံးဗလာစာအုပ် ၅၀၀ ဒါဇင်ကို ယမန်နေ့က ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ ပေးအပ်ရာတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်းတို့က မြန်မာရွှေ့ပြောင်းလုပ်သားများ၏ သား/သမီး၊ ကျောင်းသား၊ ကျောင်းသူများအတွက် KG တန်းမှ Grade-11 ထိ ပုံနှိပ်စာအုပ် ၅၆၃၈ စုံ၊ ကျောင်းသုံးဗလာစာအုပ် ၅၀၀ ဒါဇင်ကို ထောက်ပံ့ပေးအပ်ရာ မြန်မာရွှေ့ပြောင်းလုပ်သားပညာရေးကော်မတီဥက္ကဋ္ဌ နော်ဆာအယ်စေးဖိုးက လက်ခံရယူခဲ့ကြောင်း သိရသည်။

 

ထို့နောက် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက မြန်မာရွှေ့ပြောင်းကျောင်းသား၊ ကျောင်းသူများ၏ ပညာ သင်ကြားရေးဆိုင်ရာအရေးကိစ္စများကို အချိန်မရွေးတင်ပြနိုင်ပြီး လိုအပ်သည်များကို အတတ်နိုင်ဆုံး ထောက်ပံ့ ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

#PeopleMedia

 

(unicode)


………………………………………

 


 


 


 


 

#PeopleMedia


Share this post