• Follow Us on

Home ဆူဒန္တြင္ ေရတပ္စခန္းတည္ေဆာက္ရန္ ပူတင္ခြင့္ျပဳ

ဆူဒန္တြင္ ေရတပ္စခန္းတည္ေဆာက္ရန္ ပူတင္ခြင့္ျပဳ

Share this post

ေမာ္စကို၊ ႏို၀င္ဘာ ၁၇
 
ဆိုဗီယက္ျပည္ေထာင္စုၿပိဳကြဲၿပီးေနာက္ပိုင္း အာဖရိကတြင္ ပထမဆံုး႐ု႐ွားစစ္ေျခကုတ္တခုအျဖစ္ ဆူဒန္ႏိုင္ငံတြင္ ေရတပ္စခန္းတခုတည္ေဆာက္ရန္ ႐ု႐ွားသမၼတ ဗလာဒီမ်ာ ပူတင္က တနလၤာေန႔တြင္ခြင့္ျပဳခဲ့သည္။
 
ဆူဒန္ဆိပ္ကမ္းအနီးတည္ေဆာက္မည့္စခန္းသည္ ႐ု႐ွားတပ္မေတာ္သားႏွင့္အရပ္သား ၃၀၀ ခန္႔ကိုေနရာေပးထားႏိုင္မည္ျဖစ္ၿပီး အိႏၵိယသမုဒၵရာအတြင္း ႐ု႐ွားႏိုင္ငံကိုလည္ပတ္ခြင့္ေပးမည္ျဖစ္သျဖင့္ အာဖရိကတြင္လႊမ္းမိုးမႈခ်ဲ႕ထြင္ႏိုင္မည္ျဖစ္သည္။
 
တနလၤာေန႔ကထုတ္ျပန္သည့္အမိန္႔တြင္ ဆူဒန္၌ ေရတပ္ေထာက္ပို႔စခန္းထား႐ွိေရး ႐ု႐ွားအစိုးရအဆိုျပဳခ်က္ကိုခြင့္ျပဳၿပီး ကာကြယ္ေရး၀န္ႀကီးဌာနအေနျဖင့္ ထိုစခန္းကိုတည္ေဆာက္ႏိုင္ရန္ သေဘာတူညီမႈလက္မွတ္ေရးရန္ အမိန္႔ထုတ္ခဲ့သည္ဟု ပူတင္ကေျပာသည္။
 
ယခုလအေစာပိုင္းတြင္ထုတ္ျပန္ခဲ့သည့္ဆံုးျဖတ္ခ်က္မူၾကမ္းအရ ထိုစခန္းတြင္ သေဘၤာ ၄ စင္းတၿပိဳင္နက္ကမ္းကပ္ထားႏိုင္မည္ျဖစ္သည္။
 
ျပဳျပင္ေရးႏွင့္ျပန္လည္ေထာက္ပံ့ေရးစစ္ဆင္ေရးမ်ားအတြက္ အသံုးျပဳႏိုင္ရန္ႏွင့္ ႐ု႐ွားေရတပ္ဖြဲ႔၀င္မ်ားအနားယူမည့္ေနရာတခုအျဖစ္လည္း အသံုးျပဳရန္စီစဥ္ထားသည္။
 
စစ္စခန္းအတြက္ေျမကို ဆူဒန္က အခမဲ့ေပးမည္ျဖစ္ၿပီး စခန္းသစ္အတြက္လိုအပ္သည့္လက္နက္မ်ား၊ ခဲယမ္းမ်ားႏွင့္ ကိရိယာမ်ားကို ဆူဒန္ေလဆိပ္ႏွင့္ဆိပ္ကမ္းတို႔မွတဆင့္ေပးပို႔မည္ျဖစ္သည္။
ဆီးရီးယားႏိုင္ငံတြင္လည္း အလားတူစခန္းတခု႐ွိသည္။
 
Ref : Putin, extending Russian footprint, approves new naval facility in Sudan
 
#PeopleMedia
 
(unicode)
ဆူဒန်တွင် ရေတပ်စခန်းတည်ဆောက်ရန် ပူတင်ခွင့်ပြု
…………………………………….
 
မော်စကို၊ နိုဝင်ဘာ ၁၇
 
ဆိုဗီယက်ပြည်ထောင်စုပြိုကွဲပြီးနောက်ပိုင်း အာဖရိကတွင် ပထမဆုံးရုရှားစစ်ခြေကုတ်တခုအဖြစ် ဆူဒန်နိုင်ငံတွင် ရေတပ်စခန်းတခုတည်ဆောက်ရန် ရုရှားသမ္မတ ဗလာဒီမျာ ပူတင်က တနင်္လာနေ့တွင်ခွင့်ပြုခဲ့သည်။
 
ဆူဒန်ဆိပ်ကမ်းအနီးတည်ဆောက်မည့်စခန်းသည် ရုရှားတပ်မတော်သားနှင့်အရပ်သား ၃၀၀ ခန့်ကိုနေရာပေးထားနိုင်မည်ဖြစ်ပြီး အိန္ဒိယသမုဒ္ဒရာအတွင်း ရုရှားနိုင်ငံကိုလည်ပတ်ခွင့်ပေးမည်ဖြစ်သဖြင့် အာဖရိကတွင်လွှမ်းမိုးမှုချဲ့ထွင်နိုင်မည်ဖြစ်သည်။
 
တနင်္လာနေ့ကထုတ်ပြန်သည့်အမိန့်တွင် ဆူဒန်၌ ရေတပ်ထောက်ပို့စခန်းထားရှိရေး ရုရှားအစိုးရအဆိုပြုချက်ကိုခွင့်ပြုပြီး ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် ထိုစခန်းကိုတည်ဆောက်နိုင်ရန် သဘောတူညီမှုလက်မှတ်ရေးရန် အမိန့်ထုတ်ခဲ့သည်ဟု ပူတင်ကပြောသည်။
 
ယခုလအစောပိုင်းတွင်ထုတ်ပြန်ခဲ့သည့်ဆုံးဖြတ်ချက်မူကြမ်းအရ ထိုစခန်းတွင် သင်္ဘော ၄ စင်းတပြိုင်နက်ကမ်းကပ်ထားနိုင်မည်ဖြစ်သည်။
 
ပြုပြင်ရေးနှင့်ပြန်လည်ထောက်ပံ့ရေးစစ်ဆင်ရေးများအတွက် အသုံးပြုနိုင်ရန်နှင့် ရုရှားရေတပ်ဖွဲ့ဝင်များအနားယူမည့်နေရာတခုအဖြစ်လည်း အသုံးပြုရန်စီစဉ်ထားသည်။
 
စစ်စခန်းအတွက်မြေကို ဆူဒန်က အခမဲ့ပေးမည်ဖြစ်ပြီး စခန်းသစ်အတွက်လိုအပ်သည့်လက်နက်များ၊ ခဲယမ်းများနှင့် ကိရိယာများကို ဆူဒန်လေဆိပ်နှင့်ဆိပ်ကမ်းတို့မှတဆင့်ပေးပို့မည်ဖြစ်သည်။
ဆီးရီးယားနိုင်ငံတွင်လည်း အလားတူစခန်းတခုရှိသည်။
 
Ref : Putin, extending Russian footprint, approves new naval facility in Sudan
 
#PeopleMedia

Share this post