• Follow Us on

Home စီးပွားရေးအကြပ်အတည်းကြောင့် ဘောလုံးလောကကို ကျားကန်အထောက်အကူပေးသည့် စပွန်ဆာများအခက်အခဲဖြစ်နေကြောင်း (FIFA) ဥက္ကဋ္ဌထံ မြန်မာဘောလုံးအဖွဲ့ချုပ်ဥက္ကဌ ဆွေးနွေးပြောကြား

စီးပွားရေးအကြပ်အတည်းကြောင့် ဘောလုံးလောကကို ကျားကန်အထောက်အကူပေးသည့် စပွန်ဆာများအခက်အခဲဖြစ်နေကြောင်း (FIFA) ဥက္ကဋ္ဌထံ မြန်မာဘောလုံးအဖွဲ့ချုပ်ဥက္ကဌ ဆွေးနွေးပြောကြား

Share this post

စီးပွားရေးအကြပ်အတည်းကြောင့် ဘောလုံးလောကကို ကျားကန်အထောက်အကူပေးသည့် စပွန်ဆာများအခက်အခဲဖြစ်နေကြောင်း (FIFA) ဥက္ကဌထံ မြန်မာဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌဆွေးနွေးပြောကြားလိုက်သည်။

ဇူလိုင် ၂၉ရက် FIFA ဥက္ကဌ အပါအ၀င် အာရှဘောလုံးအဖွဲ့ချုပ် AFC နှင့် အာရှ အာဆီယံဒေသတွင်းအဖွဲ့ချုပ်များနှင့်video conference ဖြင့် ကျင်းပသည့်အစည်းအဝေးတွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌဦးဇော်ဇော်က ပြောကြားခဲ့ခြင်းဖြစ်သည်။

“စီးပွားရေးအကြပ်အတည်းကြောင့် လုပ်ငန်းများထိခိုက်ပြီး ဘောလုံးလောကအားကျားကန်ထောက်ကူပေးနေသည့် စပွန်ဆာများလည်းအခက်အခဲဖြစ်နေရရပါတယ်။ဝင်ငွေမရှိတဲ့အချိန်မှာ ကလပ်အသင်းများဆက်လက်ရပ်တည်ရန် မလွယ်ကူတဲ့အခြေအနေဖြစ်ပါတယ်’’ဟု ၎င်းကပြောသည်။

လက်ရှိမြန်မာနိုင်ငံတွင် covid 19ကပ်ရောဂါကြောင့် ဘောလုံးကွင်းများပိတ်ထားကာ ဘောလုံးပွဲများကျင်းပရန်ရွှေ့ဆိုင်းထားကြောင်းသိရသည်။

မြန်မာနိုင်ငံရှိ ဘောလုံးကလပ်အသင်းများအား တာဝန်ယူထားသည့်လူအများစုမှာ လုပ်ငန်းရှင်များဖြစ်ကြပြီး covid 19ကပ်ရောဂါကြောင့် မြန်မာစီးပွားရေးလုပ်ငန်းထိခိုက်မှုရှိခဲ့ကာ လုပ်ငန်းအများစုမှာ ၀န်ထမ်းများလျှော့ချခြင်း၊ လုပ်ငန်းကိုချုံခြင်းတို့ပြုလုပ်ကြောင်းသိရသည်။

#peoplemedia

(Unicode)
စီးပွားရေးအကြပ်အတည်းကြောင့် ဘောလုံးလောကကို ကျားကန်အထောက်အကူပေးသည့် စပွန်ဆာများအခက်အခဲဖြစ်နေကြောင်း (FIFA) ဥက္ကဋ္ဌထံ မြန်မာဘောလုံးအဖွဲ့ချုပ်ဥက္ကဌ ဆွေးနွေးပြောကြား
=======================

စီးပွားရေးအကြပ်အတည်းကြောင့် ဘောလုံးလောကကို ကျားကန်အထောက်အကူပေးသည့် စပွန်ဆာများအခက်အခဲဖြစ်နေကြောင်း (FIFA) ဥက္ကဋ္ဌထံ မြန်မာဘောလုံးအဖွဲ့ချုပ်ဥက္ကဌ ဆွေးနွေးပြောကြားလိုက်သည်။

ဇူလိုင် ၂၉ရက် FIFA ဥက္ကဌ အပါအဝင် အာရှဘောလုံးအဖွဲ့ချုပ် AFC နှင့် အာရှ အာဆီယံဒေသတွင်းအဖွဲ့ချုပ်များနှင့်video conference ဖြင့် ကျင်းပသည့်အစည်းအဝေးတွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌဦးဇော်ဇော်က ပြောကြားခဲ့ခြင်းဖြစ်သည်။

“စီးပွားရေးအကြပ်အတည်းကြောင့် လုပ်ငန်းများထိခိုက်ပြီး ဘောလုံးလောကအားကျားကန်ထောက်ကူပေးနေသည့် စပွန်ဆာများလည်းအခက်အခဲဖြစ်နေရရပါတယ်။ဝင်ငွေမရှိတဲ့အချိန်မှာ ကလပ်အသင်းများဆက်လက်ရပ်တည်ရန် မလွယ်ကူတဲ့အခြေအနေဖြစ်ပါတယ်’’ဟု ၎င်းကပြောသည်။

လက်ရှိမြန်မာနိုင်ငံတွင် covid 19ကပ်ရောဂါကြောင့် ဘောလုံးကွင်းများပိတ်ထားကာ ဘောလုံးပွဲများကျင်းပရန်ရွှေ့ဆိုင်းထားကြောင်းသိရသည်။

မြန်မာနိုင်ငံရှိ ဘောလုံးကလပ်အသင်းများအား တာဝန်ယူထားသည့်လူအများစုမှာ လုပ်ငန်းရှင်များဖြစ်ကြပြီး covid 19ကပ်ရောဂါကြောင့် မြန်မာစီးပွားရေးလုပ်ငန်းထိခိုက်မှုရှိခဲ့ကာ လုပ်ငန်းအများစုမှာ ဝန်ထမ်းများလျှော့ချခြင်း၊ လုပ်ငန်းကိုချုံခြင်းတို့ပြုလုပ်ကြောင်းသိရသည်။

#peoplemedia


Share this post