• Follow Us on

Home စားအုန်းဆီ‌ဈေး အဆမတန် မြင့်တက်မှုကြောင့် ဆီကို အဓိကအသုံးပြုလုပ်ကိုင်ရသော လုပ်ငန်းရှင်များ အခက်အခဲများစွာ ကြုံနေရ

စားအုန်းဆီ‌ဈေး အဆမတန် မြင့်တက်မှုကြောင့် ဆီကို အဓိကအသုံးပြုလုပ်ကိုင်ရသော လုပ်ငန်းရှင်များ အခက်အခဲများစွာ ကြုံနေရ

Share this post

ပုသိမ်၊ မတ်လ ၁၄

 

ဧရာဝတီတိုင်းဒေသကြီးတွင် စားအုန်းဆီဈေး ဆက်တိုက်မြင့်တက်မှုနှင့် ဆီလိုချင်တိုင်းဝယ်မရသည့် အခြေ အနေများကြောင့် ဆီကို အဓိကအသုံးပြုလုပ်ကိုင်ရသည့် ပဲကြော်ဖို၊ မုန့်လုပ်ငန်းများ အခက်အခဲကြုံနေရ ကြောင်း လုပ်ငန်းရှင်များပြောသည်။

 

“ပြီးခဲ့တဲ့ ဖေဖော်ဝါရီလလယ်က စကာ စားအုန်းဆီဈေး ဆက်တက်မြင့်တက်သလို ဈေးအတက်ကြမ်း တာတွေကြောင့် တချို့မုန့်လုပ်ငန်းရှင်တွေနဲ့ ပဲကြော်ဖိုလုပ်ငန်းရှင်တွေက ရပ်နားနေရတာပါ။ စားအုန်း ဆီဈေးဟာ တစ်ရက်နဲ့ တစ်ရက် ဈေးကွာခြားမှုရှိပြီး တကယ်လိုအပ်တဲ့အချိန်မှာ ဝယ်မရတာတွေ၊ ဈေးနှုန်း အတက်ကြမ်းတာတွေက လုပ်ငန်းရှင်တွေအတွက် အခက်အခဲဖြစ်စေပါတယ်” ဟု ပုသိမ်မြို့ရှိ ဇော်မြန်မာ ပဲကြော်ဖိုလုပ်ငန်းရှင် ဦးဇော်မြင့်က ပြောပြသည်။

 

ပုသိမ်မြို့တွင် စားအုန်းဆီ တစ်ပိသာလျှင်ငွေကျပ် ၈၅၀၀ မှ ၉၀၀၀ အထိမြင့်တက်နေပြီး ဆီကိုလည်းလိုသ လောက် ဝယ်ယူ၍ မရသည်အထိဖြစ်နေကြောင်း၊ စားအုန်းဆီဈေး ပြန်လည်ကျဆင်းဖို့ရာအတွက်ဆီကုန် သည်လုပ်ငန်းရှင်ကုမ္ပဏီများနှင့် အစိုးရမှပူးပေါင်းကြပ်မတ်ဆောင်ရွက်စေလိုကြောင်း ယင်းလုပ်ငန်းရှင်များက ဆိုသည်။

 

“ဆီဈေးအပြင် တခြားကုန်ကြမ်းဈေးတွေကလည်း မြင့်တက်နေတဲ့အတွက် ယာယီရပ်နားရတော့မယ့် အခြေအ နေဖြစ်နေတယ်။ ဘဝမှာ ကျွန်တော်တို့ တစ်သက် လက်ရှိ အသက် ၆၅ ကျော်နေပြီ စားအုန်းဆီဈေးမြင့်တက် နေတာဟာ ပထမဆုံးဖြစ်ပါတယ်။ ဒီလောက် တက်နေတဲ့ဆီဈေးပြန်လည်ကျဆင်းဖို့ရာအတွက် ဆီကုန်သည် တွေ ဆီလုပ်ငန်းရှင်ကုမ္ပဏီများနှင့် အစိုးရတို့က ပူးပေါင်းကြပ်မတ်ဆောင်ရွက်စေလိုတယ်။” ဟု ပုသိမ်မြို့ရှိ အာလူးကြော်ထုတ်လုပ်ရေးလုပ်ငန်းမှ ဦးလှရွှေက ပြောသည်။

 

ဧရာဝတီတိုင်းဒေသကြီးတွင် တစ်ရက်နှင့် တစ်ရက် အဆမတန် မြင့်တက်နေသော စားအုန်းဆီဈေးများပုံမှန် ကျဆင်းသွားမှသာ လုပ်ငန်းများပြန်လည်လည်ပတ်နိုင်မည်ဖြစ်သည့်အတွက် ဆီဈေးအကျကိုသာ မျှော်လင့် လျက်ရှိကြောင်း လုပ်ငန်းရှင်များက ဆိုသည်။

 

သူရ

 

#EPN

 

(unicode)


…………………………………

 


 


 


 


 


 


 


 

#EPN


Share this post