• Follow Us on

Home ဆန္ဒပြသူများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက အကြမ်းဖက်ဖြိုခွင်းမှုကြောင့် အသက်သေဆုံးသူဦးရေ ၃၀ ဦးအထိ ရှိလာ

ဆန္ဒပြသူများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက အကြမ်းဖက်ဖြိုခွင်းမှုကြောင့် အသက်သေဆုံးသူဦးရေ ၃၀ ဦးအထိ ရှိလာ

Share this post

ရန်ကုန်၊ မတ် ၃ (People Media)

 

တပ်မတော်မှ အရေးပေါ်အခြေအနေကြေငြာကာ နိုင်ငံတော်အာဏာအား ရယူပြီးနောက် ဖြစ်ပေါ်လာသော ဆန္ဒပြမှုများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက အကြမ်းဖက်ဖြိုခွင်းမှုများကြောင်း အသက်သေဆုံးသူဦးရေ ၃၀ ဦး အထိ ရှိလာကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ ထုတ်ပြန်ချက်အရ သိရသည်။

 

အဆိုပါကဲ့သို့ အသက်သေဆုံးခဲ့သူများသည် ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ ထားဝယ်၊ နေပြည်တော်၊ ပဲခူး၊ ပခုက္ကူ၊ တောင်တွင်ကြီးစသည့် မြို့များမှဖြစ်ပြီး ထားဝယ်မြို့တွင် အသက်သေဆုံးသူများခဲ့ကြောင်း ထုတ်ပြန်ခဲ့ သော စာရင်းများအရသိရသည်။

 

၎င်းအပြင် နိုင်ငံတော်အာဏာအား ရယူပြီးနောက် ဆန္ဒပြမှုများတွင် ဖမ်းဆီးခံရသူဦးရေ ၁၂၀၀ ကျော်အထိရှိခဲ့ ပြီး ယင်းအနက် လူဦးရေ ၃၀၀ ကျော်ကိုသာ ပြန်လည်လွှတ်ပေးမှုရှိကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း (AAPP) မှ ထုတ်ပြန်သည်။

 

မြန်မာတစ်နိုင်ငံလုံးတွင် လက်ရှိအချိန်အထိ (၉၈၈) ဦးမှာ ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခြင်းခံထားရပြီး လူဦးရေ ၆၃ ဦးသည် ဖမ်းဝရမ်းထုတ်ခံထားရသည်။

 

တပ်မတော်မှ နိုင်ငံတော်အာဏာအား ရယူခြင်းနှင့်  ပတ်သက်၍ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက် ရေးအသင်း (AAPP) သည်  ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ(CRPH) က ဖွဲ့စည်းလိုက်သည့် အစိုးရအဖွဲ့ကို အပြည့်အဝ ထောက်ခံအပ်ကြောင်း ထုတ်ပြန်ချက်တွင်ရေးသားထားသည်။

 

#PeopleMedia #AAPP

(unicode)

…………………………………………………………







#PeopleMedia #AAPP


Share this post