• Follow Us on

Home စိုက္ခင္းဖ်က္က်ိဳင္းေကာင္မ်ား ႏွိမ္နင္းရန္ ပါကစၥတန္သို႔ ဒ႐ုန္း ၃၈ စင္း တ႐ုတ္ ေထာက္ပံ့မည္

စိုက္ခင္းဖ်က္က်ိဳင္းေကာင္မ်ား ႏွိမ္နင္းရန္ ပါကစၥတန္သို႔ ဒ႐ုန္း ၃၈ စင္း တ႐ုတ္ ေထာက္ပံ့မည္

Share this post

၂၀၂၀၊ ၾသဂုတ္ ၄

စိုက္ခင္းဖ်က္ပိုးကႏၲာရက်ိဳင္းေကာင္မ်ား တိုက္ဖ်က္ရန္ လာမည့္လအနည္းငယ္အတြင္း ပါကစၥတန္ႏိုင္ငံသို႔ လယ္ယာစိုက္ပ်ိဳးေရးလုပ္ငန္းသုံး ေမာင္းသူမဲ့ေလယာဥ္ ၃၈ စင္း တ႐ုပ္ႏိုင္ငံက ထပ္မံေထာက္ပံ့မည္ျဖစ္သည္။

သီးႏွံစိုက္ခင္းမ်ားကို ကာကြယ္ကာ က်ိဳင္းေကာင္မ်ားကို ထိန္းခ်ဳပ္ရာတြင္ အသုံးျပဳႏိုင္ေသာ ဒ႐ုန္းမ်ား ထုတ္လုပ္ရန္ ပါကစၥတန္ႏိုင္ငံ၌ စက္႐ုံတစ္ခုတည္ေဆာက္လိုေၾကာင္း တ႐ုတ္ထိပ္တန္းကုမၸဏီတစ္ခုက ဇြန္လအေစာပိုင္းတြင္ ေျပာၾကားခဲ့သည္ဟု တ႐ုတ္စီးပြားေရးကြန္ရက္ (CEN) ၏ သတင္းတစ္ပုဒ္အရ သိရသည္။

က်ိဳင္းေကာင္က်ေရာက္ရာ နယ္ေျမမ်ားတြင္ ေဝဟင္မွေဆးျဖန္းျခင္းလုပ္ငန္း ေဆာင္ရြက္ေရး ပါကစၥတန္ ႏိုင္ငံသို႔ ဒ႐ုန္းမ်ားေပးပို႔ေရးအတြက္ တ႐ုတ္ေလေၾကာင္းပို႔ေဆာင္ေရးလုပ္ငန္းႏွင့္ အစိုးရက ေစ့စပ္ညႇိႏႈိင္းလ်က္ရွိသည္။

က်ိဳင္းေကာင္က်ေရာက္ရာ နယ္ေျမမ်ား၌ ေဝဟင္ေဆးျဖန္းမႈေဆာင္ရြက္ရန္ ပါကစၥတန္ႏိုင္ငံက တ႐ုတ္ ႏိုင္ငံ၊ ေလေၾကာင္းပို႔ေဆာင္ေရးဝန္ႀကီးဌာနထံမွ ဒ႐ုန္းေျခာက္စင္း ငွားရမ္းလိုေၾကာင္း ပါကစၥတန္ႏိုင္ငံ၊ အမ်ိဳး သား စားနပ္ရိကၡာဖူလုံေရးႏွင့္ သုေတသနဝန္ႀကီးဌာနမွ တာဝန္ရွိသူတစ္ဦးက ေျပာသည္။

ကႏၲာရက်ိဳင္းေကာင္မ်ား ႏွိမ္နင္းရန္ ဒ႐ုန္းမ်ား မေစလႊတ္ရေသးေသာ္လည္း ပါကစၥတန္လယ္သမားမ်ား ၾကား အဆိုပါသတင္းက ေပ်ာ္ရႊင္မႈမ်ား ျဖစ္ေစခဲ့သည္။

ပါကစၥတန္ႏိုင္ငံ ဆင္းႏွင့္ ဘလိုခ်ီစတန္ျပည္နယ္မ်ားတြင္ ကႏၲာရက်ိဳင္းေကာင္မ်ားေၾကာင့္ သီးႏွံစိုက္ခင္း ဟက္တာ ၈၀၀၀၀ ေက်ာ္အျပင္ စားက်က္ေျမမ်ား၊ သစ္ေတာဧရိယာမ်ား ထိခိုက္ပ်က္စီးခဲ့ရသည္။

ကႏၲာရက်ိဳင္းေကာင္မ်ား ႏွိမ္နင္းရန္ ပါကစၥတန္ႏိုင္ငံက ယခုႏွစ္ ေဖေဖာ္ဝါရီလအတြင္း အေရးေပၚအေျခ အေန တစ္ရပ္ ေၾကညာခဲ့ရသည္။

ကိုးကား ။ ။ သည္ေနးရွင္း

Ref; China to provide 38 more agricultural drones to Pakistan to fight desert locust

#PeopleMedia

(unicode)
စိုက်ခင်းဖျက်ကျိုင်းကောင်များ နှိမ်နင်းရန် ပါကစ္စတန်သို့ ဒရုန်း ၃၈ စင်း တရုတ် ထောက်ပံ့မည်
…………………………………………………………

၂၀၂၀၊ ဩဂုတ် ၄

စိုက်ခင်းဖျက်ပိုးကန္တာရကျိုင်းကောင်များ တိုက်ဖျက်ရန် လာမည့်လအနည်းငယ်အတွင်း ပါကစ္စတန်နိုင်ငံသို့ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းသုံး မောင်းသူမဲ့လေယာဉ် ၃၈ စင်း တရုပ်နိုင်ငံက ထပ်မံထောက်ပံ့မည်ဖြစ်သည်။

သီးနှံစိုက်ခင်းများကို ကာကွယ်ကာ ကျိုင်းကောင်များကို ထိန်းချုပ်ရာတွင် အသုံးပြုနိုင်သော ဒရုန်းများ ထုတ်လုပ်ရန် ပါကစ္စတန်နိုင်ငံ၌ စက်ရုံတစ်ခုတည်ဆောက်လိုကြောင်း တရုတ်ထိပ်တန်းကုမ္ပဏီတစ်ခုက ဇွန်လအစောပိုင်းတွင် ပြောကြားခဲ့သည်ဟု တရုတ်စီးပွားရေးကွန်ရက် (CEN) ၏ သတင်းတစ်ပုဒ်အရ သိရသည်။

ကျိုင်းကောင်ကျရောက်ရာ နယ်မြေများတွင် ဝေဟင်မှဆေးဖြန်းခြင်းလုပ်ငန်း ဆောင်ရွက်ရေး ပါကစ္စတန် နိုင်ငံသို့ ဒရုန်းများပေးပို့ရေးအတွက် တရုတ်လေကြောင်းပို့ဆောင်ရေးလုပ်ငန်းနှင့် အစိုးရက စေ့စပ်ညှိနှိုင်းလျက်ရှိသည်။

ကျိုင်းကောင်ကျရောက်ရာ နယ်မြေများ၌ ဝေဟင်ဆေးဖြန်းမှုဆောင်ရွက်ရန် ပါကစ္စတန်နိုင်ငံက တရုတ် နိုင်ငံ၊ လေကြောင်းပို့ဆောင်ရေးဝန်ကြီးဌာနထံမှ ဒရုန်းခြောက်စင်း ငှားရမ်းလိုကြောင်း ပါကစ္စတန်နိုင်ငံ၊ အမျိုး သား စားနပ်ရိက္ခာဖူလုံရေးနှင့် သုတေသနဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ကန္တာရကျိုင်းကောင်များ နှိမ်နင်းရန် ဒရုန်းများ မစေလွှတ်ရသေးသော်လည်း ပါကစ္စတန်လယ်သမားများ ကြား အဆိုပါသတင်းက ပျော်ရွှင်မှုများ ဖြစ်စေခဲ့သည်။

ပါကစ္စတန်နိုင်ငံ ဆင်းနှင့် ဘလိုချီစတန်ပြည်နယ်များတွင် ကန္တာရကျိုင်းကောင်များကြောင့် သီးနှံစိုက်ခင်း ဟက်တာ ၈၀၀၀၀ ကျော်အပြင် စားကျက်မြေများ၊ သစ်တောဧရိယာများ ထိခိုက်ပျက်စီးခဲ့ရသည်။

ကန္တာရကျိုင်းကောင်များ နှိမ်နင်းရန် ပါကစ္စတန်နိုင်ငံက ယခုနှစ် ဖေဖော်ဝါရီလအတွင်း အရေးပေါ်အခြေ အနေ တစ်ရပ် ကြေညာခဲ့ရသည်။

ကိုးကား ။ ။ သည်နေးရှင်း

Ref; China to provide 38 more agricultural drones to Pakistan to fight desert locust

#PeopleMedia


Share this post