• Follow Us on

Home ဆင္ဘိုေဒသရွိ ရွမ္းနီလူမ်ိဳးမ်ား၏ ငါးႀကိမ္ေျမာက္ ေကာက္ဦးဆြမ္းလႉပြဲႏွင့္ ႏွစ္သစ္ကူးပြဲေတာ္ က်င္းပ

ဆင္ဘိုေဒသရွိ ရွမ္းနီလူမ်ိဳးမ်ား၏ ငါးႀကိမ္ေျမာက္ ေကာက္ဦးဆြမ္းလႉပြဲႏွင့္ ႏွစ္သစ္ကူးပြဲေတာ္ က်င္းပ

Share this post

ျမစ္ႀကီးနား၊ ဒီဇင္ဘာ ၆

ကခ်င္ျပည္နယ္၊ ဆင္ဘိုေဒသရွိရွမ္းနီလူမ်ိဳးမ်ား၏ ငါးႀကိမ္ေျမာက္ ေကာက္ဦးဆြမ္းကပ္ လႉပြဲႏွင့္ ႏွစ္သစ္ကူးပြဲေတာ္ကို ယမန္ေန႕က ဆင္ဘိုၿမိဳ႕နယ္ရွိ နယ္ျခားေက်း႐ြာတြင္ ျပဳလုပ္က်င္းပခဲ့ သည္။

အဆိုပါ ပြဲေတာ္ကို ရွမ္းနီစာေပယဥ္ေက်းမႈအဖြဲ႕ႏွင့္ ေက်း႐ြာရပ္မိရပ္ဖမ်ားဦးေဆာင္က်င္းပျခင္းျဖစ္ ၿပီးေက်းဆင္ဘိုတိုက္နယ္အတြင္းမွ ေက်း႐ြာေပါင္း (၂၂)႐ြာပူးေပါင္းပါဝင္ထားေၾကာင္း ပြဲက်င္းပေရးေကာ္မတီမွ သိရသည္။

ယင္းပြဲေတာ္တြင္ ေကာ္ဦးဆြမ္းကပ္ျခင္းႏွင့္ ရွမ္းနီစာေပ၊ ဝတ္စားဆင္ယင္ စသည့္ ရွမ္းနီရိုးရာ ဓေလ့ထုံးမ်ားကိုျပန္လည္ေဖာ္ထုတ္ လက္ဆင့္ကမ္းနိုင္ရန္ ရည္႐ြယ္၍ ဖြင့္လွစ္ရျခင္းျဖစ္ေၾကာင္း ပြဲေတာ္က်င္းပေရး ေကာ္မတီဥကၠ႒ဦးတင္ေအာင္က ဆိုသည္။

“ဒီပြဲမွာက ရွမ္းနီရိုးရာရဲ႕အက်ိဳးအေၾကာင္း ေတြကို သက္ဆိုင္ရာလူႀကီးေတြက ေဟာတယ္ေျပာတယ္။ ရွင္းျပတယ္။ ရွမ္းနီစာေပယဥ္ေက်းမႈေတြက ပေပ်ာက္ခဲ့တာၾကာေနၿပီး အခုမွျပန္လည္ထူေထာင္တယ္ ဆိုတာေတြကို သိေအာင္ရွင္းျပတယ္။ေနာက္ၿပီး လူငယ္ေမာင္မယ္ေလးေတြလည္း ရွမ္းရိုးရာအကေလးေတြနဲ႕ မိမိရာကို ေဖာ္ထုတ္တာေပါ့”ဟု ဦးတင္ေအာင္ ကေျပာသည္။

ရွမ္းတိုင္းရင္းသားမ်ား၏ ႏွစ္သစ္ကူးပြဲေတာ္ကို ဒီဇင္ဘာလ (၄)ရက္ေန႕တြင္ ျပဳလုပ္က်င္းပေလ့ရွိၿပီး ယင္းႏွစ္သစ္ကူးသည့္ေန႕တြင္ ေကာက္ဦးဆြမ္းကပ္ပူေဇာ္လႉဒါန္းက်င္းပေလ့ရွိေၾကာင္း ဦးတင္ေအာင္ ကယခုကဲ့သို႔ ရွင္းေျပာဆိုသည္။

“ေကာက္ဦးဆြမ္းကပ္တဲ့ အဓိပၸာယ္ကေတာ့ ဒီစပါးေပၚတဲ့အခ်ိန္မွာ ဦးဦးဖ်ားဖ်ား ဘုရားတရား ဃယာ ရတနာသုံးပါးကို ဦးထိပ္ထားၿပီးေတာ့မွ ဆက္ကပ္လႉဒါန္းၾကတာပါ။ ဘုရားကိုလည္း လႉတယ္၊ ဃံယာေတြကိုလည္းဆြမ္းကပ္တယ္”ဟု ဦးတင္ေအာင္ကေျပာသည္။

ဆင္ဘိုေဒတြင္ ရွမ္းနီလူမ်ိဳးမ်ား အမ်ားဆုံးေနထိုင္ၿပီး ယင္းပြဲေတာ္ကို ဆင္ဘိုတိုက္နယ္ရွိ ေက်း႐ြာတိုင္တြင္အေလ့က်စနစ္ျဖင့္ က်င္းပခဲ့ၿပီး လြန္ခဲ့သည့္ (၈)ႏွစ္ခန့္က စတင္က်င္းပနိုင္ခဲ့ေၾကာင္း သိရသည္။

လြမ္းေအာင္

[Unicode]
ဆင်ဘိုဒေသရှိ ရှမ်းနီလူမျိုးများ၏ ငါးကြိမ်မြောက် ကောက်ဦးဆွမ်းလှူပွဲနှင့် နှစ်သစ်ကူးပွဲတော် ကျင်းပ

မြစ်ကြီးနား၊ ဒီဇင်ဘာ ၆

ကချင်ပြည်နယ်၊ ဆင်ဘိုဒေသရှိရှမ်းနီလူမျိုးများ၏ ငါးကြိမ်မြောက် ကောက်ဦးဆွမ်းကပ် လှူပွဲနှင့် နှစ်သစ်ကူးပွဲတော်ကို ယမန်နေ့က ဆင်ဘိုမြို့နယ်ရှိ နယ်ခြားကျေးရွာတွင် ပြုလုပ်ကျင်းပခဲ့ သည်။

အဆိုပါ ပွဲတော်ကို ရှမ်းနီစာပေယဉ်ကျေးမှုအဖွဲ့နှင့် ကျေးရွာရပ်မိရပ်ဖများဦးဆောင်ကျင်းပခြင်းဖြစ် ပြီးကျေးဆင်ဘိုတိုက်နယ်အတွင်းမှ ကျေးရွာပေါင်း (၂၂)ရွာပူးပေါင်းပါဝင်ထားကြောင်း ပွဲကျင်းပရေးကော်မတီမှ သိရသည်။

ယင်းပွဲတော်တွင် ကော်ဦးဆွမ်းကပ်ခြင်းနှင့် ရှမ်းနီစာပေ၊ ဝတ်စားဆင်ယင် စသည့် ရှမ်းနီရိုးရာ ဓလေ့ထုံးများကိုပြန်လည်ဖော်ထုတ် လက်ဆင့်ကမ်းနိုင်ရန် ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပွဲတော်ကျင်းပရေး ကော်မတီဥက္ကဋ္ဌဦးတင်အောင်က ဆိုသည်။

“ဒီပွဲမှာက ရှမ်းနီရိုးရာရဲ့အကျိုးအကြောင်း တွေကို သက်ဆိုင်ရာလူကြီးတွေက ဟောတယ်ပြောတယ်။ ရှင်းပြတယ်။ ရှမ်းနီစာပေယဉ်ကျေးမှုတွေက ပပျောက်ခဲ့တာကြာနေပြီး အခုမှပြန်လည်ထူထောင်တယ် ဆိုတာတွေကို သိအောင်ရှင်းပြတယ်။နောက်ပြီး လူငယ်မောင်မယ်လေးတွေလည်း ရှမ်းရိုးရာအကလေးတွေနဲ့ မိမိရာကို ဖော်ထုတ်တာပေါ့”ဟု ဦးတင်အောင် ကပြောသည်။

ရှမ်းတိုင်းရင်းသားများ၏ နှစ်သစ်ကူးပွဲတော်ကို ဒီဇင်ဘာလ (၄)ရက်နေ့တွင် ပြုလုပ်ကျင်းပလေ့ရှိပြီး ယင်းနှစ်သစ်ကူးသည့်နေ့တွင် ကောက်ဦးဆွမ်းကပ်ပူဇော်လှူဒါန်းကျင်းပလေ့ရှိကြောင်း ဦးတင်အောင် ကယခုကဲ့သို့ ရှင်းပြောဆိုသည်။

“ကောက်ဦးဆွမ်းကပ်တဲ့ အဓိပ္ပာယ်ကတော့ ဒီစပါးပေါ်တဲ့အချိန်မှာ ဦးဦးဖျားဖျား ဘုရားတရား ဃယာ ရတနာသုံးပါးကို ဦးထိပ်ထားပြီးတော့မှ ဆက်ကပ်လှူဒါန်းကြတာပါ။ ဘုရားကိုလည်း လှူတယ်၊ ဃံယာတွေကိုလည်းဆွမ်းကပ်တယ်”ဟု ဦးတင်အောင်ကပြောသည်။

ဆင်ဘိုဒေတွင် ရှမ်းနီလူမျိုးများ အများဆုံးနေထိုင်ပြီး ယင်းပွဲတော်ကို ဆင်ဘိုတိုက်နယ်ရှိ ကျေးရွာတိုင်တွင်အလေ့ကျစနစ်ဖြင့် ကျင်းပခဲ့ပြီး လွန်ခဲ့သည့် (၈)နှစ်ခန့်က စတင်ကျင်းပနိုင်ခဲ့ကြောင်း သိရသည်။

လွမ်းအောင်

#PeopleMedia #EPN


Share this post